menu

Saturday 27 October 2012

"ကျုပ်သမ္မတဖြစ်နေသမျှ အီရန် နျူကလီးယားလက်နက် မပိုင်စေရဘူး" အိုဘားမားနှင့် ရွမ်နေတို့၏ စကားစစ်ထိုးပွဲ

တတိယအကြိမ် စကားစစ်ထိုးပွဲတွင်တွေ့ရသည့် အိုဘားမားနှင့် မစ်ရွမ်နေ။ ဓာတ်ပုံ - အေအက်ဖ်ပီတတိယအကြိမ် စကားစစ်ထိုးပွဲတွင်တွေ့ရသည့် အိုဘားမားနှင့် မစ်ရွမ်နေ။ ဓာတ်ပုံ - အေအက်ဖ်ပီ
ဖလော်ရီဒါ- သမ္မတ ဘာရက် အိုဘားမားနှင့် ပြိုင်ဘက် ရီပတ်ဘလီ ကန်ပါတီ သမ္မတလောင်း
မစ်ရွမ်နေ တို့သည် နိုဝင်ဘာလ ၆ ရက်တွင် ကျင်းပ တော့မည့် သမ္မတရွေးကောက်ပွဲ မတိုင်မီ
နောက်ဆုံးနှင့် တတိယအကြိမ်မြောက် စကားစစ်ထိုးပွဲကို အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်
ဘိုကာရတန် မြို့တွင် ပြုလုပ်ခဲ့သည်။
ယခုအကြိမ် စကားစစ်ထိုးပွဲတွင် နိုင်ငံခြားရေးမူဝါဒကို ခေါင်းစဉ်ထား၍ မိမိတို့၏ နိုင်ငံခြားရေးမူ
ဝါဒများကို တင်ပြခဲ့ကြသည်။
စိန်ခေါ်သူ ရီပတ်ဘလီကန် သမ္မတလောင်း ရွမ်နေက လွန်ခဲ့သော လေးနှစ် အတွင်း သမ္မတ
အိုဘားမားကျင့်သုံး ခဲ့သော နိုင်ငံခြားရေးမူဝါဒများကို တိုက်ခိုက်ပြောကြားရာတွင် အမေရိကန်
တို့၏ အစဉ်အလာ မဟာမိတ်များ ဖြစ်ကြသော အစ္စရေးနှင့် ပိုလန်နိုင်ငံ တို့ကို စိတ်ဓာတ်ကျ
ဆင်းစေခဲ့ကြောင်း၊ မိမိသမ္မတ ရွေးချယ်ခံရပါက ၎င်းတို့ ဘက်မှ မားမားမတ်မတ်ရပ်တည်မည်
ဖြစ်ကြောင်းပြောသည်။

"ကျွန်တော်တို့ဟာကျွန်တော်တို့မဟာမိတ်တွေဘက်ကရပ်ပေးရပါမယ်။ အမေရိကန်နဲ့ အစ္စရေး
ကြားမှာ တင်းမာမှု တွေရှိနေတာဟာ အတော့ကို ကံ မကောင်းအကြောင်းမလှ ဖြစ်ရတာလို့
ကျွန်တော်ယူဆတယ်"ဟု ရွမ်နေက ဆိုသည်။
သမ္မတ အိုဘားမားက ရွမ်နေသည် ယခု နှစ်စောစောပိုင်းက အစ္စရေးသို့ အလည် အပတ်သွား
ရောက်ပြီး လူချမ်းသာ ဂျူးသူဌေးကြီးထံမှ ရွေးကောက်ပွဲရန်ပုံ ငွေ ရရှိရေး လုပ်ဆောင်ခဲ့ပုံကို ပြန်
ထောက်ပြခဲ့သည်။
"ပိုလန်မှာ ဖြန့်ကြက်ချထားမယ့် ဒုံးကျည်ကာကွယ်ရေး အစီအစဉ်ကို အိုဘားမား ဖျက်သိမ်းလိုက်
တာလည်း ပိုလန်နဲ့ ကျွန်တော်တို့ကြား ရှိနေတဲ့ ဆက်ဆံရေးကို ကမောက်ကမဖြစ်စေခဲ့တာမို့
ကံမကောင်းခြင်းလို့ ဆိုရမှာ ပါပဲ"ဟု ရွမ်နေက ဆိုသည်။
ပိုလန်သည် ဆိုဗီယက်ဦးဆောင်သော ၀ါဆောစစ်စာချုပ်မှ နုတ်ထွက်ပြီးနောက် အဓိက နေတိုး
စာချုပ်ဝင်ဖြစ် လာခဲ့သည်။
ယခင် ရီပတ်ဘလီကန် သမ္မတဟောင်း ဂျော့ဒဗ္ဗလျူဘွတ်ရှ် လက်ထက်က ပိုလန်နိုင်ငံတွင် ဒုံး
ကျည် ကာကွယ်ရေး အခင်းအကျင်းများ ဖြန့်ကြက်ချထားရန် ပိုလန်က သဘောတူခဲ့သော
အစီအစဉ်ကို ရုရှားထံမှ ဖိအားပေးမှုကြောင့် သမ္မတ အိုဘားမား က ဖယ်ချန်ထားပေးလိုက်
သည်။
သမ္မတ အိုဘားမားသည် အီရန် နိုင်ငံ၌ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမား များဘက်မှ ထောက်
ခံအားပေးသည့် စကားများကို ထုတ်ဖော်ပြောကြားခြင်း မပြုခဲ့ခြင်းကိုလည်း ရွမ်နေက သမ္မတ
ကို ပြစ်တင်ပြောဆိုသည်။
ဤသို့ အားပေး အားမြှောက်ပြုလျှင် အီရန်၌လည်း အာရပ် နွေဦးတော်လှန်ရေးမျိုး ပေါ်ပေါက်
လာနိုင်သည်ဟု ဆိုသည်။
မက်ဆာချူးဆက် အုပ်ချုပ်ရေးမှူးဟောင်း ရွမ်နေသည် အမေရိကန်သမ္မတ တစ်ဦးအနေဖြင့်
တာဝန်ယူရသည့် ကာကွယ်ရေးဦးစီးချုပ် (Commander in Chief) ရာထူးအတွက် မသင့်
တော်သေးကြောင်း သဘောရောက်အောင် သမ္မတ အိုဘားမားက ရွမ်နေကို ဝေဖန် တိုက်
ခိုက်သည်။
သမ္မတ အိုဘားမားက အမေရိကန် စစ်တပ် အသုံးစရိတ်လျှော့ချလိုကြောင်း ပြောကြားခဲ့မှုကို
ရွမ်နေက ဝေဖန်ရာ တွင် အမေရိကန်ရေတပ်သည် ၁၉၁၇ နောက်ပိုင်း အခြားနိုင်ငံများထက်
အင်အားကြီးမားနေခဲ့ရာမှ ယခုအခါ အင်အားလျော့သွားပြီဟုဆိုသည်။
သမ္မတ အိုဘားမားက ပြန်လည် တိုက်ခိုက်ရာတွင်- "ကျွန်တော့အထင်တော့ အုပ်ချုပ်ရေးမှူး
ရွမ်နေဟာ ကျွန်တော်တို့ စစ်တပ်မှာ ဘယ်လိုလုပ်ကိုင်နေကြတယ် ဆိုတာကို လုံလုံလောက်
လောက် လေ့လာသိရှိ ထားပုံမရဘူး။ ခင်ဗျားကပြောတယ်၊ ကျွန်တော်တို့မှာ ၁၉၁၆ ခုနှစ်က
ထက် စစ်သင်္ဘောတွေ လျော့နည်းသွားပြီလို့ ပြောတယ်။ မှန်ပါတယ် အုပ်ချုပ်ရေးမှူး။ ကျွန်
တော်တို့မှာ ၁၉၁၆ ခုနှစ်နဲ့စာရင် အခု မြင်းတွေလည်း နည်းသွားပြီ၊ လှံစွပ်တွေလည်း နည်း
သွားပါပြီ။ အကြောင်းကတော့ စစ်ရေးစစ်ရာရဲ့ သဘောသဘာဝ ပြောင်းလဲသွားလို့ပါပဲ"ဟု
ပြောလိုက်ရာ ပရိသတ်က ၀ိုင်းရယ်ကြသည်။
ထို့နောက် အိုဘားမားကဆက်၍ "ဒါပေမယ့် ကျွန်တော်တို့မှာ လေယာဉ် တင်သင်္ဘောကြီး
တွေရှိတယ်၊ နျူကလီးယား ရေငုပ်သင်္ဘောကြီးတွေရှိတယ်။ ဒီနေ့ပြဿနာက စစ်သင်္ဘောအ
ရေ အတွက်မဟုတ်တော့ဘူး။ ကျွန်တော် တို့ရဲ့ စွမ်းဆောင်နိုင်ရည်သာဖြစ်တယ်။"
အိုဘားမားက ရီပတ်ဘလီကန် စိန်ခေါ်သူ သမ္မတလောင်း ရွမ်နေသည် အိမ်ဖြူတော်ရှိ ဘဲဥပုံရုံး
ခန်း (Oval Office) တွင် ထိုင်ရန် အဆင်သင့် မဖြစ်သေးကြောင်း ပုံပေါ်အောင် ထိမိ သော
ထိုးနှက်ချက်များဖြင့် ပြောဆိုခဲ့သည်။
သမ္မတအိုဘားမားက "ကျုပ် အမေရိကန်သမ္မတဖြစ်နေသမျှ အီရန် ဟာ နျူကလီးယားလက်
နက် မရစေရ ဘူး"ဟုလည်း အာမခံလိုက်သည်။
အစ္စရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် "အစ္စရေးဟာ မိတ်ဆွေစစ် တစ်ယောက်ပဲ။ ဒေသ
တွင်းမှာ ကျွန်ုပ် တို့ရဲ့ အဓိကမဟာမိတ်လည်းဖြစ်တယ်။ အစ္စရေး တိုက်ခိုက်ခံရရင် အမေရိ
ကန်ဟာ အစ္စရေးဘက်က ရပ်မှာပဲ။ ကျုပ် သမ္မတသက်တမ်းတစ်လျှောက်လုံး ဒါကို ရှင်းရှင်း
လင်းလင်း ပြောခဲ့ပြီးသားပါ"ဟု အိုဘားမားက ပြောသည်။
စကားစစ်ထိုးပွဲ ကြီးကြပ်ဒိုင်လုပ်သူ က "အမေရိကန် ရင်ဆိုင်နေရတဲ့ အကြီးဆုံးအန္တရာယ်က
ဘာလဲ"ဟု မေးရာ- အုပ်ချုပ်ရေးမှူး ရွမ်နေက "ကမ္ဘာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး အန္တရာယ်
က နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ အီရန်ပဲ"ဟု ပြောသည်။
သမ္မတ အိုဘားမားကတော့ "ကျွန်တော့အထင်တော့ အကြမ်းဖက် ကွန်ရက်ပဲ ဆက်ဖြစ်နေ
မှာပါပဲ။ ကျွန်တော်တို့ သတိရှိရှိ မျက်ခြည်မပြတ် စောင့်ကြည့်နေရမယ်"ဟု ပြောသည်။
တရုတ်ပြည်နှင့် ပတ်သက်၍ သမ္မတ အိုဘားမားကပြောရာ- "တရုတ်နဲ့ ပတ်သက်လို့ကတော့
တရုတ်ဟာ ပြိုင်ဘက်တစ်ဦးလည်းဖြစ်တယ်၊ နိုင်ငံ တကာအသိုင်းအ၀ိုင်းထဲမှာ စည်းကမ်းတွေ
ကို လိုက်နာမယ်ဆိုရင် လုပ်ဖော် ကိုင်ဖက် တစ်ဦးလည်း ဖြစ်လာနိုင်ပါတယ်"ဟု ပြောသည်။
(အေအက်ဖ်ပီ)
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis