menu

Monday 22 October 2012

နိုင်ငံတော်၏ လေလံစနစ်တွင် လုပ်ကွက်လျော့ပေးရန် လုပ်ကွက် ပျောက်နေသော ဒေသခံရေလုပ်သားများတောင်းဆို

Photo: နိုင်ငံတော်၏ လေလံစနစ်တွင် လုပ်ကွက်လျော့ပေးရန် လုပ်ကွက် ပျောက်နေသော ဒေသခံရေလုပ်သားများတောင်းဆို

ပဲခူးတိုင်းဒေသကြီး၊ဒိုက်ဦးမြို့နယ်အတွင်းရှိဧက(၁၀၀၀ကျော်ခန့်ရှိသောပဉ္စမပိုင်းအင်းကိုနိုင်ငံတော်ကလေလံစနစ်ပေးပြီးသည့်နောက်နှစ်ပေါင်းများစွာဝမ်းစာရှာဖွေလုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းပြုနေ သော ကျေးရွာတစ်ရွာမှ ရေလုပ် သားများနှင့် )၎င်းတို့၏ မိသားစု ၀မ်းစာ စားဝတ်နေရေးအတွက် အခက်အခဲများစွာ ကြုံတွေ့နေရ ကြောင်း ရေလုပ်သားများက ဆို ကြသည်။
ယခင်ဘုံငါးဖမ်းကွက်အဖြစ် သတ်မှတ်ထားပြီးဖြစ်သော ပဉ္စမ ပိုင်းအင်း(ခ)ဘုတ်ပြင်အင်းသည် ၀မ်းစာရှာဖွေသော ဒေသခံများ ပြားလာသည့်အတွက် ဘေပေး (ခ) ငါးပိချောင်းအင်းများကို ဘုံ ငါးဖမ်းကွက်များအပြင် ပြန်လည် သတ်မှတ်ပေးရန်ကိုလည်း ထပ်မံ တောင်းဆိုထားကြောင်း သိရှိရ သည်။ စားဝတ်နေရေး အခက် အခဲဖြစ်ရခြင်းမှာ ဒေသခံဝမ်းစာ ရှာဖွေသည့် ရေလုပ်သားများ ယခင်လုပ်ကိုင်လာသည့် လုပ်ကွက် များပျောက်ကာ လေလံဟု သတ် မှတ်ခြင်းမရှိသည့် လုပ်ကွက်များ မှာလည်း လေလံယူထားသည့် အင်းသူကြိးတို့က ၎င်းတို့၏ လုပ် ကွက်ဟု ဆိုထားခြင်းကြောင့် နယ်နမိတ် ရေတိုင်သတ်မှတ်ခြင်း မရှိ၊ စည်းခြားပေးခြင်းမရှိသည့် ငါးဖမ်းကွက်များမှာ ရေလုပ်သား များနှင့် အင်းသူကြီးများ အချင်း များဖွယ်ရာများဖြစ်ပွားနေကြောင်း သိရှိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက် ၍ ကျိုက်ဇကောကျေးရွာအရှေ့ အနောက် တာဆုံကျေးရွာ ဘုရား ကြီးကွင်းကျေးရွာ၊ ပျဉ်ပုံကြီးကျေး ရွာ၊ ဖလောက်ကျေးရွာတို့မှ ရေ လုပ်သား(၅၀၀)ခန့်သည် ၎င်းတို့ ၏ ဘ၀ရပ်တည်ရေးအတွက် နိုင်ငံတော်မှ လေလံအင်း အချို့ အား ဘုံငါးဖမ်းကွက်အဖြစ် ပြန် လည်သတ်မျတ်ချထားပေးပါရန် တောင်းဆိုကြပြီဖြစ်ကြောင်း ၎င်း တို့ကပြောသည်။ ကျေးရွာသား တချို့နှင့် တွေ့ဆုံရာတွင် ၎င်းတို့ ၏ အခက်အခဲများကိုရင်ဖွင့်ခဲ့ကြ ရာ ““တစ်ချိန်တုန်းက ငါးဖမ်းကွက် အဖြစ် သတ်မှတ်ထားတာဟာ ဘုတ်ပြင်း(ခ) ပဉ္စမပိုင်းအင်းနေ ရာပဲဖြစ်တယ်။ ငါးဖမ်းကွက်မရှိ တော့တဲ့အချိန်မှာ ကျွန်တော်တို့ ဒေသခံရေလုပ်သားများဟာ စား ၀တ်နေရေးအတွက် လူမှုဘ၀ ဒုက္ခအမျိုးမျိုးနဲ့ ကြုံတွေ့နေနေရ တယ်ဗျာ။ လေလံလွတ်တဲ့နေရာ မှာ ကျွန်တော်တို့ရှိတဲ့ ပိုက်လေး တွေချတယ်။ အင်းသူကြီးတွေက သူတို့ဦးတည်း သူတို့ပိုင်ပဲ၊ ဝေး လည်း သူတို့ပိုင်ပဲလို့ လုပ်ထား တယ်။ အဓိကပြဿနာက ရေ တိုင်သတ်မှတ်ပေးခြင်းမရှိတဲ့ ကိစ္စ လို့ ထင်ပါတယ်။ အဲဒီလို မသတ် မှတ်တော့ဗျာ ကျွန်တော်တို့မှာ ပိုက် တွေအသိမ်းခံရတယ်။ ဖျက် ဆီးခံရနေရတယ်ဗျာ။ အဲဒီတော့ ကျွန်တော်တို့မှာ ပိုက်ကလေးတွေ ဆုံးမှာကြောက်တော့ ငါးမရှာကြ တော့ဘူးပေါ့ဗျာ။ အခုတော့ ကလေးတွေ ကျောင်းဆက်ထားဖို့ နေနေသာသာ ထမင်းတောင်နပ် မမှန်ပါဘူးဗျာ””ဟုဒေသခံကျိုက်စကောကျေးရွာရေလုပ်သားဖြစ်သူကိုကြည်ဝင်းမှပြောကြာသည်။
ပလောက်ကျေးရွာမှ ကိုဝင်း မောင်မှ ““ကျွန်တော်တို့မှာ လုပ် ကိုင်စားသောက်နေတာကြာပြီ။ အခုတော့များ ကျွန်တော်တို့မှာ နှင်ထုတ်ခံနေရတယ်။ လုပ်စားရ တာအရမ်းကို ခက်ခဲတယ်။ အခု ကျွန်တော်တို့တင်ပြတယ်။ ကျွန် တော်တို့နေရာပဲ ကျွန်တော်တို့ လိုချင်တယ်။ ဟိုတုန်းက ဘုတ် ပြင်းမှာဖြစ်ခဲ့တဲ့ နေရာတွေပေါ့ နော်။ အဲဒီလိုပဲ နေချင်တယ်။ ရှာ စားကြတာကတော့ ပျဉ်ပုံ၊ တာ ဆုံ၊ ပလောက်အစုံပဲ မြောက်ဘက် အခြမ်းဆို ဒိုက်ဦးအထိပါတယ်။ တောက်ဘက်အခြမ်းဆို ကျွန် တော်တို့ ဘုရားကြီးအထိပါတယ်။ အဲဒီလောက်ကို အမီပြုလုပ်စား နေရတဲ့ အတွက်ကြောင့် ကျွန် တော်ကလည်း နိုင်ငံတော်ကို အသနားခံစာတင်ပြီးတော့ ပြန် တင်ပြတာပါ။ အခုဗျာ ကျွန် တော်တို့က လွတ်ကင်းတဲ့နေရာ မှာ ပိုက်ချမယ်ဆိုလည်း အင်းသူ ကြီးတွေက သူတို့နယ်မြေဆိုပြီး တစ်ခါတစ်ရံ လှေပါသိမ်းတယ် ဗျာ။ ကျွန်တော်တို့မှာ လှေမရှိလို့ ရေကူးပြီး ပြန်ခဲ့ရတဲ့ အဆင့်ကို ဖြစ်နေရတယ်ဗျာ။ အရမ်းကိုဆိုး ပါတယ်””။
ကျွန်တော်က ရေလုပ်သား ဘ၀နဲ့လုပ်စားလာတ (၁၆)နှစ် သားမှာ ဒီကွင်းမှ လုပ်စားလာ တာ အသက်(၂၁)နှစ်ကျတော့ ရဲဘော်ဟောင်းက သိမ်းလို့ ဒီအင်း ကြီးကို ပေးလိုက်ရတယ်။ ပေးပြီး တဲ့နောက် အင်းဟာ ဟိုလူပိုင် တယ်၊ သိမ်းတယ်။ ဒီလူကပိုင်တယ်၊ သိမ်းတယ်။ မြုံးနီးရင် မြုံး သိမ်း၊ ပိုက်နီးရင် ပိုက်သိမ်းတယ်။ အဲဒီတော့ အခုအနေအထားမှာ အပိုင်းတစ်ပိုင်းလောက် ဖြစ်ဖြစ် လက်လုပ်လက်စားတွေကို ပြန် ပေးစေချင်တယ်။ ဒါမှလည်း ကျွန်တော်တို့မှာ လုပ်စားပိုင်ခွင့်ရှိ မှာ။ ဒါမှမဟုတ်ရင် မိသားစုတွေ အခက်အခဲဖြစ်မှာ။ဒီမှာကဆင်းရဲဒုက္ခရောက်တဲ့လူတွေများပါတယ်။ဒါကိုကျွန်တော်တို့တောင်းခံချင်ပါတယ်။ပြန်ပေးတော့ပေးပါလို့လူကြီးတွေသိ အောင် ပြောချင်ပါတယ်””တာ စုံကျေးရွာမှ ဦးအေးဝင်မှပြောကြာသွားသည်။
““ကျွန်တော်တို့အရင်နှစ်က ရှာစားရတဲ့ အနေအထားက အရမ်းကြပ်တည်းတယ်။ ဟိုဘက် ရော၊ ဒီဘက်ရော ရေတိုင်စိုက် လိုက်ကြရင် ကျွန်တော်တို့မှာ လုပ် စားစရာမရှိတော့ဘူးဗျ။ ဟိုဘက် အင်းသူကြီးကလည်း ရေတိုင်လာ စိုက်တယ်။ သူပိုင်တယ်လို့ဆို တယ်။ အခုလက်ရှိ ကျွန်တော် ဘေလင်းအင်း လုပ်ကွက်ထဲမှာ ပိုက်ချတယ်။ ဘုတ်ပြင်းမှာလည်း ရှာစားတဲ့ လူဦးရေက အများကြီး ပဲ။ ကျိုက်ဇတောကျေးရွာက လည်း ပါတယ်။ တာဆုံလည်းပါ တယ်။ ဖလောက်လည်းပါတယ်။ ကျဉ်းကျဉ်းကျုပ်ကျုပ် လေးထဲမှာ လုပ်စားနေကြတဲာဗျာ။ ကျွန် တော်တို့မရှိဆင်းရဲသားတွေကို လာကြည့်လို့တွေ့ရင် အရမ်းဝမ်း နည်းမှာ။ အရင်တုန်းက ပိုက်(၁၀) ဖုံချရင် မိသားစုတစ်စု ထမင်း ကောင်းကောင်းစားလို့ရတယ်။ အခုတော့များ ပိုက်သိမ်းသူသိမ်း၊ တစ်ခါတစ်ရံ ရေထဲက ကူးပြန် လာတယ်။ အင်းသူကြီးတွေက တစ်ခါတစ်ရံမှာ ရဲတွေပါခေါ်လာ ကြတယ်။ အဲဒီတော့ ကျွန်တော် တို့ကို နိုင်ငံတော်က ကျွန်တော်တို့ အခက်အခဲလေးတွေ ဖြေရှင်းတဲ့ အနေနဲ့ ကျွန်တော်တို့ကို သနား သောအားဖြင့် ရေလုပ်သားတွေ ရဲ့ လုပ်ကွက်ကို သတ်သတ်မှတ် မှတ်လေး ပြန်ပေးပါလို့ တောင်း ခံချင်ပါတယ်””ပျဉ်ပုံကြီးမှကိုကိုလတ်မှ ပြောကြားခဲ့သည်။။
““ကျွန်တော့်မှာ သားသမီး (၆)ယောက်ရှိတယ်ဗျ။ အဆင် မပြေလို့ (၁)ယောက်ပဲ ကျောင်း ထားနိုင်တယ်။ ကျန်တဲ့ (၅)ယောက် က ကျောင်းကထုတ်လိုက်ရ တယ်။ အဲဒါသာကြည့်တော့ပေါ့။ ဒီမှာ အခုလုပ်ကွက်မရှိတော့ တခြားနယ်မှာ အုတ်ဖုတ်လိုက်ရ တော့တယ်။ အဲဒီပြဿနာတွေကို နိုင်ငံတော်က ဖြေရှင်းပေးပါလို့ မေတ္တာရပ်ခံပါတယ်။ လုပ်ကွက် လေးတွေ ပြန်လည်ပြီးပေးပါလို့ တောင်းဆိုချင်ပါတယ်ဗျာ””ကျိုက်စဘောကျေးရွာမှ ကိုငယ်လေးက ပြောကြားသွားသည်။
ဒေသခံဝမ်းစာရှာစာသည့် ရေလုပ်သားများ ကြုံတွေ့နေရ သည့် အခက်အခဲများနှင့် ပတ် သက်၍ ကျိုက်ဇကောကျေးရွာ အုပ်ချုပ်ရေးမှူးဦးကျော်မိုးအား တွေ့ဆုံမေး မြန်းရာတွင် ““ကျွန်တော့်ဘက်က လုပ်ချင်တာလုပ်မှာပါ။ သူတို့ရဲ့ အခက်အခဲတွေကို အတတ်နိုင် ဆုံးကတော့ ဖြေရှင်းပေးမှာပါ။ အခုပြဿနာက သူတို့မှာ လုပ် ကွက်ပျောက်နေတယ်။ အင်းသူ ကြီးတွေဘက်ကလည်း သူတို့ရဲ့ ရေတိုင်သတ်မှတ်ချက်ထဲကို ကျူး ကျော်လို့သိမ်းတာတို့ဘာတို့လို့ တယ်။ ရေတိုင်သတ်မှတ်ချက် တိတိကျကျလုပ်ဖို့ကိုလည်း အင်း သူကြီးတွေကို ကျွန်တော်အတက် နိုင်ဆုံး ခေါ်ယူတွေ့ဆုံပြီး ခိုင်းမှာ ပါ။ ဒါက ကျွန်တော်ဘက်က လုပ်ရမယ့် ဘောင်တစ်ခုဖြစ် တယ်””ဟု ပြောသည်။
နိုင်ငံတော်၏ လေလံစနစ် သည် နိုင်ငံတော်အတွက် ၀င်ငွေ ရရှိသည်မှာ မှန်ကန်သော်လည်း လက်ရှိကြုံတွေ့နေရသော ဒေသ ခံလုပ်သားများ၏အကြပ်အတည်း ကို ပြန်ကြည့်စေချင်ကြောင်းနှင့် ကျေးရွာ(၅)ရွာရှိ ရလုပ်သားများသည်၎င်းတို့အခက်အခဲ များအား သက်ဆိုင်ရာဌာန အသီးသီးသို့ တင်ပြသွားမည်ဖြစ် ကြောင်း ဒေသခံရေလုပ်သားများ က ဆိုသည်။

စိုးဝင်းနိုင်

အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသောသတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။Photo :
ပဲခူးတိုင်းဒေသကြီး၊ဒိုက်ဦးမြို့နယ်အတွင်းရှိဧက(၁၀၀၀ကျော်ခန့်ရှိသောပဉ္စမပိုင်းအင်းကိုနိုင်ငံတော်ကလေလံစနစ်ပေးပြီးသည့်နောက်နှစ်ပေါင်းများစွာဝမ်းစာရှာ
ဖွေလုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းပြုနေ သော ကျေးရွာတစ်ရွာမှ ရေလုပ် သားများနှင့် )၎င်းတို့၏ မိသားစု ၀မ်းစာ စားဝတ်နေရေးအတွက် အခက်အခဲများစွာ ကြုံတွေ့နေရ ကြောင်း ရေလုပ်သားများက ဆို ကြသည်။

  The Hot News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis