menu

Wednesday 23 January 2013

အလှူရှင် ဦးလှကျော်ဆိုသူမှ လက်ရှိနေထိုင်လျက်ရှိသော ကျပ်သိန်း ၃၅၀ တန် တိုက်ခန်းအား နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ လှူဒါန်း

အသက် ၈၀ နှစ်ခန့်ရှိ အလှူရှင် ဦးလှကျော်သည် မိမိလက်ရှိနေထိုင်လျက်ရှိသော ကျပ်သိန်း ၃၅၀ တန် တိုက်ခန်းအား ဇန်န၀ါရီလ ၁၇ ရက်နေ့က နာရေးကူညီမှုအသင်း ရန်ကုန်သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

ဦးလှကျော်သည် ကွယ်လွန်သူမိခင် ဒေါ်မိမိကြီးအား ရည်စူး၍ မြောက်ဒဂုံမြို့နယ် ဆောင်းဟေမာန်အိမ်ရာရှိ တိုက် ၁၊ အခန်း ၂ အား မိမိသက်ရှိထင်ရှားရှိနေစဉ်တွင် လှူဒါန်းခဲ့ဖြစ်ပြီး နာရေးကူညီမှုအသင်း ဥက္ကဌ ဦကျော်သူကိုယ်တိုင် လက်ခံရယူခဲ့ကြောင်း သိရသည်။ အဆိုပါ ဦးကျော်လှသည် သားသမီးမရှိဘဲ တစ်ဦးတည်း နေထိုင်သူဖြစ်ပြီး ၄င်းတိုက်ခန်းအား မိမိမရှိတော့သည့်နောက်ပိုင်း၌ နာရေးကူညီမှုအသင်း ရန်ကုန်မှ အများပြည်သူတို့အတွက် အကျိုးရှိစွာဖြင့် အသုံးချနိုင်ရန် အပြီးပိုင်ယတိပြတ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


"နဂိုတည်းက ဗုဒ္ဓဘာသာပီပီ ဒါနကိုပြုချင်တယ်။ ပြုချင်ပေမယ့် ဘယ်ဟာအကောင်းဆုံး ဖြစ်မလဲလို့ ကျွန်တော်စဉ်းစားကြည့်တော့ ဘာသာရေးအရ သံဃာတော်တွေကို လှူချင်ပေမယ့် လှူနေတဲ့သူတွေ အများကြီးရှိတယ်။ လူသားတွေအတွက်တော့ အလှူမခံရတဲ့ ပြဿနာရှိတယ်။ ဒါကြောင့် ပြည်သူတွေအကျိုးရှိအောင်ဆိုပြီးတော့ လှူလိုက်တာပါ။ ဒီလိုနာရေးကို လှူတဲ့သူ နည်းနေတယ်။ ကျွန်တော့်ရည်ရွယ်ချက်က နာရေးကူညီမှုအသင်း (ရန်ကုန်) ကို အားလုံးပုံအပ် လှူဒါန်းခြင်းဖြစ်တယ်" ဟု အလှူရှင် ဦးလှကျော်က ပြောပါသည်။

  Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis