menu

Wednesday 10 October 2012

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇော ကွယ်လွန်


 မြန်မာ့တပ်မတော်၏ အမြုတေဖြစ်သည့် ရဲဘော်သုံးကျိပ်ဝင်များထဲမှ ဗိုလ်ကျော်ဇော (ခေါ်) ဗိုလ်မှူးချုပ်ကျော်ဇော သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့ ဆေးရုံကြီးတွင် အထူးကြပ်မတ်ကုသမှု ခံယူနေရစဉ် ယနေ့နံနက် ၃ နာရီခွဲခန့်က ကွယ်လွန်အနိစ္စရောက်သွားကြောင်း သိရှိရသည်။


၁၉၅၀ စုနှစ်များအတွင်း ကျုးကျော်သူ ကူမင်တန် တရုတ်ဖြူများအား ရှမ်းပြည်နယ် မြောက်ပိုင်းမှ တွန်းလှန်တိုက်ထုတ်ရာတွင် နာမည်ကျော်လှသည့် ဗိုလ်မှူးချုပ်ကျော်ဇောမှာ ၁၉၅၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ တပ်မတော်မှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။


ထို့နောက် ၁၉၆၇ ခုနှစ်တွင် ၎င်း၏ မိခင်ပါတီဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီ ဌာနချုပ်ရှိရာ ပန်ဆန်းမြို့သို့ မိသားစုနှင့်အတူ သွားရောက်တာဝန်ယူခဲ့သည်။

၁၉၈၉ ခုနှစ်၊ ဗကပ ပြိုကွဲမှုကြီးနောက် ပါတီခေါင်းဆောင် လူကြီးများ အနားယူကြရာ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် နေထိုင်ခဲ့သည်။

ဗိုလ်မှူးချုပ်ကျော်ဇော အသက် ၉၃ နှစ်အရွယ် ကွယ်လွန်ချိန်တွင် သား ဦးအောင်ကျော်ဇော၊ သမီး ဒေါက်တာလှကျော်ဇောနှင့် ဒေါ်စန်းကျော်ဇောတို့ ကျန်ရစ်သည်။

ယခုအခါတွင် မြန်မာ့တပ်မတော် စတင်ထူထောင်ခဲ့သည့် ရဲဘော်သုံးကျိပ်ဝင်များအနက် ဗိုလ်ရဲထွဋ် တဦးတည်းသာ သက်ရှိထင်ရှား ကျန်ရစ်သည်။
by Mizzima - News in Burmese on Wednesday, October 10, 2012 at 1:20pm

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis