menu

Saturday 27 October 2012

ရခိုင်ပဋိပက္ခဖြေရှင်းရေး ဦးစားပေးရန် ကင်တားနား ကုလသမဂ္ဂတွင် ပြောကြား

နယူးယောက်၊အောက်တိုဘာ-၂၇

အသစ်ဖြစ်ပေါ်လာခဲ့သည့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းမှ ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီတို့ကြားမှ ပဋိပက္ခဖြေရှင်းရေးကို ဦးစားပေးဆောင်ရွက်သွားရန်လိြုေ
ကာင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာတောမတ်စ်အိုယေးကင်တားနားက ပြောကြားလိုက်သည်။
အောက်တိုဘာ ၂၅ ရက် ကြာသပတေးနေ့က ကုလအထွေထွေညီလာခံတွင် တင်သွင်းခဲ့သော ၄င်း၏အစီရင်ခံစာ၌ ကင်တားနားက "ဒါဟာ အစိုးရနဲ့ သက်ဆိုင်သူအားလုံးအတွက် နောက်ထပ်အကြမ်းဖက်မှုတွေ တားဆီးဖို့၊ လူ့အသိုင်းအ၀ိုင်းနှစ်ခုအကြား တင်းမာမှုတွေ မဖြစ်အောင် ထိန်းသိမ်းဖို့ အလွန်အရေးကြီးလှပါတယ်"ဟု ဆိုသည်။ ၄င်းကဆက်လက်၍ အကြမ်းဖက်မှုဒဏ်ကို ဆက်ခံစားနေရပါတယ်။ ဒါကြောင့် အစိုးရဟာ လူတွေပြန်လည်ပေါင်းစည်းနိုင်ရေးနဲ့ လူ့အဖွဲ့အစည်းနှစ်ခုအကြား ကာလရှည် ညီညွတ်စွာနေနိုင်ရေး ပေါ်လစီတစ်ရပ်လုပ်ဖို့ အရေးပေါ်လိုအပ်နေပါတယ်။ ဒီထဲမှာ တင်းမာမှုတွေ ဖြစ်ရခြင်းရဲ့ အောက်ခြေက အကြောင်းရင်းတွေဖြစ်တဲ့ ဘင်္ဂါလီအသိုင်းအ၀ိုင်းကို ခွဲခြားဆက်ဆံခြင်း အပါအ၀င် အကြောင်းရင်းတွေကို ဖြေရှင်းနိုင်ဖို့ ထည့်သွင်းထားပါလိမ့်မယ်"ဟုဆိုသည်။

မြန်မာတွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခအတွက် ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ဥပဒေမဲ့ ဖြစ်နေသော အခြေအနေများကို အဆုံးသတ်နိုင်ရေး ထိရောက်စွာ လုပ်ဆောင်ရန် ကြာသပတေးနေ့က တိုက်တွန်းခဲ့သည်။ အထွေထွေညီလာခံသို့ တင်သွင်းသော ကင်တားနား၏အစီရင်ခံစာ၌ လူ့အခွင့်အရေးကိစ္စသည် မြန်မာ့ပြုပြင်ပြောင်းလဲရေးဖြစ်
စဉ် ဗဟိုချက်တွင် ပါဝင်သင့်ကြောင်း အလေးအနက်ဖော်ပြခဲ့သည်။

-Ref:UN.org
7Day News Journal 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis