menu

Thursday 7 November 2013

အိန္ဒိယအရှေ့မြောက်ပိုင်း သူပုန်များအား “၀” တပ်မတော် UWSA မှ တရားမ၀င်လက်နက်များ ရောင်းချနေမှုအပေါ် အိန္ဒိယရတက်မအေးဖြစ်

နိုဝင်ဘာ၇။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အိန္ဒိယအစိုးရအား လက်နက်စွဲကိုင်ပုန်ကန်လျက်ရှိသော လက်နက်ကိုင် အုပ်စုများအား မြန်မာနိုင်ငံ ဘက်မှ နယ်စပ်ဖြတ်ကျော်၍ တရားမ၀င်လက်နက်များ စီးဝင်နေမှုများ စပ်လျဉ်းပြီး
အိန္ဒိယအစိုးရဘက်မှ ရတက်မအေးဖြစ်ရလျက်ရှိသည်။

အိန္ဒိယမှ သံသယရှိသည့်အဖွဲ့များမှာ ကရင်အမျိုးသား
အစည်းအရုံး KNUနှင့် ကချင်လွတ်မြောက်ရေး တပ်မတော်
KIA တို့ ဖြစ်ကြသည်။

အဆိုပါတရားမ၀င် လက်နက်ရောင်းဝယ်မှုသည် တရုတ်
နိုင်ငံ ယူနမ်ပြည်မှ စတင်ကာ KNU နှင့်KIA အဖွဲ့များထံမှ
တဆင့် အိန္ဒိယနိုင်ငံ အရှေ့ မြောက်ပိုင်းသို့ စီးဆင်းရောက်
ရှိခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံအတွင်း အင်အား
အကောင်းဆုံး တရားမ၀င်လက်နက် ရောင်းဝယ်သည့်အဖွဲ့မှာ စည်းလုံးညီညွတ်သော “၀” ပြည် နယ်တပ်မတော် UWSA
ဖြစ်သည်။ UWSAသည် စည်းလုံးညီညွတ်သော “၀” ပြည်
နယ်ပါတီ UWSP မှ ၁၉၈၉ မှစတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

UWSA သည် ၂၀၀၉ ဇန်န၀ါရီ ၁ ရက်တွင်“၀” ပြည်နယ် အထူးအုပ်ချုပ်ရေး ဒေသ အစိုးရဖွဲ့စည်းကြောင်း ကြေညာ
ခဲ့သော်လည်း အစိုးရမှ အသိမှတ်မပြုခဲ့ပေ။

“၀” ပြည်နယ် အစိုးရသည် ယင်း၏ရုံးလုပ်ငန်းများအား
တရုတ်ဘာသာဖြင့် လုပ်ကိုင်ဆောင်ရွက်ပြီး “၀” ပြည်နယ်
အတွင်း အသုံးပြုသော ကုန်စည်အများစုမှာ တရုတ်နိုင်ငံ
ထွက် ကုန်ပစ္စည်းများဖြစ်ကာ အသုံးပြုသောငွေမှာ တရုတ် ယွမ်ငွေဖြစ်သည်။

တရုတ်မြန်မာနယ်စပ်အတွင်း “၀”တို့၏တည်ရှိမှုမှာ
တရုတ်နိုင်ငံအတွက် များစွာအရေးပါပြီး “၀” ပြည်နယ်
၅ ခုမှာ ထိုင်း၊ မြန်မာနယ်စပ် တလျောက် ရှိပြီး တရုတ်၊
မြန်မာနယ်စပ်တွင်မူ “၀”ပြည်နယ်သုံးခု ဖြန့်ကျက်တည်
ရှိသည်။

“၀” တပ်ဖွဲ့၏ အင်အားမှာ အမြဲတမ်း လက်နက်ကိုင်
တပ်ဖွဲ့ဝင် ၃၀၀၀၀ ရှိ၍ အရံတပ် ဖွဲ့ ၁၀၀၀၀ ရှိသည်။

“၀”တို့သည် ဘဏ္ဍာရေးနှင့်အခြားအထောက်အပံ့များ
အတွက် တရုတ်နိုင်ငံအပေါ် အဓိကမှီခိုရလျက်ရှိရာ မြန်မာ
နိုင်ငံအရှေ့မြောက်ပိုင်းတွင် တရုတ်၏သြဇာလွှမ်းမိုးမှု
မြင့်တက်လာခဲ့ကြောင်း အိန္ဒိယကသုံးသပ် သည်။

“၀”တပ်ဖွဲ့သည် တောင်အာရှနှင့် အရှေ့တောင်အာရှ
တစ်လွှား တရားမ၀င်လက်နက်ငယ်များရောင်းချရာတွင် အဓိကအကြီးမားဆုံး ရင်းမြစ်တစ်ခုဖြစ်ကြောင်း အိန္ဒိယက
သုံးသပ်သည်။

“၀”တို့သည် အိနိ`၏ယမြောက်ပိုင်းရှိ လက်နက်ကိုင်
သူပုန်များအား တရုတ်နိုင်ငံယူနန်လက်နက် စက်ရုံတွက် စက်သေနတ်များ၊ ပစ္စတိုများ၊ ရိုင်ဖယ်များနှင့် ခြောက်လုံး
ပြူးများ အများအပြားရောင်းချကာ အမြတ်အစွန်းများစွာ
ရရှိခဲ့ကြသည်။

“၀”တပ်ဖွဲ့ဝင်တို့သည် ယခင်က ဗမာပြည်ကွန်မြူနစ်ပါတီ
ဝင်များ ဖြစ်ခဲ့ကြသည်။ တရုတ်နိုင်ငံ၊ ယူနန်ပြည် နယ်တွင် တိုင်းရင်းသားလူမျိုးစု ၅၆စု ရှိသည့်အနက် “၀”လူမျိုးတို့မှာ “ကင်မ်”မျိုးနွယ်စုများအဖြစ် တရုတ်အစိုးရက တရားဝင် သတ်မှတ်ထားသည်။ မြန်မာနိုင်ငံတွင်မူ လူမျိုးစု ၁၃၅မျိုး
ရှိသည့်အနက် “၀”လူမျိုးလည်းအပါအ၀င် ဖြစ်သည်။

ယခုလအစောပိုင်းက ပြုလုပ်ခဲ့သော တစ်နိုင်ငံလုံးအတိုင်း
အတာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲသို့ “၀”တပ်ဖွဲ့ဝင်များ မတက်ရောက်ခဲ့ပေ။ ယင်း ဆွေးနွေးပွဲအား ကချင်ပြည်နယ်၊ လိုင်ဇာတွင်ပြုလုပ်ခဲ့ပြီး တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ ၁၈ဖွဲ့တက်ရောက်ခဲ့သည်။

အိန္ဒိယမှ အဓိက သုံးသပ်သည့် လုံခြုံရေးဆိုင်ရာအချက်
သုံးရပ်မှာ (၁) အိန္ဒိယအရှေ့မြောက်ပိုင်းသို့ “၀”တပ်ဖွဲ့
များမှ လက်နက်ငယ်များ တရားမ၀င်ရောင်းချမှု မြင့်တက်
လာမှုသည် အိန္ဒိယနယ်စပ်တွင် လက်နက်ကိုင်သောင်းကျန်း
မှုများ ဆက်လက်ဖြစ်ပွားစေနိုင်သည်။

(၂) မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် မြန်မာ
နိုင်ငံအတွင်းသို့ အမေရိကန်၏ အရေးပါသည့် Player အဖြစ် ပြန်လည်ဝင်ရောက်လာ ခြင်းသည် တရုတ်အနေဖြင့်
နိုင်ငံရေးချိန်ခွင်လျာမျှချေရရန် “၀”တပ်ဖွဲ့ဝင်များအား ၎င်း၏ ထောက်ပံ့မှုများ မြှင့်တင်လာနိုင်ဖွယ်ရာ ရှိသည်။

(၃) အိန္ဒိယအရှေ့မြောက်ပိုင်းနယ်စပ်တွင် စောင့်ကြည့်ရေး
ယန္တရားကင်းမဲ့မှုကြောင့် ပဋိပက္ခနှင့် ဥပဒေစိုးမိုးမှုကင်းမဲ့ခြင်း သံသရာကို ဖြစ်စေသည်။

ထို့ကြောင့် အိန္ဒိယအရှေ့မြောက်ပိုင်း လက်နက်ကိုင်သူပုန်
များအား “၀”တပ်ဖွဲ့တို့မှ လက်နက်များ ရောင်းချနေမှုအပေါ် အဓိကဦးစားပေးအကြောင်းအရပ်အဖြစ် ကိုင်တွယ်ရမည်ဟု
သုံးသပ်သည်။

လူပန်းအိမ်
People Power

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis