menu

Monday 22 October 2012

ကြေးနီတောင်စီမံကိန်းနှင့်ပတ်သက်သည့်တရုတ်အစိုးရ၏သဘောထားကို တရုတ်သံအမတ်ပြော

ကြေးနီတောင်စီမံကိန်းသည် မြန်မာနိုင်ငံအစိုးရအတွက် ဖြစ်စေ၊ ပြည်သူအတွက်ဖြစ်စေ ကောင်းကျိုး မရှိပါက တရုတ်အစိုးရက ခွင့်ပြု သွားမည် မဟုတ်ဟု အာမခံကြောင်း အောက်တိုဘာလ (၉)ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တရုတ် နိုင်ငံ သံအမတ်ပြောသည်။
''ကျွန်တော် ပြော

ချင်တာက ကြေးနီးစီမံကိန်း အကောင်အထည် ဖော်ပြီးတဲ့နောက်မှာ ခုနက အများ စိုးရိမ်ထားတဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ရှိ/မရှိ၊ စိမ်းလန်းစိုပြေ မှု ရှိ/မရှိ၊ ရေတွေ ကောင်းမကောင်း ဆိုတာ ပြန်ပြီးတော့ သက်သေပြ သွားမှာ ဖြစ်ပါတယ်။ ကျွန်တော် တရုတ်နိုင်ငံရဲ့ သံအမတ်ကြီး ဖြစ် ပါတယ်။ ကျွန်တော် တာဝန်သိသိနဲ့ စကားတစ်ခွန်း ပြောချင်လို့ပါ။ တ ကယ်လို့ အဲဒီစီမံကိန်းဟာ မြန်မာ့ နိုင်ငံအစိုးရအတွက်ပဲ ဖြစ်ဖြစ်၊ ပြည်သူအတွက်ပဲ ဖြစ်ဖြစ် ကောင်း ကျိုးမရှိဘူးဆိုရင် ကျွန်တော်တို့ တရုတ်အစိုးရက ခွင့်ပြုသွားမှာ မဟုတ်ဘူးလို့ ကျွန်တော် အာမခံ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ကြားထဲမှာ တရုတ်ကုမ္ပဏီရဲ့
ပြယုဂ် မကဘဲနဲ့ တရုတ်နိုင်ငံအစိုးရရဲ့ ပြယုဂ်ကို ထင်ဟပ်ပါတယ်''ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံ အမတ်ကြီး လီကျင်ဝါက ပြောသည်။
အစိုးရဖြစ်စေ၊ ရင်းနှီးမြှုပ်နှံ သည့် ကုမ္ပဏီကဖြစ်စေ၊ မြန်မာနိုင်ငံ မိတ်ဖက်ကုမ္ပဏီဖြစ်စေ စီမံကိန်းကို အကောင်အထည် ဖော်ပါက အပြည် ပြည်ဆိုင်ရာ စံချိန်စံညွှန်းအတိုင်း အကောင်အထည် ဖော်သွားမည်ဖြစ် ကြောင်း သံအမတ်ကြီးက ထပ်မံ ပြောကြားခဲ့သည်။ တရုတ်သံအမတ် ကြီး၏ ပြောကြားချက်နှင့် ပတ်သက် ၍ မြန်မာ့နိုင်ငံရေး လေ့လာသူ ကိုကျော် လင်းဦးက -
''ကြေးနီစီမံကိန်းနဲ့ ပတ်သက် လို့ အသံတွေ ရှိနေပါတယ်။ ဒေသ ခံတွေရဲ့ မလိုလားတဲ့ ဟာတွေ ဖြစ် လာတယ်။ တရုတ်သံအမတ်ကြီး အနေနဲ့ ဒီလိုပြောရင် ကောင်းပါ တယ်။ အကျိုးရှိတယ် မရှိဘူးဆို တာကတော့ သုံးသပ်ရဦးမှာပေါ့။ ကြေးနီထုတ်နေတာကတော့ ကြာပါ ပြီ။ သဘာဝပတ်ဝန်းကျင်လည်း ပျက်စီးနေတာ တွေ့ရတယ်။ ဒေသ ခံ ပြည်သူလူထု ကျေနပ်ရင် ကိစ္စ မရှိဘူး။ မကျေနပ်ရင်တော့ တရုတ် ကုမ္ပဏီအနေနဲ့ စဉ်းစားပေးဖို့ လို တယ်''ဟု ပြောသည်။
မုံရွာခရိုင် ဆားလင်းကြီးမြို့ နယ်ရှိ ကြေးနီစီမံကိန်းတွင် ကြေး စင်တောင်နှင့် စံပယ်တောင်ကို ဂျပန် ကုမ္ပဏီမှတစ်ဆင့် သြစတေးလျ အိုက်ပင်ဟိုကုမ္ပဏီက လုပ်ဆောင် ခဲ့ပြီး၊ ယခု ကြေးနီစီမံကိန်းအားလုံး ကို မြန်မာ ဝန်ပေါင်ကုမ္ပဏီက လုပ် ဆောင်နေကြောင်း သိရသည်။
''အရင်က လုပ်ခဲ့တဲ့ကိစ္စ၊ အခု ပွင့်လင်းမြင်သာလာတဲ့အခါ ဒေသခံက မလိုလားရင်း ဆက်လုပ် သင့် မလုပ်သင့်၊ ဦးပိုင်ရော၊ တရုတ် ကုမ္ပဏီရော စဉ်းစားသင့်တယ်။ တရုတ်သံအမတ်က ပြောတယ်ဆို ရင်တော့ အင်မတန်ကောင်းတဲ့ စကား ပါ။ ဒီလူနဲ့ ဒေသခံတွေက မလို လားဘူးဆိုရင် တိုင်းပြည်အတွက် အကျိုးရှိတယ်ပဲထားဦး၊ အရေးကြီး တာက အစိုးရနဲ့ ကုမ္ပဏီကပဲ ဆုံး ဖြတ်ရတော့မှာလေ''ဟု မြန်မာ အစိမ်းရောင်ကွန်ရက်မှ ဥက္ကဋ္ဌ ဒေါ် ဒေဝီသန့်ဇင်က ပြောသည်။
အဆိုပါ ကြေးနီစီမံကိန်းသည် ဒေသခံများနှင့် သဘာဝပတ်ဝန်း ကျင်ကို ထိခိုက်သဖြင့် ကန့်ကွက် မှုများ ဘက်စုံထောင့်စုံမှ ရှိနေကာ ပြန်လည် စဉ်းစားရန် တောင်းဆိုမှု များလည်း ရှိနေခဲ့သည်။ စီမံကိန်း ကို မြန်မာ့စီးပွားရေး ဦးပိုင်နှင့် Myanmar Wanbao Mining Copper Co.Ltd တို့ Production Sharing Contract စနစ်ဖြင့် ပူးပေါင်း ဆောင်ရွက်ကာ မိုင်းလုပ်ပိုင်ခွင့်အား မြန်မာ့စီးပွားရေးဦးပိုင်မှ ရရှိကာ သတ္တုတွင်းလုပ်ပိုင်ခွင့်အား တရုတ် ကုမ္ပဏီမှ ရရှိထားကြောင်း သိရ သည်။

Messenger News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis