menu

Wednesday 23 January 2013

နေပြည်တော်သို့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များအား ခရီးသွားကုမ္ပဏီများ၏ အစီအစဉ်ဖြင့် ခရီးစဉ်စတင်ပို့ဆောင်နေ

Photo: နေပြည်တော်သို့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များအား ခရီးသွားကုမ္ပဏီများ၏ အစီအစဉ်ဖြင့် ခရီးစဉ်စတင်ပို့ဆောင်နေ 

ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များကို နေပြည်တော်ကဲ့သို့ အလည်အပတ်နေရာများအား ကန့်သတ်မှုများ ရှိခဲ့သော်လည်း လွန်ခဲ့သော လအနည်းငယ်မှ စတင်ကာကန့်သတ်နေရာများသို့ ခရီးသွားကုမ္ပဏီများက တစ်ဆင့် ခွင့်ပြုဒေသများထက် ကျော်လွန်ကာ သွားရောက်လိုသော ပြည်ပဧည့်သည်များအတွက် လျှောက်ထားပေးနိုင်ပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။                

"လွန်ခဲ့တဲ့ နှစ်လ၊ သုံးလ လောက်ကမှ နေပြည်တော်ကို လည်ပတ်ခွင့်ဖွင့်ပေးလိုက်ပါပြီ။ အရင်က ပျဉ်းမနား၊ လယ်ဝေးနဲ့ တပ်ကုန်း စတဲ့နေရာတွေကို ကန့်သတ်ထားပေမယ့်၊ အခုတိုးရစ်တွေသွားလာနိုင်တဲ့ နေရာတွေကို Package tour အနေနဲ့ ဖွင့်ပေးနေပါပြီ" ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။          

နေပြည်တော်သို့ လည်ပတ်ခွင့်အား ၂၀၁၂ ခုနှစ် အကုန်ပိုင်းမှ စတင်ကာ ခရီးသွားကုမ္ပဏီများ၏ ကြိုတင်စီစဉ်မှုနှင့် လျှောက်ထားသော ပြည်ပခရီးသွားများအတွက် ခရီးစဉ်များကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။                

"နေပြည်တော်ကို ပြည်ပခရီးသွားတွေက စီးပွားရေးအတွက် လေ့လာဖို့ပဲ သွားကြတာများတယ်။ သူတို့အတွက် နေပြည်တော်မှာ ဘာတွေရင်းနှီးမြုပ်နှံဖို့ရှိမလဲ၊ ရန်ကုန်နဲ့နေပြည်တော်ဆိုရင် ဘယ်ကပိုပြီး စီးပွားရေးအတွက် အချက်အချာကျမလဲဆိုပြီး လေ့လာတာတွေလောက်ပဲ လာကြတာများပါတယ်။ just knowledge အနေနဲ့ပေါ့။ visit အတွက်က စီစဉ်ပေးရတာ သိပ်မရှိပါဘူး။ business trip အတွက်ပဲ အဖွဲ့လိုက်လာကြတာ များပါတယ်" ဟု ရတနာန၀ရတ် ခရီးသွားကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။                

ထို့ပြင် ယခင်က ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းတို့အပြင် မိုးကုတ်၊ ဖားကန့်စသည့် နေရာဒေသများသို့ ကမ္ဘာလှည့်ခရီးသွားများကို သွားလာခွင့် ကန့်သတ်ထားကြောင်းနှင့် နောက်လအတွင်း တစ်နိုင်ငံလုံးအတွက် ကမ္ဘာလှည့်ခရီးသည်များအား ကန့်သတ်နေရာဒေသများကို အသစ်ပြန်လည်ပြင်ဆင်ခွင့် ပြုသွားရန်ရှိကြောင်းလည်း သိရှိရသည်။

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

  Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis