menu

Monday 22 October 2012

ဘင်္ဂလီများအချင်းချင်း အချင်းများကြရာမှ လူထုအုံကြွကာ မီးလောင်မှုထိဖြစ်ပွား

Photo: ဘင်္ဂလီများအချင်းချင်း အချင်းများကြရာမှ လူထုအုံကြွကာ မီးလောင်မှုထိဖြစ်ပွား

Written by မင်းသွီး     Monday, 22 October 2012
      
အောက်တိုဘာလ (၂၁)ရက်နေ့ ညနေ(၉)နာရီခန့်တွင် မင်းပြားမြို့နယ် ပိုက်သည်ရွာရှိ ဘင်္ဂလီများအချင်းချင်း အချင်းများကြရာမှ လူထုအုံကြွမှုဖြစ်လာကာ မီးလောင်မှုများအထိ ဖြစ်ပွားခဲ့ရကြောင်း သိရှိရသည်။

ယင်းပိုက်သည်ရွာတွင် ဘင်္ဂလီအချင်းချင်း အချင်းများနေချိန်တွင် ပိုက်သည်ရွာမှ ဖြတ်သန်းသွားသော ရခိုင်တစ်ဦးအား လေးဂွနှင့်လှမ်းပစ်ရာ နှစ်ဘက်လုံး လူထုအုံကြွမှုဖြစ်လာပြီး ရဲနှင့်လုံထိန်းများလာရောက် ထိန်းချုပ်ခဲ့ကြရသည်။ ထိုသို့အခြေအနေကို ထိန်းချုပ်နေချိန်မှာပင် ဘင်္ဂလီဘက်မှ မိမိအိမ်ကို မိမိ မီးရှို့ထွက်ပြေးသဖြင့် အိမ်ခြေ(၁၈)ဆောင် လောင်ကျွမ်းသွားခဲ့ကြောင်း သိရှိရသည်။

"ဘင်္ဂလီတစ်ဦးက သူပိုင်တဲ့ နွားတင်းကုတ်လာက်ရှိတဲ့ အိမ်ကို မီးရှို့ပြီးတော့ ထွက်ပြေးတယ်။ အဲဒီမှာ မီးကဆက်တိုက်လောင်ပြီးတော့ (၁၈)အိမ်ပါသွားတာ။ သူတို့အိမ်တွေ မီးထဲပါသွားပြီဆိုရင် သူတို့ဒုက္ခသည်အဖြစ်နဲ့ ရိက္ခာရမယ်။ အဲလိုမျိုးကြံစည်တာဖြစ်မယ်။ အခုဦးလေးတို့ နေတဲ့ရွာနားက သရက်အုပ်ရွာဆိုတဲ့ ဘင်္ဂလီရွာကိုလည်း ဦးလေးကိုယ်တိုင် ရောက်ဖူးပါတယ်။ ည(၇)နာရီခွဲဆိုရင် ရခိုင်တွေက ဘင်္ဂလီရွာကို ၀င်ဖို့ဆိုတာ ဝေလာဝေးပါ။ အခုက သူတို့အချင်းချင်း ကိုယ့်အိမ်ကို မီးရှို့တာဖြစ်တယ်။ ဘင်္ဂလီတွေက ရခိုင်တွေဆီမှာ စပါးလည်းမရိတ်ရ၊ ကျောက်လည်းမခွဲရဆိုတော့  စီးပွားရေးက အဆင်မပြေ ဒုက္ခသည်တွေအဖြစ်နဲ့ ရိက္ခာလိုချင်လို့ အခုလိုမျိုးဖန်တီးတာဖြစ်မယ်။"ဟု မင်းပြားလွှတ်တော်အမတ် ဦးဒိုးအောင်ကျော်က ပြောသည်။

ယခုကဲ့သို့ မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်ရအောင် ဥပဒေစိုးမိုးရေးနဲ့ တာဝန်ရှိသူတွေဟာ အချိန်မှီ စနစ်တကျ တားဆီးဖြေရှင်းပေးသွားနိုင်ရန် အရေးကြီးကြောင်း ၄င်းက ဆက်ပြောသည်။

ည(၁၁)နာရီခွဲမှ စတင်၍လောင်ကျွမ်းခဲ့သော ရှို့မီးမှာ နံနက်(၄)နာရီခန့်မှ မီးငြိမ်းသတ်နိုင်ခဲ့သော်လည်း ပိုက်သည်ရွာမှ ပဋိပက္ခသည် သရက်အုပ်ကျေးရွာသို့ကူးစက်ကာ သရက်အုပ်ကျေးရွာမှ ဘင်္ဂလီများကလည်း မိမိအိမ်မိမိ မီးရှို့ရန် ကြိုးစားနေကြသဖြင့် စစ်တပ်နှင့် ရဲများ သွားရောက်ပြီး အခြေအနေများ ထိန်းချုပ်နေရကြောင်း သိရှိရသည်။


အေးချမ်းမွန်မှ Arakan Times တွင်ဖော်ပြသောသတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။Photo :
အောက်တိုဘာလ (၂၁)ရက်နေ့ ညနေ(၉)နာရီခန့်တွင် မင်းပြားမြို့နယ် ပိုက်သည်ရွာရှိ ဘင်္ဂလီများအချင်းချင်း အချင်းများကြရာမှ
လူထုအုံကြွမှုဖြစ်လာကာ မီးလောင်မှုများအထိ ဖြစ်ပွားခဲ့ရကြောင်း သိရှိရသည်။

ယင်းပိုက်သည်ရွာတွင် ဘင်္ဂလီအချင်းချင်း အချင်းများနေချိန်တွင် ပိုက်သည်ရွာမှ ဖြတ်သန်းသွားသော ရခိုင်တစ်ဦးအား လေးဂွနှင့်လှမ်းပစ်ရာ နှစ်ဘက်လုံး လူထုအုံကြွမှုဖြစ်လာပြီး ရဲနှင့်လုံထိန်းများလာရောက် ထိန်းချုပ်ခဲ့ကြရသည်။ ထိုသို့အခြေအနေကို ထိန်းချုပ်နေချိန်မှာပင် ဘင်္ဂလီဘက်မှ မိမိအိမ်ကို မိမိ မီးရှို့ထွက်ပြေးသဖြင့် အိမ်ခြေ(၁၈)ဆောင် လောင်ကျွမ်းသွားခဲ့ကြောင်း သိရှိရသည်။

"ဘင်္ဂလီတစ်ဦးက သူပိုင်တဲ့ နွားတင်းကုတ်လာက်ရှိတဲ့ အိမ်ကို မီးရှို့ပြီးတော့ ထွက်ပြေးတယ်။ အဲဒီမှာ မီးကဆက်တိုက်လောင်ပြီးတော့ (၁၈)အိမ်ပါသွားတာ။ သူတို့အိမ်တွေ မီးထဲပါသွားပြီဆိုရင် သူတို့ဒုက္ခသည်အဖြစ်နဲ့ ရိက္ခာရမယ်။ အဲလိုမျိုးကြံစည်တာဖြစ်မယ်။ အခုဦးလေးတို့ နေတဲ့ရွာနားက သရက်အုပ်ရွာဆိုတဲ့ ဘင်္ဂလီရွာကိုလည်း ဦးလေးကိုယ်တိုင် ရောက်ဖူးပါတယ်။ ည(၇)နာရီခွဲဆိုရင် ရခိုင်တွေက ဘင်္ဂလီရွာကို ၀င်ဖို့ဆိုတာ ဝေလာဝေးပါ။ အခုက သူတို့အချင်းချင်း ကိုယ့်အိမ်ကို မီးရှို့တာဖြစ်တယ်။ ဘင်္ဂလီတွေက ရခိုင်တွေဆီမှာ စပါးလည်းမရိတ်ရ၊ ကျောက်လည်းမခွဲရဆိုတော့ စီးပွားရေးက အဆင်မပြေ ဒုက္ခသည်တွေအဖြစ်နဲ့ ရိက္ခာလိုချင်လို့ အခုလိုမျိုးဖန်တီးတာဖြစ်မယ်။"ဟု မင်းပြားလွှတ်တော်အမတ် ဦးဒိုးအောင်ကျော်က ပြောသည်။

ယခုကဲ့သို့ မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်ရအောင် ဥပဒေစိုးမိုးရေးနဲ့ တာဝန်ရှိသူတွေဟာ အချိန်မှီ စနစ်တကျ တားဆီးဖြေရှင်းပေးသွားနိုင်ရန် အရေးကြီးကြောင်း ၄င်းက ဆက်ပြောသည်။

ည(၁၁)နာရီခွဲမှ စတင်၍လောင်ကျွမ်းခဲ့သော ရှို့မီးမှာ နံနက်(၄)နာရီခန့်မှ မီးငြိမ်းသတ်နိုင်ခဲ့သော်လည်း ပိုက်သည်ရွာမှ ပဋိပက္ခသည် သရက်အုပ်ကျေးရွာသို့ကူးစက်ကာ သရက်အုပ်ကျေးရွာမှ ဘင်္ဂလီများကလည်း မိမိအိမ်မိမိ မီးရှို့ရန် ကြိုးစားနေကြသဖြင့် စစ်တပ်နှင့် ရဲများ သွားရောက်ပြီး အခြေအနေများ ထိန်းချုပ်နေရကြောင်း သိရှိရသည်။


  Arakan Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis