menu

Saturday 27 October 2012

ပြည်သူ့ရင်ပြင်၌တွေ့ရှိသည့်အမြောက်များမှာ ကြည့်မြင်တိုင် ကမ်းတက်တိုက်ပွဲတွင် အသုံးပြုခဲ့ဖွယ်ရှိဟု ခန့်မှန်းထား

Photo: ပြည်သူ့ရင်ပြင်၌တွေ့ရှိသည့်အမြောက်များမှာ ကြည့်မြင်တိုင် ကမ်းတက်တိုက်ပွဲတွင် အသုံးပြုခဲ့ဖွယ်ရှိဟု ခန့်မှန်းထား
FRIDAY, OCTOBER 26, 2012

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် ဈေးဝယ်စင်တာ တည်ဆောက်မည့် စီမံကိန်း
နေရာ၌ မြေတူးဖော်စဉ်တွေ့ရှိခဲ့သည့် အမြောက်များမှာ ၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအတွင်း ကြည့်မြင်တိုင်ကမ်းတက်တိုက်ပွဲတွင်
အသုံးပြုခဲ့သည်ဟုခန့်မှန်းထားကြောင်း ရှေးဟောင်းသုတေသန ဦးစီး
ဌာန၊အမျိုးသားပြတိုက် ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအောင်က ပြောသည်။

"ဒီနေရာက စစ်ပွဲဖြစ်ခဲ့တဲ့နေရာတွေ ဆိုတော့ အခုလို အမြောက်တွေ တွေ့ရ တာပါ။ အခုဒုတိယတစ်ကြိမ် တွေ့ရှိခဲ့တဲ့ အမြောက်ကိုတော့ ၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ကြည့်မြင်တိုင်ကမ်းတက်တိုက်ပွဲမှာ အသုံးပြုခဲ့တယ်လို့ မှန်းထားပါတယ်"ဟု၎င်းကပြောသည်။

ပြည်သူ့ရင်ပြင် ဧရိယာအတွင်း ဈေးဝယ်စင်တာနှင့် မုခ်ဦးတည်ဆောက် မည့်စီမံကိန်းဧရိယာအတွင်းရက်ပိုင်း သာခြားကာ အမြောက်နှစ်လက်
တွေ့ရှိခဲ့ ကြောင်း သိရသည်။

လွန်ခဲ့သည့် အောက် တိုဘာလ ၁၀ ရက်နေ့တွင် ပထမဆုံးတွေ့ ရှိရသော အမြောက်မှာ တန်ချိန်ခုနစ်တန် နီးပါးရှိပြီး အရှည်မှာ ၁၃ ပေ ၁ လက်မ၊ လုံးပတ် ၁၀ ပေ ၃ လက်မရှိကြောင်း၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံတွေ့ရှိသော အမြောက်မှာ သုံးတန်ရှိပြီး အရှည်
၁၀ ပေ၊ လုံးပတ် ခြောက်ပေရှိကြောင်း တာဝန်ကျ အင်ဂျင်နီယာအဖွဲ့ထံမှ သိရသည်။

ဈေးဝယ်စင်တာ တည်ဆောက်မည့် နေရာလေးခုအနက် ရင်ပြင်၏
မြောက် ဘက်ခြမ်းတွင် အဆိုပါအမြောက်များကို အများအပြား တူးဖော်တွေ့ရှိနိုင်ကြောင်း ဦးသန်းအောင်က ပြောသည်။

"အဲဒီနေရာနားမှာ ရှင်စောပုနေထိုင် ခဲ့တယ်လို့ ခန့်မှန်းသိရှိရပါတယ်။
မြောက် ဘက်ခြမ်းပေါ့"ဟု၎င်းကပြောသည်။

အမြောက်အမျိုးအစားကိုမူ မည်သည့်နိုင်ငံမှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း ခွဲခွဲခြားခြားမသိရသေးဟုသိရသည်။

"ဘယ်နိုင်ငံက ထုတ်လုပ်ထားတယ်ဆိုတာ ခန့်မှန်းဖို့ခက်နေပါတယ်။ အရင်က မြန်မာနိုင်ငံအနေနဲ့ရတနာပုံ လက်နက်စက်ရုံကနေ အမြောက်ထုတ် လုပ်ခဲ့တယ်။ အင်္ဂလိပ်ဘက်က သယ်လာတာတွေလည်း ရှိတယ်။ ဒုတိယ တစ်ကြိမ်တွေ့တဲ့ အမြောက်ထက် ပထမတစ်ကြိမ်တွေ့တဲ့ အမြောက်
က အမျိုး အစား ပိုကောင်းပုံရပါတယ်။ သမိုင်းအရ တော့ ဒါတွေဟာ သိပ်ကိုတန်ဖိုးရှိတာပါ ပဲ"ဟုဦးသန်းအောင်က ပြောသည်။

အဆိုပါအမြောက်များကို နေပြည် တော်ရှိ စစ်သမိုင်းပြတိုက်တွင် ထားရှိနိုင် ခြေများကြောင်း
သိရသည်။

ရွှေကူသစ္စာ
Myanmar Times

အေးချမ်းမွန်မှ Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Online News
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် ဈေးဝယ်စင်တာ တည်ဆောက်မည့် စီမံကိန်း
နေရာ၌ မြေတူးဖော်စဉ်တွေ့ရှိခဲ့သည့် အမြောက်
များမှာ ၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအတွင်း ကြည့်မြင်တိုင်ကမ်းတက်တိုက်ပွဲတွင်
အသုံးပြုခဲ့သည်ဟုခန့်မှန်းထားကြောင်း ရှေးဟောင်းသုတေသန ဦးစီး
ဌာန၊အမျိုးသားပြတိုက် ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအောင်က ပြောသည်။

"ဒီနေရာက စစ်ပွဲဖြစ်ခဲ့တဲ့နေရာတွေ ဆိုတော့ အခုလို အမြောက်တွေ တွေ့ရ တာပါ။ အခုဒုတိယတစ်ကြိမ် တွေ့ရှိခဲ့တဲ့ အမြောက်ကိုတော့ ၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ကြည့်မြင်တိုင်ကမ်းတက်တိုက်ပွဲမှာ အသုံးပြုခဲ့တယ်လို့ မှန်းထားပါတယ်"ဟု၎င်းကပြောသည်။

ပြည်သူ့ရင်ပြင် ဧရိယာအတွင်း ဈေးဝယ်စင်တာနှင့် မုခ်ဦးတည်ဆောက် မည့်စီမံကိန်းဧရိယာအတွင်းရက်ပိုင်း သာခြားကာ အမြောက်နှစ်လက်
တွေ့ရှိခဲ့ ကြောင်း သိရသည်။

လွန်ခဲ့သည့် အောက် တိုဘာလ ၁၀ ရက်နေ့တွင် ပထမဆုံးတွေ့ ရှိရသော အမြောက်မှာ တန်ချိန်ခုနစ်တန် နီးပါးရှိပြီး အရှည်မှာ ၁၃ ပေ ၁ လက်မ၊ လုံးပတ် ၁၀ ပေ ၃ လက်မရှိကြောင်း၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံတွေ့ရှိသော အမြောက်မှာ သုံးတန်ရှိပြီး အရှည်
၁၀ ပေ၊ လုံးပတ် ခြောက်ပေရှိကြောင်း တာဝန်ကျ အင်ဂျင်နီယာအဖွဲ့ထံမှ သိရသည်။

ဈေးဝယ်စင်တာ တည်ဆောက်မည့် နေရာလေးခုအနက် ရင်ပြင်၏
မြောက် ဘက်ခြမ်းတွင် အဆိုပါအမြောက်များကို အများအပြား တူးဖော်တွေ့ရှိနိုင်ကြောင်း ဦးသန်းအောင်က ပြောသည်။

"အဲဒီနေရာနားမှာ ရှင်စောပုနေထိုင် ခဲ့တယ်လို့ ခန့်မှန်းသိရှိရပါတယ်။
မြောက် ဘက်ခြမ်းပေါ့"ဟု၎င်းကပြောသည်။

အမြောက်အမျိုးအစားကိုမူ မည်သည့်နိုင်ငံမှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း ခွဲခွဲခြားခြားမသိရသေးဟုသိရသည်။

"ဘယ်နိုင်ငံက ထုတ်လုပ်ထားတယ်ဆိုတာ ခန့်မှန်းဖို့ခက်နေပါတယ်။ အရင်က မြန်မာနိုင်ငံအနေနဲ့ရတနာပုံ လက်နက်စက်ရုံကနေ အမြောက်ထုတ် လုပ်ခဲ့တယ်။ အင်္ဂလိပ်ဘက်က သယ်လာတာတွေလည်း ရှိတယ်။ ဒုတိယ တစ်ကြိမ်တွေ့တဲ့ အမြောက်ထက် ပထမတစ်ကြိမ်တွေ့တဲ့ အမြောက်
က အမျိုး အစား ပိုကောင်းပုံရပါတယ်။ သမိုင်းအရ တော့ ဒါတွေဟာ သိပ်ကိုတန်ဖိုးရှိတာပါ ပဲ"ဟုဦးသန်းအောင်က ပြောသည်။

အဆိုပါအမြောက်များကို နေပြည် တော်ရှိ စစ်သမိုင်းပြတိုက်တွင် ထားရှိနိုင် ခြေများကြောင်း
သိရသည်။

ရွှေကူသစ္စာ
Myanmar Times


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis