menu

Wednesday 10 October 2012

မြန်မာပြည်ရောက် တိုယိုတာကားများလည်း ပါဝါဝင်းဒိုးစနစ်ချို့ ယွင်း- မီးလောင်စေနိုင်

Photo: မြန်မာပြည်ရောက် တိုယိုတာကားများလည်း ပါဝါဝင်းဒိုးစနစ်ချို့ ယွင်း- မီးလောင်စေနိုင်

ယနေ့ အောက်တိုဘာလ ၁၀ ရက်က ထွက်ရှိတဲ့ သတင်း ဖြစ်ပါတယ်။ သတင်းကတော့ တိုယိုတာမှ အန္တရာယ်ရှိ ကားများ ပြန်လည်ခေါ်ယူခြင်း ဖြစ် ပါတယ်။ အစီးရေ စုစုပေါင်း ၇.၄၃ သန်းရှိပြီး ၂၀၀၅ ခုနှစ်မှ ၂၀၁၀ခုနှစ်ကြား ထုတ်တဲ့ မော်ဒယ် ၁၄ မျိုးဖြစ်ပါတယ်။

ချို့ ယွင်းတဲ့နေရာကတော့ ပါဝါဝင်းဒိုး ဖွင့်ပိတ် စနစ်မှာ ဖြစ်ပြီး မီးလောင်နိုင်ချေရှိတဲ့အနေအထားမှာ ရှိတယ်လို့ သိရပါတယ်။ ဒရိုင်ဘာဘေး က ပါဝင်ဝင်းဒိုးက Sticky (စေးကပ်ကပ်) ဖြစ်နေတယ်လို့ ဆိုပါတယ်။ အဖွင့်အပိတ် စသုံးစဉ်က အဆင်ပြေနေပေမယ့် နောက်ပိုင်းကောင်းကောင်း မလုပ်မလုပ်တဲ့အတွက် ချောဆီများ ထပ်ထည့်ရပါတယ်။ ယင်းသို့ ချောဆီ ထည့်ခြင်းကြောင့် အရည်ပျော်ခြင်း၊ အငွေ့ ထွက်ခြင်း ဖြစ်နိုင်ပြီး မီးလောင် သည့် အခြေအနေအထိ ဆိုးရွားသွားနိုင်တယ်လို့ ဆိုပါတယ်။ တိုယိုတာ ကုမ္မဏီကတော့ အထူး ဖလူအိုရင်း အမဲဆီ(ချောဆီ) (fluorine grease) ကို Switch ထဲ ပြန်လည့်ထည့်သွင်းပေးမယ်လို့ ဆိုထား ပါတယ်။

ခေါ်ယူမယ့် အစီးရေကတော့ အမေရိကန်မှ ၂.၄၇ သန်း၊ တရုတ်နိုင်ငံမှ ၁.၄ သန်း၊ ဥရောပမှ ၁.၃၉ သန်း ၊ ဂျပန်နိုင်ငံမှ ၄သိန်းခွဲ၊ သြစတေးလျမှ ၆သိန်းခွဲ၊ အရှေ့ အလယ်ပိုင်းမှ ၅ သိန်း၊ ကနေဒါမှ ၂သိန်း၎သောင်း၊ အခြားအာရှနိုင်ငံများမှ ၆သိန်းခွဲ ဝန်းကျင်ဆီ အရေအတွက် ရှိပါတယ်။ ဝဘ်ဆိုဒ် တစ်ခုနဲ့တစ်ခု ဖော်ပြတဲ့အရေအတွက် ကလည်း အနည်းငယ်စီ ကွဲလွဲနေပါတယ်။ သေချာတာကတော့ စုစုပေါင်း အစီးရေက ၇.၄၃ သန်း ကတော့ မှန်ကန်နေပါတယ်။

ပါဝင်တဲ့ ကားအမျိုးအစားကတော့ - မြောက်အမေရိကန်မှာ - Yaris, Corolla, Matrix, Camry, RAV4, Highlander, Tundra, Sequoia and Scion models xB နဲ့ xD တို့ပါဝင်ပါတယ်။

ဂျပန်မှာ ပြန်ခေါ်တာကတော့ ဗစ် (Vitz), ဘယ်လ်တာ (Belta), Ractis, Ist, Auris နဲ့ ကိုရိုလာ လွန်မီယွန် (Corolla Lumion) လို့ ဖော်ပြထားပါတယ်။ အချို့ ဝဘ်ဆိုဒ်ကြီးတွေမှာဆို စုံစုံလင်လင်တောင် မဖော်ပြထားပါ ဘူး။ ဖော်ပြပါ စာရင်းထဲက အမျိုးအစားထက်လည်း ပိုနိုင်ပါတယ်။ အများစုကတော့ ၂၀၀၅ ခုနှစ် ကနေ ၂၀၁၀ ခုနှစ်အတွင်း ထုတ်လုပ်တဲ့ တိုယိုတာ ကားအတော်များများကို သက်ရောက်ပါ တယ်။ မြန်မာပြည်ရောက်နိုင်ချေ ရှိတဲ့ ကားများကလည်း ဂျပန်ပြည်တွင်းက ကားပဲ ပိုများပါတယ်။ မြန်မာပြည်က ဂျပန်ပြည် တစ်ပတ်ရစ် ဈေးကွက် ကနေ ပြန်လည်ဝယ်ယူရတဲ့အတွက် ဖြစ်ပါတယ်။

ယင်း ခေါ်ယူရန် သတင်းထုတ်ပြန်မှုကြောင့် တိုယိုတာ ကုမ္မဏီရဲ့ ရှယ်ယာဈေး ဟာ ရက်ပိုင်းအတွင်း များစွာ ထိုးကျသွားတယ်လို့ ဆိုပါတယ်။ ၂၀၀၉ ခုနှစ်ကလည်း အစီးရေ ၁၀ သန်းအထိ ပြန်လည်ခေါ် ယူပြင်ဆင်ပေး ရပြီး အများဆုံး စံချိန်တင်ခဲ့ပါတယ်။ ၂၀၁၀ ကလည်း တိုယိုတာထုတ် Lexus ကားများ အမေရိကန်ရဲ့  ကွာလတီ စမ်းသပ်ချက်တွေမှာ ကျရှုံးခဲ့ပြီး အမေရိကန် ဈေးကွက်ဝင်ရန် နောက်ကျခဲ့ပါတယ်။ ကွာလတီနဲ့ ပက်သက်လို့ ယခု နောက်ပိုင်း ပြန်လည်ခေါ်ယူပြင်ဆင်ပေးရမှုများပြားလာတဲ့အတွက် နည်းပညာနှင့် ကွာလတီကို ပြန်လည် စစ်ဆေးဖို့၊ အဆင့်မြင့်တင်ဖို့အတွက် တိုယိုတာ အထွေထွေ မန်နေဂျာ Satoshi Yuzaki မှပြောကြားခဲံပါတယ်။ “အခုလို ပြန်လည်ခေါ်ယူပြင်ဆင်ပေးရမှုအတွက် စိတ်မကောင်းပါ ဘူး။ နောက်ဆိုရင် ဒီထက်မက ပိုဂရုစိုက်ရပါ တော့တယ်။ ဒီဖြစ်စဉ်ကြောင့် လည်း တိုယိုတာ ကားများရောင်းအား ကျသွားမှာ သေချာပေ မယ့် အချိန်တိုတွင်း နဂိုအနေအထား ပြန်လည်ရရှိအောင် ကြိုးပမ်းသွားပါ့မယ်” လို့ ပြောကြားခဲ့ပါတယ်။

ယင်း ဒရိုင်ဘာဘေး မာစတာကီး(Smart Key) သုံး ပါဝါဝင်းဒိုး အဖွင့်အပိတ် စနစ် မှာ ချို့ ယွင်းချက် ဖြစ်ပေါ်နေမှုဟာ နှစ်အတော်ကြာ အသုံးပြုပြီးမှ သိရှိရမှာ ဖြစ်ပါတယ်။ ၂၀၀၅ ကနေ ၂၀၁၀ အတွင်း သတိမထားပဲ အသုံးပြုလာရကနေ ယနေ့ ပြန်လည် စစ်ဆေးချိန်မှာ အားနည်းချက်တွေ့ ရှိခြင်း ဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံများမှ နိုင်ငံတကာ ကွာလတီအဖွဲ့အစည်း များက မရောင်းချမှီ စစ်ဆေးခြင်း (Before sale inspect) နဲ့ ရောင်းချပြီး စစ်ဆေးခြင်း (After sale inspect) ကို အမြဲလုပ်ဆောင်လေ့ ရှိပါတယ်။ ဝယ်သူတို့အတွက် ကုမ္မဏီမှ စစ်ဆေးခြင်းနဲ့အတူ သက်ဆိုင်ရာ နိုင်ငံများ မှလည်း ဘုတ်အဖွဲ့ထားရှိပြီး နှစ်စဉ် စစ်ဆေးမှု ပြုလုပ်ပေးပါတယ်။ ဒါက ပရီမီယံ ၊ ဘရန်ဒီ -ကုမ္မဏီမှ တိုက်ရိုက်ဝယ်ယူတဲ့ စနစ်မှာပဲ အကြုံးဝင်မှာ ဖြစ်ပါတယ်။ တိုက်ရိုက်ရောင်းချရမှုအတွက် ကုမ္မဏီက အမြဲဝန်ဆောင်မှုပေးရပါတယ်။

လက်ရှိ မြန်မာပြည်က ဂျပန်လေလံဈေးကွက်မှ ဝယ်စီးရတာ ဖြစ်ပါတယ်။ ကုမ္မဏီမှ တိုက်ရိုက်ရောင်းတဲ့ကား မဟုတ်ပါဘူး။ မရောင်းမှီစစ်ဆေးတဲ့ ဝန်ဆောင်မှု တစ်ခုသာ ပေးစွမ်းထားပါတယ်။ ဒီတော့ မြန်မာပြည်ရောက် တိုယိုတာ ကားများရဲ့ ပါဝါဝင်းဒိုးစနစ်မှာ အားနည်းချက်ရှိနိုင်မရှိနိုင်ကိုတော့ ဝပ်ရှော့သွားပြီး ဖြေရှင်းမှ အဆင်ပြေမှာ ဖြစ်ပါတယ်။ တိုယိုတာကုမ္မဏီ ကတော့ တိုက်ရိုက်ဝယ်တဲ့ နိုင်ငံများမှ ကားများကို ငွေကြေးအကုန်ကျ ခံပြီး ပြန်လည်ပြင်ဆင်ပေးမှု ပြုလုပ်မယ်လို့ သိရပါတယ်။

အောင်ခမ်း (TSJ team)

ကားပြန်လည်ခေါ်ယူမှု သတင်းများကို အောက်ပါလခ့်များမှာ ဝင်ရောက်ဖတ် ရှုနိုင်ပါတယ်။ လက်ရှိ ကမ္ဘာ့ရေပန်းစား နေတဲ့ သတင်း ဖြစ်ပါတယ်။

http://www.businessweek.com/news/2012-10-10/toyota-recalls-7-dot-43-million-vehicles-on-faulty-window-switch
http://www.ajc.com/ap/ap/top-news/toyota-recalls-743-million-vehicles-globally/nSYrN/

http://business.time.com/2012/10/10/toyota-recalls-7-43-million-vehicles-globally/
http://www.bangkokpost.com/news/transport/316360/japan-toyota-to-recall-7-43-million-vehicles-globally
http://online.wsj.com/article/SB10000872396390444799904578047700401681438.html

http://techspacejournal.blogspot.com/2012/10/blog-post_10.html

News from :TechSpace Journal
Post By : Aye Chan Mon
ယနေ့ အောက်တိုဘာလ ၁၀ ရက်က ထွက်ရှိတဲ့ သတင်း ဖြစ်ပါတယ်။ သတင်းကတော့ တိုယိုတာမှ အန္တရာယ်ရှိ ကားများ ပြန်လည်ခေါ်ယူခြင်း ဖြစ် ပါတယ်။ အစီးရေ စုစုပေါင်း ၇.၄၃ သန်းရှိပြီး
၂၀၀၅ ခုနှစ်မှ ၂၀၁၀ခုနှစ်ကြား ထုတ်တဲ့ မော်ဒယ် ၁၄ မျိုးဖြစ်ပါတယ်။

TechSpace Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis