menu

Monday 22 October 2012

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်အသင်းများ မီးပုံးပျံများကို ကြိုတင်ပြုလုပ်

Photo: တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်အသင်းများ မီးပုံးပျံများကို ကြိုတင်ပြုလုပ် ရှမ်းပြည်နယ်တောင်ကြီးမြို့၏ နာမည်ကျော် ပွဲတော်တစ်ခုဖြစ်သော တန်ဆောင်တိုင်မီးပုံးပျံ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ရန်၊ မီးပုံးပျံများ ကြိုတင် ပြုလုပ်လျက်ရှိ

MONDAY, 22 OCTOBER 2012 14:34

ရှမ်းပြည်နယ်တောင်ကြီးမြို့၏ နာမည်ကျော် ပွဲတော်တစ်ခုဖြစ်သော တန်ဆောင်တိုင်မီးပုံးပျံ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ရန်၊ မီးပုံးပျံများ ကြိုတင်
ပြုလုပ်လျက်ရှိကြောင်း၊ ပြိုင်ပွဲဝင် စာရင်းသွင်းရန်ရက်နှင့် မဲနှိုက်ရန်ရက်များ သတ်မှတ်ပြီးဖြစ်ကြောင်း မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီထံမှ
သိရသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ က တောင်ကြီးမြို့၊ ကန်အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ် သော ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီ၊ ပဏာမညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်အရ ပြိုင်ပွဲဝင် မီးပုံးပျံစာရင်းကို
အောက်တိုဘာလ၂၀ရက်မှ နိုဝင်ဘာလ ၁၁ ရက်နေ့ အထိ လက်ခံသွား
မည်ဖြစ်ပြီး နိုဝင်ဘာလ ၁၂ရက်နေ့တွင် ပွဲစဉ် ရေးဆွဲမဲနှိုက်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်မီးပုံးပျံများလျင် နိုဝင်ဘာလ၂၁ ရက်နေ့မှ ၂၉ရက်နေ့အထိလွှတ်တင်
ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ယခင်နှစ်က ပြိုင်ပွဲရက်စုစုပေါင်း ရှစ်ရက်ရှိခဲ့ပြီး ညမီးကြီး ၇၅ လုံး၊ စိန်နားပန် ၃၂ လုံး၊ နေ့လွှတ်အရုပ် ၃၀၄ လုံး ပြိုင်ပွဲဝင်ခဲ့ကြောင်း၊ ယခု နှစ်တွင် ယခင်နှစ်ထက် မီးပုံးပျံပြုလုပ်သော မှိုင်းခံစက္ကူ (ရှမ်းစက္ကူ/ မိုင်းကိုင်စက္ကူဟု
လည်းခေါ်) ဈေးတက်ခဲ့ကြောင်း၊ ယခင်နှစ်က တစ်ရွက်လျင် ကျပ်၁၈၀ မှ ကျပ် ၂၀၀ ဈေးရှိသော ရှမ်းစက္ကူမှာ ယခုနှစ် တစ်ရွက်လျင် ကျပ်၂၀၀မှ ကျပ် ၂၃၀ အထိ ဈေးတက်ခဲ့ကြောင်း၊ ညမီးကြီး နှင့် စိန်နားပန်မီးပုံးပျံများကို
အဓိက ပြုလုပ်သော ရှမ်းစက္ကူမှာ မိုင်းကိုင်၊ မိုင်းနောင်၊ ကွန်ဟိန်း၊ ပင်းတယ၊ ပင်လောင်းမြို့နယ်များမှ ထွက်ရှိပြီး မီးကြီးတစ်လုံးလျင် ရှမ်းစက္ကူကို အသုံးပြု
သူများကြောင်း၊ မီးပုံးပျံ မီး ကြီးတစ်လုံးလျင် ခေါင်အချင်း ၂၄ ပေ၊ နံထောင် (အမြင့်) ၂၃ ပေရှိ၍ ခေါင်အချင်း ၁၈ ပေ၊ အမြင့်၁၆ ပေ ရှိ၍ စက္ကူရွက်ရေ ၇၀၀ ကျော် အသုံးပြုရကြောင်း၊ နေ့လွှတ်အရုပ်ကြီးလျင် ရှမ်းစက္ကူကို အသုံးပြုပြီး၊ အရုပ်အလတ် နှင့် အငယ်များအတွက် ဆီစိမ်စက္ကူနှင့် တစ်ရှူးအပါးကို အသုံးပြုရကြောင်း မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းထံမှ သိရှိရသည်။ 

အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။Photo :Eleven Media Group

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis