menu

Monday 22 October 2012

မင်းပြားမြို့ ပဋိပက္ခ မြောက်ဦးမြို့နယ်အထိ ကူးစက်

Photo: မင်းပြားမြို့ ပဋိပက္ခ မြောက်ဦးမြို့နယ်အထိ ကူးစက်

Written by ခိုင်ခိုင်     Monday, 22 October 2012 
 
မြောက်ဦးမြို့နှင့် မိုင်အနယ်းငယ်ခန့်ဝေးသော ပရိန်ကျေးရွာတွင် ဘင်္ဂလီများ မိမိအိမ်များကို မီးရှို့ပြီး ရခိုင်ရွာများကို မီးရှို့ရန် ကြိုးစားနေခြင်းကို ရခိုင်များက ခုံခံကာကွယ်နေရကြောင်း သတင်းရရှိ သည်။

ပရိန်ရွာတွင် မီးလောင်ကျွမ်းနေခြင်းကို ကိုယ်တိုင် မြင်တွေ့နေရသော မြောက်ဦးမြို့ခံတစ်ဦးက " တစ်ရွာလုံးတော့ မပါသေးဘူး။ ဒီကနေ့ မီးခိုးတွေ ထွက်နေတာကိုပဲ မြင်နေရပါတယ်။ လောင်နေတာကတော့ နံနက်(၇)နာရီလောက်ကတည်းက ပန်းမြောင်းရွာဘက်က ဘင်္ဂလီတွေက သူတို့အိမ်တွေကို မီးရှို့ပြီးတော့ ပရိန်ရွာဖက်ကို ထွက်သွားကြပါတယ်။ ပရိန်ရွာမှာ အိမ်ခြေက (၈၀၀)ခန့်ရှိပြီးတော့ ဘင်္ဂလီ(၁၅၀၀)ခန့်က ရခိုင်ရွာတွေကို မီးရှို့ရန် ကြိုးစားနေကြပါတယ်။ ရခိုင်တွေကလည်း မီးမရှို့ရအောင် ခုံခံကာကွယ် နေကြပါတယ်။ ရခိုင်လူငယ် (၅)ယောက်ခန့် ကျဆုံးသွားတယ်လို့ သိရပါတယ်။ အတိအကျတော့ မသိရသေးဘူး " ဟု ပြောသည်။

ဘင်္ဂလီနှင့်ရခိုင် နှစ်ဖက်စလုံးမှ ဒုတ်၊ ဓါးများဖြင့် အခင်းဖြစ်ပေါ်လျှက်ရှိပြီး စစ်တပ်မှ အခြေအနေများ ငြိမ်သက်ရန် ထိန်းချုပ်လျှက်ရှိကြောင်း သိရှိရသည်။

နောက်ဆက်တွဲ သတင်းအပြည့်အစုံကို ဆက်လက်ဖ်ာပြပါဦးမည်။


အေးချမ်းမွန်မှ Arakan Times တွင်ဖော်ပြသောသတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။Photo :
မြောက်ဦးမြို့နှင့် မိုင်အနယ်းငယ်ခန့်ဝေးသော ပရိန်ကျေးရွာတွင် ဘင်္ဂလီများ မိမိအိမ်များကို မီးရှို့ပြီး ရခိုင်ရွာများကို မီးရှို့ရန် ကြိုးစားနေခြ
င်းကို ရခိုင်များက ခုံခံကာကွယ်နေရကြောင်း သတင်းရရှိ သည်။

ပရိန်ရွာတွင် မီးလောင်ကျွမ်းနေခြင်းကို ကိုယ်တိုင် မြင်တွေ့နေရသော မြောက်ဦးမြို့ခံတစ်ဦးက " တစ်ရွာလုံးတော့ မပါသေးဘူး။ ဒီကနေ့ မီးခိုးတွေ ထွက်နေတာကိုပဲ မြင်နေရပါတယ်။ လောင်နေတာကတော့ နံနက်(၇)နာရီလောက်ကတည်းက ပန်းမြောင်းရွာဘက်က ဘင်္ဂလီတွေက သူတို့အိမ်တွေကို မီးရှို့ပြီးတော့ ပရိန်ရွာဖက်ကို ထွက်သွားကြပါတယ်။ ပရိန်ရွာမှာ အိမ်ခြေက (၈၀၀)ခန့်ရှိပြီးတော့ ဘင်္ဂလီ(၁၅၀၀)ခန့်က ရခိုင်ရွာတွေကို မီးရှို့ရန် ကြိုးစားနေကြပါတယ်။ ရခိုင်တွေကလည်း မီးမရှို့ရအောင် ခုံခံကာကွယ် နေကြပါတယ်။ ရခိုင်လူငယ် (၅)ယောက်ခန့် ကျဆုံးသွားတယ်လို့ သိရပါတယ်။ အတိအကျတော့ မသိရသေးဘူး " ဟု ပြောသည်။

ဘင်္ဂလီနှင့်ရခိုင် နှစ်ဖက်စလုံးမှ ဒုတ်၊ ဓါးများဖြင့် အခင်းဖြစ်ပေါ်လျှက်ရှိပြီး စစ်တပ်မှ အခြေအနေများ ငြိမ်သက်ရန် ထိန်းချုပ်လျှက်ရှိကြောင်း သိရှိရသည်။

နောက်ဆက်တွဲ သတင်းအပြည့်အစုံကို ဆက်လက်ဖ်ာပြပါဦးမည်။

Arakan Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis