menu

Thursday 7 November 2013

အမည်မဖော်လိုသူ ပြည်တွင်း အလှူရှင်တစ်ဦးက နိုင်ကျဉ်းဟောင်းများ၏ သားသမီးများ ပညာရေးအတွက် ကျပ်သိန်း ၆ဝဝ ကျော် လှူဒါန်း

အမည်မဖော်လိုသော ပြည်တွင်း အလှူရှင်တစ်ဦးက ကျပ်သိန်း ၆ဝဝ ကျော် အားနိုင်ငံရေးအကျဉ်းသားဟောင်း များ၏သားသမီးကျောင်းသား၊ ကျောင်း သူများအတွက် လှူဒါန်းခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမြင့် အောင်က ပြောသည်။

”အလှူရှင်က သူ့နာမည်ကို မပြော ခိုင်းလို့ ထုတ်ဖော်မပြောတာပါ” ဟု ၄င်းက ဆိုသည်။

အဆိုပါလှူဒါန်းငွေမှာ စုစုပေါင်း ၆၄၉ သိန်းကျော်ဖြစ်ပြီး ကျောင်းသား ၊ ကျောင်းသူစုစုပေါင်း ၅၈ဝ အားလှူဒါန်း မည်ဖြစ်သည်။

”နိုင်ငံရေး အကျဉ်းသားဟောင်း တွေဟာ လူမှုရေး၊ စီးပွားရေးပျက်စီး သွားတဲ့အတွက် သူတို့သားသမီးတွေကို တစ်စုံတစ်ရာအခက်အခဲ မရှိအောင် ရည်ရွယ်ပြီး လှူဒါန်း ရခြင်းဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

ယခုနှစ်တွင် ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်နှစ်ကြိမ်ခွဲ၍ အလှူငွေ ကို အလှူရှင်ကလှူဒါန်းခဲ့ကြောင်း ၄င်း က ဆိုသည်။


ထို့အပြင် လာမည့်နှစ်တွင်လည်း အဆိုပါ အလှူရှင်မှ ထပ်မံလှူဒါန်းရန် ရှိသည်ဟု သိရသည်။

လှူဒါန်းငွေအား နိုင်ငံရေးအကျဉ်း သားဟောင်းများ အဖွဲ့ရုံးချုပ်၊ ၁၅၄ လမ်းရှိ တိုက် (၁)၊ အခန်း (၂ဝ၁) တွင် ရုံးချိန်အတွင်း နိုဝင်ဘာ ၃ ရက်နေ့မှ စ၍ အလှူငွေလာရောက် ထုတ်ယူနိုင် ကြောင်း သိရသည်။

လှူဒါန်းငွေကို မူလတန်း၊ အ လယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် စသည်ဖြင့် အတန်းမြင့်ကျောင်းသား၊ ကျောင်းသူများကို ပိုမိုထောက်ပံ့ လှူ ဒါန်းသွားမည်ဟု သိရ သည်။

အလှူရှင်မှ လှူဒါန်းသော လှူ ဒါန်းငွေကိုဟံသာဝတီဦးဝင်းတင်ဖောင် ဒေးရှင်း၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေးအကျဉ်းသား ဟောင်းများ အဖွဲ့တို့မှ ပူးပေါင်းစီစဉ် ခြင်း ဖြစ်သည်။

စိုင်းလမင်း၊ ဇော်မျိုးသူ

Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis