စန္ဒီမုန်တိုင်းကြောင့် နယူးယောက်တွင်ကျင်းပမည့် ပြပွဲအစီအစဉ်ကို
ဖျက်သိမ်းခဲ့သော်လည်း Nexus ထုတ်ကုန်သစ်များကို blog post မှတစ်ဆင့် Google
ကုမ္ပဏီက မိတ်ဆက်ကြေညာခဲ့သည်။
Google ကုမ္ပဏီက မိတ်ဆက်ပေးခဲ့သည့် ထုတ်ကုန်များမှာ Nexus 4 စမတ်ဖုန်းနှင့် Nexus 10 tablet တို့ ဖြစ်သည်။ Nexus 4 စမတ်ဖုန်းကို LG နှင့် တွဲဖက် ထုတ်လုပ်ထားခြင်းဖြစ်ပြီး ၎င်းတွင် quad-co

re ပရိုဆက်ဆာ၊ ၄.၂ လက်မ
display နှင့် ကြိုးမဲ့အားသွင်းစနစ်တို့ ပါဝင်သည်။ Android 4.2 (Jelly
Bean) ကို အသုံးပြုထားပြီး ၃၆၀ ဒီဂရီ panorama မြင်ကွင်းကို
ဖန်တီးပေးနိုင်မည့် Photo Sphere feature ပါဝင်လာ ကြောင်းသိရသည်။
တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၉၉ ဖြစ်ပြီး နိုဝင်ဘာလ ၁၃ ရက်တွင်
ရောင်းချမည်ဖြစ် သည်။
Nexus 10 tablet ကို Samsung နှင့် တွဲဖက်ထုတ်လုပ်ထားခြင်းဖြစ်သည်။ အသုံးပြုထားသည့် display မှာ 2560x1600 pixel နှင့်ဖော်ပြပေးနိုင်ပြီး ဗီဒီယိုကြည့်ရှုခြင်းအတွက် ကိုးနာရီခန့်အသုံးပြုနိုင်ကြောင်း Google မှ ပြောကြားသည်။ ထို့အပြင် အသုံးပြုသူများစွာထံ tablet ကို အလွယ်တကူဝေမျှအသုံးပြုနိုင်ရန်အတွက် account-switching feature ပါဝင်ကြောင်း သိရသည်။ နိုဝင်ဘာလ ၁၄ ရက်တွင် စတင်ရောင်းချမည်ဖြစ်ပြီး တန်ဖိုးမှာ 16GB အတွက် အမေရိကန်ဒေါ်လာ ၃၉၉၊ 32GB အတွက် အမေရိကန်ဒေါ်လာ ၄၉၉ ဖြစ်သည်။
ထို့အပြင် Google ကုမ္ပဏီသည် Nexus 7 Wi-Fi အမျိုးအစားသစ်များနှင့် HSPA+ cellular connection ဗားရှင်းတို့ကို မိတ်ဆက်ပေးခဲ့သည်။ Wi-Fi အမျိုးအစားသစ်များတွင် 16GB ကို အမေရိကန်ဒေါ်လာ ၁၉၉၊ 32GB ကို အမေရိကန်ဒေါ်လာ ၂၄၉ သတ်မှတ်ထားသည်။ HSPA+ cellular အမျိုးအစားအတွက် 32GB ကို အမေရိကန်ဒေါ်လာ ၂၉၉ ကျသင့်မည်ဖြစ်သည်။ ၎င်းတို့ကို နိုဝင်ဘာလ ၁၃ ရက်တွင် စတင်ရောင်းချမည်ဖြစ် ကြောင်း သိရသည်။
Ref: CNET
Internet Journal

No comments:
Post a Comment