menu

Monday 22 October 2012

DVB သတင်းထောက်နှင့် ကျောင်းသားမိဘတို့အား အပြစ်ရှိကြောင်းစွဲချက်တင်

မကွေးးတိုင်းပညာရေးမှူးရုံးတွင် သတင်းယူသည့်ကိစ္စဖြင့် တရားစွဲဆိုခံထားရသောDVBသတင်းထောက်ကိုဇော်ဖေနှင့် ကျောင်းသား မိဘကိုလှိုင်လှိုင်တို့အား မြို့နယ်တရားသူကြီးရုံးမှ အောက်
တိုဘာလ(၂၂)တွင်စစ်ဆေးသောရုံးချိန်း၌စွဲချက်တင်လိုက်သည်။

သတင်းထောက်ကိုဇော်ဖေအားပုဒ်မ(၃၅၃၊၄၄၈)တို့ဖြင့်၎င်း၊ကျောင်းသားမိဘအား အားပေးကူညီမှုပုဒ်မ(၁


၄၄)ပူးတွဲလျှက်စွဲချက်တင်လိုက်ခြင်းဖြစ်သည်။

စွဲချက်တင်ခံရသူဘက်မှ အပြစ်မရှိကြောင်း ထုခြေတင်နိုင်ရန်နှင့် တရားလို အားပြန်ခေါ် စစ်ဆေးချက်ယူနိုင်ရန်(၃၁)ရက်နေ့သို့ ရုံးချိန်းပြန် လည်ချိန်း ဆိုခဲ့သည်။

` စွဲချက်တင်တဲ့အတွက်ကတော့အယူခံဆက် ဝင်သွား မှာပါ`ဟု အကျိုး ဆောင်ရှေ့နေ ဦးဇော်မင်းဦး မှ ပြောသည်။

ဦးမင်း

Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis