သီတင်းကျွတ်လဘွဲ့
ကြာငါးမည် ကြိုင်သင်းလို့ လျှံဝင်းတဲ့ ပြောင်ထိန်။ ရွှေနန်းတောင်တော်ဦးမှာလ ကွန့်မြူးမြင့်မိုရ်မီး၊ ညီးတဲ့ချိန်ခါ။ ရှိခိုးငယ်နှိမ် သုံးကြိုင်ရိုပြောင်း သက္ကစ္စဂါရဝနှင့် စဉ်အလာပူဇော်ပွဲကို ခဲကြပေတောင်း။
ဖိုးသူတော်ဦးမင်း
သီတင်းကျွတ်လသည် မြန်မာ ပြက္ခဒိန်၏ သတ္တမမြောက်လဖြစ်ပြီး ခရစ်နှစ်
ပြက္ခဒိန်အရ စက်တင်ဘာ လနှင့် အောက်တိုဘာလများတွင် ကျရောက်လေ့ရှိပါသည်။
ထို့အပြင် သီတင်းကျွတ်လတွင် ၂၉ ရက်ရှိပြီး ရက်မစုံသော လတစ်လ ဖြစ်သည်။
ရှေးအခါက သီတင်းကျွတ်လကို သီတင်းကျွတ်လဟုမခေါ်ဘဲ ‘သန်တူ’ လဟုခေါ်ဆိုကြပါသည်။
‘သန်တူ’ လ၏ အဓိပ္ပာယ်မှာ ၀ဿာနမိုးဥတု ရာသီကို ခေါ်ဆိုသည်ဟု ဝေါဟာရ
လီနတ္ထဒီပနီကျမ်း၌ ဆိုပါသည်။ အချို့ပညာရှင်များကမူ ‘သန်တူ’ ဟူသော ပုဒ်သည်
ကောက်-စပါး ဟော တိဗက်-မြန်မာ-တရုတ်-ထိုင်း-မွန်ခမာဘာသာတို့မှလာသည့်
မြန်မာစကားဟူ၍ ဖွင့်ဆိုကြသည်။ ‘သန်တူ’မှ ‘တူ’ပုဒ်မှာမူ ‘ထူ’ဟူသော အနက်ကို
ရယူကြသဖြင့် ‘သန်တူ’ လသည် ကောက်စပါးပင်များ ပေါက်ဖွား၊ ထွက်ထ၊
ထောင်မတ်လာသော လဟု ယူဆကြကြောင်း သိရသည်။
သမိုင်းကြောင်းအရ ပုဂံခေတ် ကျောက်စာများတွင် သီတင်းကျွတ် ဟူသောစကားကို
မတွေ့ရှိရဘဲ မြန်မာသက္ကရာဇ် ၅၇၄ခုနှစ်တွင် ရေး ထိုးခဲ့သော တုရွင်းတောင်
စောရဟန် သိမ်ကျောက်စာ အတွင်းစာသားတစ် နေရာ၌ ‘သတင်းချွတ်’ဟူသော အသုံး ကို
ရှေးဦးစွာတွေ့ရှိရသည်ဟုဆိုကြ သည်။ သတင်းချွတ်ဟူသော စကားမှာ
သတင်းသီလစောင့်ထိန်းသူတို့က ချွတ်လွှတ်ကုန်ဆုံးအောင်ပြုသည်ဟု
အနက်ပြန်ဆိုကြသည်။ လှေသင်း အတွင်းဝန်ရေးသားသော ဝေါဟာရ လီနတ္ထဒီပနီကျမ်း၌
သီတင်းကျွတ် လသည် ၀ါဆိုလပြည့်နေ့မှစ၍ ၀ါတွင်းသုံးလရက်ပေါင်း ၉၀၊ သီတင်း
ကျွတ်လပြည့်ကျော်တစ်ရက်နေ့ သီ တင်းကျွတ်သောကြောင့် သီတင်း ကျွတ်လဟူ၍
သာသနာကျမ်းအလို ခေါ်ဆိုကြောင်း ဖော်ပြခဲ့သည်။
ဗေဒင်အခေါ်အားဖြင့် သီတင်း ကျွတ်လကို ‘တူ’ရာသီဟု ခေါ်ဆိုပြီး ကြာပန်းကိုရာသီပန်းအဖြစ် အသိ အမှတ်ပြုကြသည်။
သီတင်းကျွတ်လတွင် မြတ်စွာ ဘုရားရှင်ကနတ်ပြည်မှ ဆင်းသက်ခဲ့
သည်ကိုအကြောင်းပြုပြီး မီးစောင်း တန်း၊ မီးမြင့်မိုရ်များ ထွန်းညှိကာ
မီးပွဲသဘင်ကို ရိုးရာပွဲအနေဖြင့် ကျင်းပလေ့ရှိပါသည်။ ရှေးမြန်မာ
မင်းများလက်ထက်က သီတင်းကျွတ်လတွင် မင်းသား၊ မင်းမြေး၊ မှူးတော်၊
မတ်တော်တို့၏အဆင် တန်ဆာများကို အသစ်လဲလှယ်
ပေးတော်မူခြင်း၊ဆီမီးမြင့်မိုရ်ထွန်းခြင်း၊ ဘုရားစေတီများတွင် ဆီမီးပူဇော်
ခြင်း၊ ၀ါကျွတ်ကန်တော့ခံခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်ဖြစ်ပါသည်။
သီတင်းကျွတ်လပြည့်နေ့တွင် မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ
သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်လာခဲ့ပါသည်။ မြတ်စွာဘုရားရှင်သည်
တာဝတိံသာ ၌ မယ်တော်ဖြစ်ဖူးသော သန္တုဿီတ နတ်သားကို
မိခင်ကျေးဇူးဆပ်လိုသောကြောင့် ‘ကုသလာဓမ္မာ၊ အကုသလာ ဓမ္မာ၊
အဗျာကတာဓမ္မာ’အစရှိသည် ဖြင့် အဘိဓမ္မာခုနှစ်ကျမ်းကို ဟော တော်မူပြီးနောက်
သီတင်းကျွတ်လ ပြည့်နေ့တွင်လူ့ပြည်သို့ သက်ဆင်း တော်မူသည်ကို
အကြောင်းပြုလျက် ထိုနေ့ကို အဘိဓမ္မာနေ့ဟုသတ်မှတ်ကာ အဘိဓမ္မာပွဲများ
ကျင်းပခဲ့ပါသည်။
တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ မြတ်စွာဘုရားရှင်
ဆင်းသက်တော်မူသည့်သီတင်းကျွတ် လပြည့်နေ့တွင် ဘုရားသခင်အား
ပူဇော်သည့်အနေဖြင့် မီးပူဇော်ကာ မြင့်မိုရ်ပွဲပြုလုပ်ခြင်းကို
အစဉ်အလာအားဖြင့် ယနေ့ထိတိုင် ပြုလုပ်နေ ခြင်း ဖြစ်ပါသည်။
သီတင်းကျွတ်လပြည့်နေ့ကို ဘုရားဆုပန်သော နေ့ဟူ၍လည်း ခေါ်ဆိုကြပါသည်။
မြတ်စွာဘုရား ရှင်သည် တာဝတိံသာမှ လူ့ပြည်သို့
ဆင်းသက်ချိန်တွင်ကိုယ်တော်တိုင်က ပတ္တမြားစောင်းတန်းမှ ဆင်းလျက် လက်ယာဘက်
ရွှေစောင်းတန်းတွင်နတ် တို့ခြံရံလိုက်ပါစေကာ လက်ဝဲဘက် ငွေစောင်းတန်းတွင်
ဗြဟ္မာမင်းတို့ကို ခြံရံလိုက်ပါစေခဲ့ပါသည်။
သီတင်းကျွတ်လပြည့်နေ့ သည်ဝါတွင်းသုံးလ၏ နောက်ဆုံး နေ့ဖြစ်သဖြင့်
ဝါဆိုတော်မူသည့် သံဃာတော်မြတ်တို့ ၀ါမှထွက်သည့် နေ့၊ ပ၀ါရဏာပြုကြသောနေ့၊
မြတ်စွာဘုရားသခင်သည် တာဝတိံ သာ၌ အဘိဓမ္မာတရားတော်ကို ၀ါတွင်းသုံးလပတ်လုံး
ဟောကြား တော်မူသည်မှာ အောင်မြင်စွာ ပြီးဆုံးသော အဘိဓမ္မာအခါတော်နေ့၊
နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝ တိံသာမှ သင်္ကဿနဂိုရ်ပြည်သို့
ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာ သုံးဘုံ လူတို့ မြတ်စွာဘုရားရှင်အား အတူတကွ
ပူဇော်ကြသောနေ့၊ လောက၀ိဝရဏ တန်ခိုးတော်ကြောင့် စကြ၀ဠာတစ်ဝန်းလုံး ဟင်းလင်း
ပြင်အတိ မြင်ရသောနေ့ အစရှိသော ဂုဏ်ထူးဝိသေသများနှင့်ပြည့်စုံသော
နေ့ဖြစ်ပါသည်။
EMG
မှီငြမ်း - မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၃)
၁၉၅၄ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ
သီတင်းကျွတ် အထူး အချပ်ပိုမှ စာဆိုတော် မောင်မောင်ရေးသားသည့်
‘တာဝတိံသာနတ်ပြည်မှ မြတ်စွာဘုရားကြွဆင်း တော်မူရာ သင်္ကဿနဂိုရ်ပြည်’
ဆောင်းပါး။ |
No comments:
Post a Comment