menu

Wednesday 10 October 2012

ကီလိုမီတာ ၇၀၀၀ ကျော်ကို မောင်းနှင်ရက် ၂၀ ကျော်ကြာမောင်းနှင်ယှဉ်ပြိုင်ရမည့် အာဆီယံကားမောင်းပြိုင်ပွဲသို့ မြန်မာအနုပညာရှင်များပါဝင်ယှဉ်ပြိုင်မည်



ကီလိုမီတာ ၇၀၀၀ ကျော်ကို မောင်းနှင်ရက် ၂၀ ကျော်ကြာ မောင်းနှင်ယှဉ်ပြိုင်ရမည့်  အာဆီယံကားမောင်းပြိုင်ပွဲသို့ မြန်မာအနုပညာရှင်များပါဝင်ယှဉ်ပြိုင်ရန်စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါကားမောင်းပြိုင်ပွဲသို့ မြန်မာအနုပညာရှင်များပါဝင်နိုင်ရန်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှတစ်ဆင့် တရားဝင်ဖိတ်ခေါ်လာခြင်းဖြစ်သည်။
"အာဆီယံကားမောင်းပြိုင်ပွဲကို မြန်မာအနုပညာရှင်တွေဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်လာတာနဲ့ တာဝန်ရှိသူတွေနဲ့သွားပြီး ဆွေးနွေးဖြစ်ပါတယ်။ ရက်ပေါင်းနှစ်ဆယ် ကျော်ကြာမောင်းရမှာဖြစ်သလို မောင်းရမယ့်ခရီးအကွာအဝေးကလည်း ကီလိုမီတာ ၇၀၀၀ ကျော်ဖြစ်တာကြောင့် သူတို့အနေနဲ့စိတ်ပါဝင်စားတဲ့အနုပညာရှင်တွေထဲက ပြန်လည် ရွေးချယ်သွားမယ်လို့သိရပါတယ်။
အဓိကတော့ခရီးဝေးကားမောင်းနိုင်တဲ့သူဖြစ်ဖို့ရယ်၊ ကျန်းမာရေးဆေးစစ်တဲ့အခါနှလုံးတို့ သွးတိုးတို့ မရှိတဲ့သူဖြစ်ဖို့လိုအပ်တာကြောင့် ပြန် လည်ရွေးချယ်တာလို့သိရပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုအနုပညာရှင် လေးဦး(သို့မဟုတ်)ခြောက်ဦးပါဝင် ယှဉ်ပြိုင်ခွင့်ရမယ်လို့လည်းသိရပါတယ်။ အရွေးချယ်ခံရတဲ့သူစာရင်း ပြန်အကြောင်းကြားလာရင်လည်း အသိပေးသွားမှာပါ" ဟု အဆိုပါကား မောင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်စာရင်းပေးသွင်းထားသူတစ်ဦးဖြစ်သည့် သရုပ်ဆောင်ဝေဠုကျော်ကရှင်းပြခဲ့သည်။
အာဆီယံကားမောင်းပြိုင်ပွဲတွင် မန်မာနိုင်ငံအနေဖြင့် ကားနှစ်စီးဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး ကားတစ်စီးလျှင်လေးဦး စုစုပေါင်း ရှစ်ဦးဝင်ရောက်ခွင့်ရမည်ဖြစ်သည်။ Sky Net ရုပ်သံလိုင်းမှနှစ်ဦးပါဝင်ရန် စာရင်းပေးသွင်းထားသောကြောင့် မြန်မာအနုပညာရှင်ခြောက်ဦးပါဝင်ခွင့်ရရှိမည်ဟု သိရသည်။ လတ်တလောစာရင်းပေးသွင်းထားသည့်အနုပညာရှင်များမှာ သရုပ်ဆောင်ဝေဠုကျော်၊ ကောင်းခန့်၊ အေးမြတ်သူ၊ မေသဉ္ဇာဦး၊ ဒါရိုက်တာကိုပေါက်၊ ကိုပြူး(ထုတ်လုပ်သူ)တို့ဖြစ်သည်ဟု သိရသည်။
အာဆီယံကားမောင်း ပြိုင်ပွဲတွင် အင်ဒိုနီးရှားနိုင်ငံဂျကာ တာမြို့မှစတင်ထွက်ခွာပြီး မလေးရှား၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာနိုင်ငံများကိုဖြတ်ကျော်၍ အိန္ဒိယနိုင်ငံတွင်ပြိုင်ပွဲခရီးစဉ်အား အဆုံးသတ်စေမည်ဟုသိရ သည်။ နိုင်ငံတကာယာဉ်မောင်းလိုင်စင်ရှိရန်လိုအပ်သည်ဟု သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis