menu

Tuesday 6 November 2012

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၉) ကြိမ်မြောက် အာရှ-ဥရောပ မျက်နှာစုံညီ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်

Photo: ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၉) ကြိမ်မြောက် အာရှ-ဥရောပ မျက်နှာစုံညီ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်

နေပြည်တော်  နိုဝင်ဘာ   ၅ 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာ (၅)ရက် ညနေ (၃) နာရီခွဲတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ National Convention Centre Champi Grand Hall ၌ ကျင်းပသည့် (၉) ကြိမ်မြောက် အာရှ-ဥရောပ မျက်နှာစုံညီ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်သည်။ 

အဆိုပါ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးသို့ အာဆီယံနိုင်ငံများ၊ အာရှနိုင်ငံ များနှင့် ဥရောပ နိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ဒုတိယ ဝန်ကြီးချုပ်များ၊  ဝန်ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်၊ ဥရောပ ကော်မရှင် ဥက္ကဌနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။ 

အစည်းအဝေးတွင် အာဆီယံ၊ အာရှနှင့် ဥရောပနိုင်ငံများမှ ခေါင်းဆောင်များသည် စားနပ်ရိက္ခာနှင့် လောင်စာ လုံခြုံရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ အကျပ်အတည်းများ၊ ရာသီဥတု ပြောင်းလဲမှု၊ သဘာဝ ဘေးအန္တရာယ် တုံ့ပြန်ရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် အနာဂတ် ဦးတည်ချက် စသည့် ကိစ္စရပ်များ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။ 

ယခုနှစ် ထိပ်သီး အစည်းအဝေး၏ ဆောင်ပုဒ်မှာ ' ငြိမ်းချမ်းရေးအတွက် မိတ်ဆွေ၊ သာယာဝပြောရေးအတွက် မိတ်ဖက် ' ဟူ၍ဖြစ်သည်။ အာရှ-ဥရောပ ထိပ်သီး အစည်းအဝေး (ASEM) ကို ၁၉၉၆ ခုနှစ် တွင် စတင်ထူထောင်ခဲ့ပြီး ယခုအခါ (၁၆) နှစ်မြောက်ခဲ့ပြီ ဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် အဖွဲ့ဝင် နိုင်ငံပေါင်း (၂၆) နိုင်ငံ ရှိရာမှ အာရှနှင့် ဥရောပဒေသများမှ မိတ်ဖက်နိုင်ငံနှင့် အဖွဲ့အစည်းပေါင်း(၄၈)ခုအထိ တိုးတက်လာ ခဲ့သည်။ အာဆမ်(ASEM) ၏လုပ်ငန်းစဉ်များသည် အာရှနှင့်ဥရောပ ဒေသများအကြား အပြန်အလှန် နားလည်မှု၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေး တို့ကို ထင်ရှားစွာ အကျိုးပြုလျက် ရှိသည်။ 

ညပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  ဒေါင်ချန်း ပဲလေ့စ် ဟိုတယ်၌ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ကျူမာလီ ဆိုင်ညဆွန်နှင့် ဇနီးတို့က တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

အေးချမ်းမွန်မှ နိင်ငံတော်သမ္မတရုံး website တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :နိင်ငံတော်သမ္မတရုံး website

နိင်ငံတော်သမ္မတရုံး website

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis