menu

Saturday 27 October 2012

အစ်အယ်အဟာ ပွဲတော်ကာလ အတွင်း အပစ်အခတ် ရပ်စဲမည် သူပုန်များ တိုက်ခိုက် ပါက လက်တုံပြန်မည် ဟု ဆီးရီးယား အစိုးရပြော

အစ္စလာမ် ဘာသာဝင် များ၏ အစ်အယ်အဟာ ပွဲတော် အထိမ်းအမှတ် အဖြစ် လေးရက် ကြာ အပစ်အခတ် ရပ်စဲ ထားမည် ဖြစ် သော်လည်း သူပုန် အဖွဲ့ များက တိုက်ခိုက် လာပါက လက်တုံပြန် သွားမည် ဟု ဆီးရီးယား အစိုးရ အဖွဲ့  က ပြောကြား သွားကြောင်း BBC သတင်းတွင် ဖော်ပြ ထားသည်။ "အစ်" ပွဲတော် ကာလ အတွင်း
အပစ်အခတ် ရပ်ဆိုင်း ထားရန် ကုလသမဂ္ဂ နှင့် အာရပ် အဖွဲ့ ကိုယ်စားလှယ် လတ်ကာ ဘရာမီနီ က စတင် အဆို ပြုခဲ့ခြင်း ဖြစ်သည်။

ဆီးရီးယား နိုင်ငံတွင်း ရှိ စစ်ဆင်ရေး များ ကို အောက်တိုဘာ ၂၆ ရက် နေ့  မှ ၂၉ ရက် နေ့ အတွင်း ရပ်ဆိုင်း သွား မည် ဖြစ်ကြောင်း ဆီးရီးယား တပ်မတော် က သတင်း ထုတ်ပြန် သွား သည်။ သို့ သော် လည်း အကြမ်းဖက် လက်နက်ကိုင် အဖွဲ့ များက အင်အား ပြန်လည် ဖြည့်တင်းမူ၊ လက်နက် ရိက္ခာ စုဆောင်း မှုနှင့် အိမ်နီးချင်း နိုင်ငံများ သို့ စိမ့်ဝင် ထိုးဖောက် မှုများ ပြုလုပ် သွားပါက လက်တုံ ပြန် တိုက်ခိုက် သွား မည် ဖြစ်ကြောင်း အဆိုပါ သတင်း ထုတ်ပြန် ချက် က သတိပေး ထားသည်။

အစိုးရ တပ်ဖွဲ့ ဝင် များကသာ အပစ် ရပ်ပါက မိမိ တို့ ကလည်း တိုက်ခိုက် မှုကို ယာယီ ရပ် ဆိုင်း ပေး မည် ဖြစ်ကြောင်း သူပုန် တပ်မှူး တချို့ က ပြောကြား သွားသည်။ အပစ်အခတ် ရပ်စဲ ရေး ကာလ စတင် သည့် အချိန် မှစ၍ တိုက်ခိုက် မှုများ ရပ်ဆိုင်း သွား သည် ကို တွေ့ ရကြောင်း ယင်းသတင်း တွင် ဖော်ပြ ထားသည်။

ဆီးရီးယား အပစ်အခတ် ရပ်စဲမှု ကို အမေရိကန် နိုင်ငံ က ကြိုဆို လိုက်ပြီး အပစ်ရပ်မှု မှ တဆင့် နိုင်ငံ ရေး ဆွေးနွေး မှု သို့ ရောက်ရှိ သွားမည် ဟု မျှော်လင့် ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူး ဘန်ကီမွန်း ကပြောကြား သွား သည်။
 
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis