menu

Wednesday 23 January 2013

ပြင်သစ်နှင့် မာလီ တပ်ဖွဲ့ဝင်များ အချက်အချာ ကျသော မြို့နှစ်မြို့ ပြန်လည် သိမ်းပိုက် နိုင်ခဲ့

Photo: ပြင်သစ်နှင့် မာလီ တပ်ဖွဲ့ဝင်များ အချက်အချာ ကျသော မြို့နှစ်မြို့
ပြန်လည် သိမ်းပိုက် နိုင်ခဲ့

ပြင်သစ်နှင့် မာလီ တပ်ဖွဲ့ဝင် များသည် စစ်သွေးကြွများ သိမ်းပိုက်ထားသော မာလီနိုင်ငံ မြောက်ပိုင်းမှ အချက်အချာ ကျသော ဒိုင်ယာဘယ်လီနှင့် ဒူအန်ဇာ မြို့တို့ကို ဇန်နဝါရီ ၂၁ ရက်က ပြန်လည်သိမ်းပိုက် ရယူခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှု များကြောင့် ပြည်သူ ထောင်ပေါင်း များစွာသည် သဲကန္တာရသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ကြကြောင်း သိရသည်။

မာလီနိုင်ငံ ပိုင်နက် တစ်ဝက်ကျော်ကို ပေါင်းစည်းရေးနှင့် သိမ်းပိုက်ခံ ထားရသော မြောက်ပိုင်း နယ်မြေများ ပြန်လည် ရယူရန် ရည်ရွယ်သည့် ပြင်သစ်နိုင်ငံ ဦးဆောင်သော ၁၁ ရက်ကြာ ထိုးစစ်ဆင် မှုသည် အရေးပါ သော ခြေလှမ်း တစ်ရပ်ကို တက်လှမ်း နိုင်ခဲ့သည်။

မာလီ တပ်များသည် ပြင်သစ် တပ်ဖွဲ့ဝင် များ၏ ထောက်ပံ့မှုကြောင့် စစ်သွေးကြွများ လက်မှ အချက်အချာ ကျသော မြို့နှစ်မြို့ကို ပြန်လည် သိမ်းပိုက် ရယူ နိုင်ခဲ့ကြောင်း ပြင်သစ် ကာကွယ်ရေး ဝန်ကြီး ဌာနက ပြောကြား ခဲ့သည်။

မာလီနှင့် ပြင်သစ် တပ်ဖွဲ့ဝင် ၂ဝဝ ခန့်သည် သံချပ်ကာယာဉ် အစီး ၃ဝ ခန့်ဖြင့် ဒိုင်ယာဘယ်လီ မြို့သို့ ဇန်နဝါရီ ၂၁ ရက်က ဝင်ရောက်စဉ် ဒေသခံ များက ကြိုဆို ခဲ့ကြကြောင်း သိရသည်။

ဒိုင်ယာဘယ်လီ မြို့သည် နိုင်ငံမြောက်ပိုင်း မြို့တော် ဘာမာကိုမှ ကီလိုမီတာ ၄ဝဝ (မိုင် ၂၅ဝ) ခန့်အကွာ တွင် တည်ရှိပြီး ပြီးခဲ့သည့် ရက်သတ္တပတ်က စစ်သွေးကြွများ သိမ်းပိုက်ပြီးသည့် အချိန်မှစ၍ လေကြောင်းမှ တိုက်ခိုက်မှုများ အပြင် မြေပြင် တိုက်ခိုက်မှု များကိုလည်း ခံစား ခဲ့ရကြောင်း သိရသည်။

စက်တင်ဘာလမှ စတင်၍ စစ်သွေးကြွ များ၏ ထိန်းချုပ်မှု ခံခဲ့ရသည့် ဒူအန်ဇာ မြို့ကို ပြင်သစ်နှင့် မာလီ တပ်ဖွဲ့ဝင် များက ပြန်လည် ရယူခဲ့ပြီ ဖြစ်ကြောင်း ပြင်သစ် ကာကွယ်ရေး ဝန်ကြီး ဂျင်ယူဖက်ခ် လီဒါရိန်က ပြောကြား ခဲ့သည်။

ဒူအန်ဇာ မြို့သည် ယခုလ အစောပိုင်းက စစ်သွေးကြွများ သိမ်းပိုက်ခဲ့သည့် ကိုနာဒေသ အရှေ့ဘက် ကီလို မီတာ ၁ဝဝ (မိုင် ၆ဝ) အကွာတွင် တည်ရှိသော မဟာဗျူဟာ ကျသည့် မြို့တစ်မြို့ ဖြစ်သည်။

အေးချမ်းမွန်မှ  မြ၀တီ  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

  မြ၀တီ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis