menu

Monday 22 October 2012

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ဟိုတယ်၊ အဆောက်အဦးများ တိုးချဲ့လာမှုနှင့်စပ်လျဉ်း၍ ဆန္ဒဖော်ထုတ်

Photo: ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ဟိုတယ်၊ အဆောက်အဦးများ တိုးချဲ့လာမှုနှင့်စပ်လျဉ်း၍ ဆန္ဒဖော်ထုတ်

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဟိုတယ်၊ အဆောက်အဦးများ တိုးချဲ့လာမှုနှင့်စပ်လျဉ်း၍ ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကို အောက်တိုဘာ ၂၂ ရက်နေ့ (ယနေ့) နံနက် ၉ နာရီက ပုဂံ ညောင်ဦးမြို့တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် ဒေသခံ အင်အား ၁၀၀ ၀န်းကျင်ခန့်ပါဝင်ခဲ့ပြီး ပုဂံမြို့သစ်ရှိ TREASURE ဟိုတယ် ရှေ့မှစတင်၍ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ပုဂံမြို့သစ်၊ မြင်းကပါ နှင့် အနော်ရထာလမ်း အတိုင်း လမ်း လျှောက်ချီတက်ခဲ့ကြကြောင်း သိရသည်။

''ခုလိုဆန္ဒဖော်ထုတ်ရတဲ့ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ပုဂံရှေးဟောင်းဒေသအမွေအနှစ် စေတီ၊ ပုထိုးတွေဝန်းကျင်မှာ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ တိုးချဲ့လာတဲ့အတွက် ဖြစ်ပါတယ်။''ဟု ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ဦးရွက်ပြုသူတစ်ဦးဖြစ်သည့် ကိုမင်းနိုင်အောင်က ပြောပါသည်။

ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးဥပဒေများကို ကျောသားရင်သား မခွဲခြားဘဲ ဆောင်ရွက်ပေးရန်အတွက်လည်း ရည်ရွယ်ကြောင်း ၎င်းင်းက သတင်းထောက်များကို ပြောပါသည်။

ဆန္ဒဖော်ထုတ်သည့်အကြောင်းအရာများတွင် ရှေးဟောင်းဇုန်အတွင်း ဟိုတယ်များ တည်ဆောက်ခွင့်ပြုထားခြင်း၊ ရှေးဟောင်းစေတီပုထိုးများအား ဟိုတယ်များအတွင်း ၀ိုင်းခတ်ခြုံငုံထားခြင်း၊ ဗူးဘုရားအနီး ဇာတ်ခုံနှင့် ညဈေးတန်းများ၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု ပြတိုက်ရှေ့နှင့် အာနန္ဒာဘုရားမြောက်ဘက်အလွန် ဆိုင်ခန်းများ၊ ရွှေစည်းခုံ့ဘုရားအနီး နန်းကြီးကုန်းရှေးဟောင်းဇုန်နယ်မြေပေါ်တွင် တိုးချဲ့ဆောက်လုပ်သည့် အဆောက်အဦးများ ပါဝင်ကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် လိုက်ပါလာသူ ပုဂံမြို့သစ်သူတစ်ဦးကလည်း''အစ်မတို့က အမွေအနှစ်တွေ ထိန်းသိမ်းဖို့ဆိုပြီး ပုဂံမြို့ဟောင်းကနေ မြို့သစ်ကို ၁၉၉၀ လောက်မှာ အခက်အခဲအမျိုးမျိုးကြားက ပြောင်းရွှေ့ပေးခဲ့ရတယ်။ ခုအဲ့ဒီနေရာမှာ တိုးချဲ့ချင်တိုင်း တိုးချဲ့လာတဲ့အတွက် ခုလိုဆန္ဒဖော်ထုတ်ရတာပါ''ဟု ပြောပါသည်။

နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် အာနန္ဒာဘုရားအနီး၌ ငြိမ်းချမ်းစွာလူစုခွဲ ပြီးဆုံးခဲ့ကြောင်း သိရသည်။

အေးချမ်းမွန်မှEleven Media Group ဖော်ပြသောသတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဟိုတယ်၊ အဆောက်အဦးများ တိုးချဲ့လာမှုနှင့်စပ်လျဉ်း၍ ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကို အောက်တိုဘာ ၂၂ ရက်နေ့ (ယနေ့) နံန
က် ၉ နာရီက ပုဂံ ညောင်ဦးမြို့တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် ဒေသခံ အင်အား ၁၀၀ ၀န်းကျင်ခန့်ပါဝင်ခဲ့ပြီး ပုဂံမြို့သစ်ရှိ TREASURE ဟိုတယ် ရှေ့မှစတင်၍ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ပုဂံမြို့သစ်၊ မြင်းကပါ နှင့် အနော်ရထာလမ်း အတိုင်း လမ်း လျှောက်ချီတက်ခဲ့ကြကြောင်း သိရသည်။

''ခုလိုဆန္ဒဖော်ထုတ်ရတဲ့ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ပုဂံရှေးဟောင်းဒေသအမွေအနှစ် စေတီ၊ ပုထိုးတွေဝန်းကျင်မှာ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ တိုးချဲ့လာတဲ့အတွက် ဖြစ်ပါတယ်။''ဟု ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ဦးရွက်ပြုသူတစ်ဦးဖြစ်သည့် ကိုမင်းနိုင်အောင်က ပြောပါသည်။

ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးဥပဒေများကို ကျောသားရင်သား မခွဲခြားဘဲ ဆောင်ရွက်ပေးရန်အတွက်လည်း ရည်ရွယ်ကြောင်း ၎င်းင်းက သတင်းထောက်များကို ပြောပါသည်။

ဆန္ဒဖော်ထုတ်သည့်အကြောင်းအရာများတွင် ရှေးဟောင်းဇုန်အတွင်း ဟိုတယ်များ တည်ဆောက်ခွင့်ပြုထားခြင်း၊ ရှေးဟောင်းစေတီပုထိုးများအား ဟိုတယ်များအတွင်း ၀ိုင်းခတ်ခြုံငုံထားခြင်း၊ ဗူးဘုရားအနီး ဇာတ်ခုံနှင့် ညဈေးတန်းများ၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု ပြတိုက်ရှေ့နှင့် အာနန္ဒာဘုရားမြောက်ဘက်အလွန် ဆိုင်ခန်းများ၊ ရွှေစည်းခုံ့ဘုရားအနီး နန်းကြီးကုန်းရှေးဟောင်းဇုန်နယ်မြေပေါ်တွင် တိုးချဲ့ဆောက်လုပ်သည့် အဆောက်အဦးများ ပါဝင်ကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် လိုက်ပါလာသူ ပုဂံမြို့သစ်သူတစ်ဦးကလည်း''အစ်မတို့က အမွေအနှစ်တွေ ထိန်းသိမ်းဖို့ဆိုပြီး ပုဂံမြို့ဟောင်းကနေ မြို့သစ်ကို ၁၉၉၀ လောက်မှာ အခက်အခဲအမျိုးမျိုးကြားက ပြောင်းရွှေ့ပေးခဲ့ရတယ်။ ခုအဲ့ဒီနေရာမှာ တိုးချဲ့ချင်တိုင်း တိုးချဲ့လာတဲ့အတွက် ခုလိုဆန္ဒဖော်ထုတ်ရတာပါ''ဟု ပြောပါသည်။

နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် အာနန္ဒာဘုရားအနီး၌ ငြိမ်းချမ်းစွာလူစုခွဲ ပြီးဆုံးခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis