မေစနိုး၊ ရန်ကုန်၊ နိုဝင်ဘာ-၆
နိုဝင်ဘာ ၅ ရက်ည၌ ရုရှားနိုင်ငံ
Crocus မြို့တော်ခန်းမ၌ ကျင်းပခဲ့သော ရေကူး ၀တ်စုံနှင့် ညနေခင်းဝတ်စုံဖြင့်
ပြိုင်ပွဲကြီး၌ ပြိုင်ပွဲဝင်မယ်များထဲမှ ညနေခင်းဝတ်စုံ အလှ
ဆုံးမယ်ထိပ်ဆုံးငါးဦးစာရင်းတွင် မြန်မာနိုင်ငံကိုယ်စားပြုမယ်
မိုးစက်ဝိုင်သည် အဆင့်သုံး နေရာ၌ Pageantary and beauty Queen
ရုရှားဝက်ဘ်ဆိုက်ကြီး၏ ရွေးချယ်ခြင်းခံရပြီ ဖြစ်ကြောင်း မယ်စကြ၀ဠာ
မြန်မာအဖွဲ့အစည်းကြီး၏ ပြန်ကြားရေးဆိုင်ရာ မန်နေဂျာ ကိုချမ်းလင်းသူက
နိုဝင်ဘာ ၆ ရက်၌ စံတော်ချိန်သို့ ပြောဆိုသည်။
အဆိုပါ ပြိုင်ပွဲကြီး၌
ထိပ်ဆုံးငါးဦးတွင် ဖိလစ်ပိုင်မယ်လည်း ရွေးချယ်ခြင်းခံရပြီးပြိုင်ပွဲကြီး၏
ရေကူးဝတ်စုံဖြင့် အလှဆုံးစာရင်း သုံးဦးစာရင်း၌လည်း ဖိလစ်ပိုင်မယ်က
ထပ်မံရွေးချယ်ခံထားရကြောင်း သိရသည်။
" အခု ရွေးချယ်လိုက်တယ်ဆိုတာက
မယ်စကြ၀ဠာအဖွဲ့အစည်းကြီးက မဟုတ်ပေမယ့် သူတို့ရဲ့ ထောက်ပံ့ပေးနေတဲ့
အဖွဲ့အစည်းတွေက ပဲ ရွေးချယ်လိုက်တာပါ။ အခု ထွက်ပေါ်နေတဲ့ ဆန်ခါတင်မယ် ၁၆
ဦးကို ဆီမီးဖိုင်နယ် ရွေးချယ်လိုက်ပြီ။ မြန်မာမယ်မပါဘူးဆိုတာလည်း
အတည်မဟုတ်ပါဘူး။ တကယ့်ဆန်ခါတင် ၁၆ ဦးကို နိုဝင်ဘာ ၉ ရက်နေ့ကျမှ စင်ပေါ်မှာ
ဆွဲရွေးသွားမယ့် သဘောရှိပါတယ်။ အခုရက်ပိုင်းထွက်ပေါ်နေတာက မယ်စကြ၀ဠာအဖွဲ့
အစည်းကြီးက တရားဝင်ရွေးချယ်ထားတာမဟုတ်ပါဘူး" ဟု ရှင်းပြသည်။
ညနေခင်းဝတ်စုံဖြင့်
အလှဆုံးမယ် ရွေးချယ်ခံထားရသူများမှာ ကနေဒါမယ်၊ ဒိုမေနီ ကန်ရီပတ်ဘလစ်မယ်၊
မြန်မာမယ်၊ ပြင်သစ်မယ်နှင့် ဖိလစ်ပိုင်မယ်တို့ ဖြစ်ကြောင်း သိရသည်။
စံတော်ချိန် နေ့စဉ်သတင်းစာ
No comments:
Post a Comment