menu

Saturday 27 October 2012

ရခိုင်အမျိုးသားများကို မြန်မာစစ်တပ်မှ ပစ်ခတ်မှုအပေါ် ALP မှ ရှုတ်ချ

ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှုတွင် မိမိတို့ရပ်ရွာ၊ အသက်အိုးအိမ်များကို ကာကွယ်နေသည့် ရခိုင်အမျိုးသားများကို မြန်မာစစ်တပ်မှ တမင် ချိန်ရွယ် ပစ်ခတ်  သတ်ဖြတ်နေသည့်အပေါ် ရခိုင်ပြည်လွတ်မြောက် ရေးပါတီက ရှုတ်ချလိုက်သည်။

ရခိုင်တို့အား မြန်မာစစ်တပ်မှ ပစ်ခတ်  နှိမ်နင်းနေခြင်းများသည် မြန်မာအစိုးရမှ ကြွေးကြော်နေသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း ရိုင်းပင်းကူညီရေးဆိုသည့်မူနှင့် လုံးဝလွဲချော်ပြီး “သူခိုးဓါးရိုးကမ်း”သည့် လုပ်ရပ်ဖြစ်၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ယမန်နေ့က ထုတ်ပြန်သည့် ပါတီ ကြေငြာချက်တွင် ဖော်ပြသည်။

“ အစိုးရဘက်က ကိုင်တွေမှုကို ကျွန်တော်တို့က လုံးဝ တရားမျှတမှုမရှိလို့မြင်တယ်။ ဘာဖြစ် လို့ လည်းဆိုတော့ သူတို့ အရင်ကတည်းက ပြောထားတာရှိတယ်။ ရခိုင်ဘက်ကလည်းမပါ။ ဘင်္ဂလီ ဘက်ကလည်းမပါလို့ပြောတယ်။ ဒီလိုပြောတာ ကိုက မျှတမှုမရှိဘူး။ သူတို့ပြောနေတဲ့ တိုင်းရင်း သားညီနောင်ဆိုတဲ့ အထဲမှာ ရခိုင်တွေပါတယ်။ ဒါကြောင့် တဘက်က ခိုးဝင်လာတဲ့ ဘင်္ဂလီတွေနဲ့ ရခိုင်တွေကို တစ်တန်းတည်းထားပြီး ဆက်ဆံတာကိုက လုံးဝမသင့်တော်လို့မြင်တယ်” ဟု ရခိုင်ပြည် လွတ်မြောက်ပါတီမှ ခေါင်းဆောင် တဦးဖြစ်သူ ခိုင်သုခက ပြောသည်။
ယခုကဲ့သို့ ရခိုင်ပြည်တွင် ပြဿနာများပေါ်ပေါက်လာရခြင်းမှာလည်း တစ်ဘက်နိုင်ငံမှ ခိုးဝင်လာသူ တဖြည်းဖြည်းများ လာမူ အပေါ် အစိုးရ တာဝန်ရှိသူများမှ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်း မရှိသည့် အတွက် ရခိုင်ပြည်သူများ မခံစားသည့်နိုင်သည့် အဆုံး မိမိမြေကို မိမိကိုယ်တိုင် ကာကွယ်ရာမှပေါ်ပေါက် လာ ခြင်းဖြစ်ပြီး ထိုသို့ ကာကွယ်သူ ရခိုင်ပြည်သူများကို အစိုးရမှ ခြေမှုန်းခြင်းမှာ လုံးဝ လက်ခံ နိုင်စရာ မရှိကြောင်းလည်း ခိုင်သုခက ပြောသည်။
ရသေ့တောင် ပြည်သူလူထုအစည်းအဝေးမှ ပြည်သူများ၏ တောင်းဆိုချက် တင်ပြချက်များကိုလည်း အစိုးရအနေနှင့် လိုက်လျှောရန်လိုအပ်ပြီး ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားများနှင့် ဘင်္ဂလီများ အတူ ယှဉ်တွဲ နေထိုင်ရေးဆိုသည်မှာလည်း လုံးဝမဖြစ်နိုင်ကြောင်း ခိုင်သုခမှ ပြောသည်။
အောက်တိုဘာလ ၂၁ ရက်နေ့က မင်းပြားမြို့ ပိုက်သည်ရပ်မှ စတင်ဖြစ်ပွားသည့် ဆူပူမှုမှာ တခြား မြို့များသို့ ကူးစက်သွားပြီး စစ်တပ်မှ ပစ်ခတ်သတ်ဖြတ်သည့် အတွက် ရခိုင်လူမျိုး (၁၀) ကျော် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ယမန်နေ့နေ့လည်က ကျောက်တော်မြို့တွင် ဆူပူမှုအတွင်း စစ်တပ်က ပစ်ခတ်၍ သေဆုံးသွားသည့် ရခိုင် လူငယ်နှစ်ဦး အသု ဘအခမ်းအနားတွင်လည်း “တပ်မတော်သည် ပြည်သူကို ဘယ်တော့မှ သစ္စာမဖောက်ပါ။ တပ်မတော် သည် အမျိုးသားရေးအတွက်—?” ဟု မေးခွန်းများ ထုတ်ထားသည့် စာတန်းပါ ပိုစတာများကို ကိုင်ဆောင်ပြီး ပြည်သူများက ဆန္ဒပြထုတ်ဖော် ခဲ့ကြသည်ဟု သိရသည်။
ရခိုင်ပြည်နယ်အတွင်း ဗမာ စစ်တပ်၏ ကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်နေပြီး တချို့ စစ်ဗိုလ် စစ်သားများသည် မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များထံမှ ပိုက်ဆံများ အမြောက် အမြားယူပြီး ရခိုင်များကို ပစ်ခတ်မူများ ရှိနေသည်ဟုလည်း စွပ်စွဲချက် သတင်းများ ထွက်ပေါ်နေသည်။ စစ်တပ်က ပစ်ခတ်ခံ၍ သေဆုံးခဲ့ရသူ ရခိုင်အများစုသည် ဦးခေါင်းတွင် ကျည်ဆံ တိုက်ရိုက်ထိမှန်ပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
ကျောက်တော်မြို့နယ် သ၀င်ကိုင်း ကျေးရွာမှ ဦးထွန်းအောင်သာအား ခမရ ၃၇၄တပ်ရင်းမှ ဗိုလ်ကြီး ဝေဖြိုးအောင်က နားထင်အား သေနတ်ဖြင့် အနီးကပ် တည့်ကာ ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။
ရသေ့တောင်မြို့နယ် ကျွန်ကြီးကျေးရွာမှ ဦးသိန်းလှမောင်နှင့် ကပ်ချောင်းကျေးရွာမှ ဦးအောင်ဇံဝေမှာလည်း ဦးခေါင်းနှင့် လည်ပင်းတွင် စစ်တပ်မှ ပစ် ခတ်သော သေနတ်ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြရသည်။
ကျောက်တော်မြို့နယ်တွင် ဘင်္ဂလီ မွတ်ဆလင်ကျေးရွာများမှ ဆူပူ သောင်းကျန်းလိုသူ တချို့သည် အမျိုးသမီးများကို မထီမဲ့မြင် စော် ကားခြင်း၊ ဈေးသွား ဈေးလာ သူ များကို နှောင့်ယှက်ခြင်း၊ ဂျင်ကလိ လေးဂွများဖြင့် ပစ်ခြင်း၊ ရခိုင်ပိုင် နွားများကို ခိုးယူသတ်စားခြင်း၊ စပါးခင်းများမှ စပါးများကို ခိုးရိတ်သိမ်းခြင်း စသည့် လုပ်ရပ်များဖြင့် ရန်စ စော်ကားမူများ ပြုလုပ်နေမူ အပေါ် စစ်တပ်နှင့် အာဏာပိုင်များကို တိုင်ကြားသော်လည်း မည်သည့်အခါမှ အရေးယူခြင်း မရှိခဲ့ကြောင်း သိရသည်။
ယခု ရက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် အောက်တိုဘာ ၂၅ ရက်အထိ လူနေအိမ် ၂၃၀၀ ကျော်ဆုံးရှုံးသွားပြီး သေဆုံးသူ ၆၄ ဦး နှင့် ဒဏ်ရာရသူ ၉၂ ဦးရှိပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
 http://www.narinjara.com/burmese/?p=2834

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis