menu

Saturday 27 October 2012

KNU ထိပ်ပိုင်းခေါင်းဆောင်များ ပြေလည်မှု ရရှိ

ရန်ကုန်။အောက်တိုဘာ ၂၇

KNU ခေါင်းဆောင် များ ကြားအကွဲ ပြဲ ပြသနာကို ဗဟိုကော်မတီ အစည်းဝေး တွင် ပြေလည်မှု ရရှိ ပြီဖြစ်ကြောင်း KNU ဗဟိုကော်မတီက အောက်တိုဘာ ၂၇ ရက်နေ့ ရွက်စွဲဖြင့် အရေးပေါ် ကြေညာချက်တစ်ရပ် ထုတ်ပြန်ကြေညာသည်။


အောက် တိုဘာ ၂၅ ရက် နေ့ နှင့် ၂၆ ရက် နေ့တွင် ကျင်းပသောအဆိုပါ ဗဟိုကော်မတီ အစည်းဝေးတွင် စက်တင်ဘာလ ၂၇ ရက်နေ့ ကထုတ်ပယ် ခဲ့သောခေါင်းဆောင် ၃ ဦးကို၁၄ ကြိမ်မြောက် ညီလာခံက တာဝန်ပေး အပ်ထားသည့် ရာထူးများအတိုင်း ၁၅ကြိမ် မြောက် ညီလာခံထိ တာဝန် ဆက်လက်ပေးရန် သဘောတူညီ မှု ရရှိခဲ့ကြောင်း KNU ဗဟိုကော်မတီ ၀င်တစ်ဦးက ဆိုသည်။

စက်တင်ဘာ လ ၂၇ ရက်နေ့ ကပြုလုပ်သော KNU ဗဟိုကော်မတီ အစည်းဝေး တွင် KNU /KNLA စစ်ဦးစီးချုပ် မှုးတူးစေးဖိုး ၊ဗဟိုတရားရေး တာဝန်ခံ ပဒိုဒေးဗစ် ထော နှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ဖဒိုစောရော်ဂျာခင်တို့ အား စည်းကမ်းချိုးဖောက် သည်ဟုဆိုကာတာဝန်မှ ရပ်ဆဲလိုက်ခြင်းကြောင့် KNLAတပ်မဟာအချို့ တွင် သဘောထား ကွဲလွဲမှုများဆက် တိုက်ပေါ် ပေါက် လာဖြင်း ဖြစ်သည် ။


အဆိုပါ ထုတ်ပယ်ခံရသော KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ
့ အတွင်းရေးမှုးဗဟိုတရားရေး တာဝန်ခံ ဖဒိုဒေးဗစ်ထောမှာအောက်တိုဘာ ၁၄ ရက်နေ့ကရန်ကုန်မြို့ မင်္ဂဒုံစစ်ဆေးရုံတွင် အဆုတ် ရောဂါ ဖြင့် ကွယ်လွန်ခဲ့သည်။ယင်းဗဟိုကော်မတီ အထူးအစည်းဝေး သို့ KNU ဗဟိုအမြဲတမ်းကော်မတီ နှင့် ဗဟိုအရန် ကော်မတီ ၄၀ ဦးခန့် တက်ရောက် ခဲ့ကြသည်။
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis