menu

Wednesday 10 October 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ မြန်မာပညာသင်များ နှင့်တွေ့ဆုံ

Photo: နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ မြန်မာပညာသင်များ နှင့်တွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၉

ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အောက်တိုဘာ(၈)ရက် ညနေ (၆) နာရီ (၁ဝ) မိနစ်တွင် ဆိုးလ်မြို့ရှိ ကိုရီးယားသမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံရုံး၌ သံအမတ်ကြီး ဦးညွန့်လှိုင်၊ စစ်သံမှူး ဗိုလ်မှူးချုပ် မြင့်ဟိန်း၊ သံရုံး၊စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုများနှင့် ကိုရီးယားသမ္မတနိုင်ငံတွင် ပညာ သင်ကြားနကြသည့် မြန်မာပညာသင်များနှင့် တွေ့ဆုံ၍ သြဝါဒစကားပြောကြားသည်။ 

နိုင်ငံတော်သမ္မတက သြဝါဒစကား ပြောကြားရာတွင် မိမိတို့ နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရန် အခြေခံကောင်းများ ရှိသော်လည်း နှစ်ပေါင်း(၂ဝ)ကျော် စီးပွားရေး ပိတ်ဆို့မှုခံရသဖြင့် ဖွံ့ဖြိုးမှု နောက်ကျကျန်လျက်ရှိကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လယ်ယာကဏ္ဍကိုသာ ဆောင်ရွက်နေရုံဖြင့် မရရှိနိုင်ဘဲ စက်မှုနိုင်ငံ ထူထောင်နိုင်မှသာ တိုးတက် နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် သဘာဝ သယံဇာတ ပေါကြွယ်ဝပြီး သင့်တင့်မျှတသော ရေမြေရာသီဥတု ရှိသော်လည်း စက်မှုနိုင်ငံထူထောင်နိုင်ရန် အတွက် အရင်းအနှီး၊ အတတ်ပညာနှင့် လူ့စွမ်းအား အရင်းအမြစ်များ ပြည့်စုံမှု မရှိသေးကြောင်း၊ ထို့ကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဖိတ်ခေါ်နေခြင်းဖြစ်ကြောင်း၊ ယခင်က စီးပွားရေး နှင့် ငွေကြေး စီးဆင်းမှုတို့ကို ပိတ်ဆို့ထားမှုကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ မလာ ရောက်နိုင် ဖြစ်ခဲ့ရကြောင်း။ 

မိမိတို့နိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေးမူဝါဒသစ်အရ ကမ္ဘာ့နိုင်ငံများနှင့် အရှေ့အနောက် မခွဲခြားဘဲ သင့်တင့်အောင် ဆက်ဆံလျက်ရှိကြောင်း၊ ယင်းသို့ ဆက်ဆံသည့်အတွက် စီးပွားရေးပိတ်ဆို့မှုများ ဖြေလျှော့ပေးလာခဲ့ပြီး ယခုအခါ မိမိတို့နိုင်ငံမှ ပို့ကုန်များအား အမေရိကန်နိုင်ငံသို့ ပြန်လည်တင်သွင်းခွင့်၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ပို့ကုန်များ တင်ပို့ရာတွင် GSP ခံစားခွင့်များရရှိလာတော့မည် ဖြစ်ကြောင်း၊ ထို့အတူ စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျှော့ပေးခဲ့သည့် အတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများလည်း ဝင်ရောက် လာလျက်ရှိကြောင်း၊ ယင်းသို့ ဝင်ရောက်လာပါက ပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းများရရှိလာပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးလာမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးမှု နောက်ကျ ကျန်ခဲ့ရခြင်း အကြောင်းရင်းတစ်ခုမှာ လွတ်လပ်ရေးရပြီးကတည်းက ပေါ်ပေါက် လာခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဖြစ်ကြောင်း၊ အချင်းချင်း စည်းလုံး ညီညွတ်မှု အားနည်း ခဲ့၍ တိုးတက်မှု နှေးကွေးခဲ့ရကြောင်း၊ ယခုအခါ မိမိတို့ အစိုးရ အနေဖြင့် နိုင်ငံရေး တည်ငြိမ် အေးချမ်းရေးနှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး တို့အတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း။ 

နိုင်ငံတည်ငြိမ်အေးချမ်းပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာမှုကြောင့် စက်ရုံ၊ အလုပ်ရုံများ ပေါ်ထွန်းလာပါက ၎င်းတို့ထံမှ နည်းပညာများလည်း ရယူကြရမည် ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရန်အတွက် အသိဥာဏ်ပညာနှင့် ဝီရိယထား ကြိုးစား လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း၊ အခြားနိုင်ငံတစ်ခုတွင် ရောက်ရှိနေထိုင်စဉ် ယင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာနေကြရန် လိုအပ်ကြောင်းဖြင့် ပြောကြားသည်။ 

ထို့နောက် နိုင်ငံတော်သမ္မတက သံအမတ်ကြီး၊ စစ်သံမှူးနှင့် ဝန်ထမ်းများ၊ မိသားစုဝင် များနှင့် မြန်မာပညာသင်များအား လက်ဆောင်ပစ္စည်းများကို ပေးအပ်သည်။ 

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ဆိုးလ်မြို့ကို ဖြတ်သန်း စီးဆင်းနေ သော ဟန်မြစ်အတွင်း သီးသန့်သင်္ဘောဖြင့် လှည့်လည်ကြည့်ရှုကြသည်။ 

နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား သံအမတ်ကြီး ဦးညွန့်လှိုင်က သီးသန့်သင်္ဘောပေါ် တွင် ညစာဖြင့် တည်ခင်းဧည့်ခံသည်။

News from : နိုင်ငံတော်သမ္မတရုံး website
Post By : Aye Chan Mon
ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့တွင် ရောက်ရှိနေသည့် နိုင်င
ံတော်သမ္မတဦးသိန်းစိန်သည် အောက်တိုဘာ(၈)ရက် ညနေ (၆) နာရီ (၁ဝ) မိနစ်တွင် ဆိုးလ်မြို့ရှိ ကိုရီးယားသမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံရုံး၌ သံအမတ်ကြီး ဦးညွန့်လှိုင်၊ စစ်သံမှူး ဗိုလ်မှူးချုပ် မြင့်ဟိန်း၊ သံရုံး၊စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုများနှင့် ကိုရီးယားသမ္မတနိုင်ငံတွင် ပညာ သင်ကြားနကြသည့် မြန်မာပညာသင်များနှင့် တွေ့ဆုံ၍ သြဝါဒစကားပြောကြားသည်။

နိုင်ငံတော်သမ္မတက သြဝါဒစကား ပြောကြားရာတွင် မိမိတို့ နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရန် အခြေခံကောင်းများ ရှိသော်လည်း နှစ်ပေါင်း(၂ဝ)ကျော် စီးပွားရေး ပိတ်ဆို့မှုခံရသဖြင့် ဖွံ့ဖြိုးမှု နောက်ကျကျန်လျက်ရှိကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လယ်ယာကဏ္ဍကိုသာ ဆောင်ရွက်နေရုံဖြင့် မရရှိနိုင်ဘဲ စက်မှုနိုင်ငံ ထူထောင်နိုင်မှသာ တိုးတက် နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် သဘာဝ သယံဇာတ ပေါကြွယ်ဝပြီး သင့်တင့်မျှတသော ရေမြေရာသီဥတု ရှိသော်လည်း စက်မှုနိုင်ငံထူထောင်နိုင်ရန် အတွက် အရင်းအနှီး၊ အတတ်ပညာနှင့် လူ့စွမ်းအား အရင်းအမြစ်များ ပြည့်စုံမှု မရှိသေးကြောင်း၊ ထို့ကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဖိတ်ခေါ်နေခြင်းဖြစ်ကြောင်း၊ ယခင်က စီးပွားရေး နှင့် ငွေကြေး စီးဆင်းမှုတို့ကို ပိတ်ဆို့ထားမှုကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ မလာ ရောက်နိုင် ဖြစ်ခဲ့ရကြောင်း။

မိမိတို့နိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေးမူဝါဒသစ်အရ ကမ္ဘာ့နိုင်ငံများနှင့် အရှေ့အနောက် မခွဲခြားဘဲ သင့်တင့်အောင် ဆက်ဆံလျက်ရှိကြောင်း၊ ယင်းသို့ ဆက်ဆံသည့်အတွက် စီးပွားရေးပိတ်ဆို့မှုများ ဖြေလျှော့ပေးလာခဲ့ပြီး ယခုအခါ မိမိတို့နိုင်ငံမှ ပို့ကုန်များအား အမေရိကန်နိုင်ငံသို့ ပြန်လည်တင်သွင်းခွင့်၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ပို့ကုန်များ တင်ပို့ရာတွင် GSP ခံစားခွင့်များရရှိလာတော့မည် ဖြစ်ကြောင်း၊ ထို့အတူ စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျှော့ပေးခဲ့သည့် အတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများလည်း ဝင်ရောက် လာလျက်ရှိကြောင်း၊ ယင်းသို့ ဝင်ရောက်လာပါက ပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းများရရှိလာပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးလာမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးမှု နောက်ကျ ကျန်ခဲ့ရခြင်း အကြောင်းရင်းတစ်ခုမှာ လွတ်လပ်ရေးရပြီးကတည်းက ပေါ်ပေါက် လာခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဖြစ်ကြောင်း၊ အချင်းချင်း စည်းလုံး ညီညွတ်မှု အားနည်း ခဲ့၍ တိုးတက်မှု နှေးကွေးခဲ့ရကြောင်း၊ ယခုအခါ မိမိတို့ အစိုးရ အနေဖြင့် နိုင်ငံရေး တည်ငြိမ် အေးချမ်းရေးနှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး တို့အတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း။

နိုင်ငံတည်ငြိမ်အေးချမ်းပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာမှုကြောင့် စက်ရုံ၊ အလုပ်ရုံများ ပေါ်ထွန်းလာပါက ၎င်းတို့ထံမှ နည်းပညာများလည်း ရယူကြရမည် ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရန်အတွက် အသိဥာဏ်ပညာနှင့် ဝီရိယထား ကြိုးစား လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း၊ အခြားနိုင်ငံတစ်ခုတွင် ရောက်ရှိနေထိုင်စဉ် ယင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာနေကြရန် လိုအပ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတက သံအမတ်ကြီး၊ စစ်သံမှူးနှင့် ဝန်ထမ်းများ၊ မိသားစုဝင် များနှင့် မြန်မာပညာသင်များအား လက်ဆောင်ပစ္စည်းများကို ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ဆိုးလ်မြို့ကို ဖြတ်သန်း စီးဆင်းနေ သော ဟန်မြစ်အတွင်း သီးသန့်သင်္ဘောဖြင့် လှည့်လည်ကြည့်ရှုကြသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား သံအမတ်ကြီး ဦးညွန့်လှိုင်က သီးသန့်သင်္ဘောပေါ် တွင် ညစာဖြင့် တည်ခင်းဧည့်ခံသည်။

  နိုင်ငံတော်သမ္မတရုံး website

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis