menu

Saturday 27 October 2012

ဗြိတိန်နာမည်ကြီး ပေါ့အဆိုတော် Sir Cliff Richard ရန်ကုန်၊မန္တလေး၊ပုဂံနှင့် အင်းလေး ဒေသများသို့လာရောက်လည်ပတ်

Photo: ဗြိတိန်နာမည်ကြီး ပေါ့အဆိုတော် Sir Cliff Richard ရန်ကုန်၊မန္တလေး၊ပုဂံနှင့် အင်းလေး ဒေသများသို့လာရောက်လည်ပတ်  

SATURDAY, 27 OCTOBER 2012 16:08

ဗြိတိန်နာမည်ကြီး ပေါ့အဆိုတော် တစ်ဦးဖြစ်သူ Sir Cliff Richard သည် အောက်တိုဘာ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံသို့ရောက်ရှိကာ ရန်ကုန်၊မန္တလေး၊ပုဂံ နှင့် အင်းလေးဒေသများသို့ လည်ပတ်လျက်ရှိကြောင်း သိရှိရသည်။

Sir Cliff Richard  သည် မန္တလေးမှပုဂံသို့ Road to Mandalay အပျော်စီးသင်္ဘောဖြင့် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်း၌ရောက်ရှိခဲ့ပြီးနောက် ပုဂံတွင်လည်ပတ်ကာ နောက်တစ်နေ့တွင် အင်းလေးသို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

ရှေးဟောင်းယဉ်ကျေးမှု ပုဂံနယ်မြေကို နှစ်သက်သဘောကျကြောင်း Sir Cliff Richard က ပုဂံ-ညောင်ဦးလေဆိပ်တွင် ပြောပါသည်.။၎င်းသည်   ယခုအခါ အသက် ( ၇၂ )နှစ်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။ Wired for Sound,Me and My Shadows, Bold as Brass,Cliff Sings စသည့်သီချင်း အယ်လ်ဘမ်များဖြင့် ကျော်ကြားခဲ့သူဖြစ်ပြီး၊ ၁၉၈၀ ခုနှစ်တွင် ဘုရင်မကြီးမှချီးမြှင့်သော O.B.E ဆုကို ရရှိခဲ့ကြောင်းသိရသည်။ Sir Cliff Richard သည် အဆိုတော် ဂီတပညာရှင်တစ်ဦးဖြစ်  သည့်အပြင် ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။



အေးချမ်းမွန်မှ Eleven Media Groupတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : Eleven Media Group
ဗြိတိန်နာမည်ကြီး ပေါ့အဆိုတော် တစ်ဦးဖြစ်သူ Sir Cliff Richard သည် အောက်တိုဘာ နောက်ဆုံးပတ်တွင် မြန်မာ
နိုင်ငံသို့ရောက်ရှိကာ ရန်ကုန်၊မန္တလေး၊ပုဂံ နှင့် အင်းလေးဒေသများသို့ လည်ပတ်လျက်ရှိကြောင်း သိရှိရသည်။

Sir Cliff Richard သည် မန္တလေးမှပုဂံသို့ Road to Mandalay အပျော်စီးသင်္ဘောဖြင့် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်း၌ရောက်ရှိခဲ့ပြီးနောက် ပုဂံတွင်လည်ပတ်ကာ နောက်တစ်နေ့တွင် အင်းလေးသို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

ရှေးဟောင်းယဉ်ကျေးမှု ပုဂံနယ်မြေကို နှစ်သက်သဘောကျကြောင်း Sir Cliff Richard က ပုဂံ-ညောင်ဦးလေဆိပ်တွင် ပြောပါသည်.။၎င်းသည် ယခုအခါ အသက် ( ၇၂ )နှစ်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။ Wired for Sound,Me and My Shadows, Bold as Brass,Cliff Sings စသည့်သီချင်း အယ်လ်ဘမ်များဖြင့် ကျော်ကြားခဲ့သူဖြစ်ပြီး၊ ၁၉၈၀ ခုနှစ်တွင် ဘုရင်မကြီးမှချီးမြှင့်သော O.B.E ဆုကို ရရှိခဲ့ကြောင်းသိရသည်။ Sir Cliff Richard သည် အဆိုတော် ဂီတပညာရှင်တစ်ဦးဖြစ် သည့်အပြင် ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis