menu

Thursday 7 November 2013

မီတာခ တိုးမြှင့်ကောက်ခံမှု ဖယောင်းတိုင်မီးထွန်း ဆန္ဒပြ


ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်မီတာခတွေ နှစ်ဆနီးပါး တိုးမြှင့်ကောက်ခံလိုက်တာနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုအဖွဲ့ MDCF က ဦးဆောင်ကာ ဒီနေ့ညပိုင်းမှာ ရန်ကုန်မြို့အတွင်း ဖယောင်းတိုင်မီးတွေထွန်းပြီး လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမူအင်အားစုအဖွဲ့က ကိုဇေယျာလင်းက နိုင်ငံခြားတိုင်းပြည်တွေကို သဘာဝဓာတ်ငွေ့ သယံဇာတတွေရောင်းချနေပေမဲ့ ပြည်တွင်းမှာတော့ လျှပ်စစ်ကို ဈေးကြီးကြီးပေးသုံးနေရတဲ့အတွက် သာမန်ပြည်သူတွေဟာ စားဝတ်နေရေး ကြပ်တည်းနေတယ်လို့ ပြောပါတယ်။

ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမူ အင်အားစုအဖွဲ့ဝင်တွေဟာ ရန်ကုန်မြို့သိမ်ကြီးဈေးရှေ့ကနေ ဆူးလေဘုရားအထိ လမ်းလျှောက်ကြပြီး ပြည်သူလူထုဆန္ဒမခံယူဘဲ မီးတာခတွေ တိုးမြှင့်ကောက်ခံတာကို ကန့်ကွက်ကြောင်း သံပြိုင်ကြွေးကြော်ခဲ့ကြသလို ကန့်ကွက်စာတွေလည်း ပေးဝေခဲ့ပါတယ်။

RFA Burmese

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis