menu

Wednesday 10 October 2012

အစိုးရ ပြောင်းသော်လည်း မူမပြောင်းတဲ့ နစက အကျင့်ဟောင်းကို ဆက်လက်ကျင့်သုံး

Photo: အစိုးရ ပြောင်းသော်လည်း မူမပြောင်းတဲ့ နစက အကျင့်ဟောင်းကို ဆက်လက်ကျင့်သုံး

ခိုင်သိန်း

ရခိုင်ပြည်နယ် မောင်တောမြို့နှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်မြို့အကြား နတ်မြစ်ကို ဖြတ်ကျော်ပြီး တစ်နေ့တာ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ပြီး ကုန်ကူးနေသူများထံမှ နစကတပ်ဖွဲ့ဝင်များမှ တရားမ၀င် ငွေကောက်ခံနေကြောင်း သတင်း ရရှိသည်။

အောက်တိုဘာလ ၉ ရက်နေ့က တစ်နေ့တာ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး မောင်တောမြို့မှ တက်ကနက်သို့ မော်တော်ဘုတ် တစ်စီးဖြင့်  ပစ္စည်း ကယ်ရီ လုပ်ရန် ရောက်ရှိလာသူ အမျိုးသမီး တစ်ဦးက နစက အရာရှိ တစ်ဦးမှ တရားမ၀င် ငွေကောက်ခံနေပုံကို ယခုလို ပြောသည်။

“ ကျွန်မက ပစ္စည်းနည်းနည်း ဒီကို ယူလာပါတယ်။ ဒီကို တရောက်ပေါ့နော်၊ ကုန်ကျတာက ပစ္စည်းချခ ကျပ် ၃၀၀၊ နစက တပ်ဖွဲ့ကို ၁၀၀၀၊ လ၀ကကို ၁၀၀၀၊ နစက ဗိုလ် ဇော်ရှိန်း အတွက် ၁၀၀၀၊ မောင် တောကနေ တက်ကနက်ကို ကူးတို့ ဘုတ်ခ ၂၀၀၀၊ စုစုပေါင်း ခရီးသည်တဦးရဲ့ တရက်တာ ပတ်စ်ပို့ခရီး ကုန်ကျ စရိတ်က ကျပ် ၅၃၀၀ ပေးရတော့ အမြတ်ဆိုတာ လုံးဝမရှိဘူး” ဟုပြောသည်။

အဆိုပါ ကောက်ခံငွေများမှာ တရားဝင် ဟုတ်မဟုတ်ကိုတော့ သူမ အနေဖြင့် မသိကြောင်း၊ အဆိုပါ ငွေကောက်ခံရာတွင် ငွေလက်ခံရရှိခြင်း ပြေစာ မပေးသဖြင့် သူတို့ စားဖို့ သောက်ဖို့ အတွက် ကောက်ခံသည်ဟု ထင်ကြောင်း အဆိုပါ အမျိုးသမီး တစ်ဦးက ပြောသည်။

“ ကျွန်မတို့က သူများ ပစ္စည်းတွေကို ကယ်ရီ လုပ်ပေးတာပါ။ အများစုက တစ်နေ့လုပ် တစ်နေ့ရှာ။ အဲသလို စားကြတဲ့သူတွေများပါတယ်။ အလုပ်ကလည်း မောင်တောမှာ မီးရှို့မူ ဖြစ်ပြီးကတည်းက သိပ်မကောင်းဘူး။ ဒါပေမယ့် အလုပ်မရှိတော့ လာလုပ်နေကြရတာ ဖြစ်ပါတယ်” ဟု သူမက ဆိုသည်။

ရခိုင်ပြည်နယ် မောင်းတောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူ အပြီး နယ်စပ် ဖြတ်ကျော်သွားလာမူကို သုံးလ ကျော်နီးပါး ပိတ်ထားခဲ့ပြီး  များမကြာမှီကမှ  ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ အရေးအခင်း အတွင်း တာဝန်ပေါ့လျော့မူနှင့် လာဒ်ပေး လာဒ်ယူမူ စွပ်စွဲချက်ဖြင့် ယခင် နစက ကွပ်ကွဲရေးမှူးချုပ် ဦးအောင်ကြီးကို ထောင်ဒဏ် အနှစ် (၄၀) ချမှတ်ခဲ့ကြောင်း သိရသည်။

နစက အရာရှိများ၏  လာဒ်ပေး လာဒ်ယူမူကြောင့် နိုင်ငံတော် လုံခြုံရေးနှင့် တည်ငြိမ်ရေးကိုပါ ထိခိုက်ခဲ့ပြီး  နစကကွပ်ကဲရေးမှူးကိုပါ ထောင်ချခဲ့ရသော်လည်း မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ်ရှိ နစက အရာရှိများမှာ ယခုအချိန်ထိ  နောင်တ တစ်စုံတစ်ရာ မရရှိဘဲ အကျင့်ဟောင်းကို ပြန်လည်ကျင့်သုံးပြီး ပြည်သူလူထုထံမှ တရားမ၀င် ငွေကောက်ခံနေသဖြင့် ပြည်သူများ အနေဖြင့် နားမလည်အောင် ဖြစ်နေကြသည်ဟု ဆိုသည်။

အဆိုပါ ငွေကောက်ခံနေမူကို မောင်တောမြို့ ပီအိုပီဂိတ်ကြီးတွင် တပွင့်နှင့် နစကဗိုဘ်  ဇော်ရှိန်း ဆိုသူက တာဝန်ယူ ကောက်ခံနေကြောင်း သူမက ပြောပြသည်။

ရခိုင်ကနေ တက်ကနက်သို့ တရက်တာ နိုင်ငံကူး လက်မှတ် ပတ်စ်ပို့ဖြင့် သယ်ယူလာသည့် ပစ္စည်းများမှာ လုံချည်၊ ပါတိတ် ထမီ၊ ဆပ်ပြာမှုန့်၊ ပတ္တမြားသွေးဆေး၊ ပဲငံပျာရည်၊ ငရုပ်ဆီ၊ နံ့သာတိုင်၊ ဖယောင်းတိုင်တို့ ဖြစ်သည်ဟုသိရ သည်။


နတ်မြစ်ဘေးမှ နစက ကင်းစခန်းတစ်ခု။

News from : Narinjara
Post By : Aye Chan Mon
နတ်မြစ်ဘေးမှ နစက ကင်းစခန်းတစ်ခု
ရခိုင်ပြည်နယ် မောင်တောမြို့နှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်မြို့အကြား နတ်မြစ်ကို ဖြတ်ကျော်ပြီး တစ်နေ့တာ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ပြီး ကုန်ကူးနေသူမျာ
းထံမှ နစကတပ်ဖွဲ့ဝင်များမှ တရားမ၀င် ငွေကောက်ခံနေကြောင်း သတင်း ရရှိသည်။

အောက်တိုဘာလ ၉ ရက်နေ့က တစ်နေ့တာ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး မောင်တောမြို့မှ တက်ကနက်သို့ မော်တော်ဘုတ် တစ်စီးဖြင့် ပစ္စည်း ကယ်ရီ လုပ်ရန် ရောက်ရှိလာသူ အမျိုးသမီး တစ်ဦးက နစက အရာရှိ တစ်ဦးမှ တရားမ၀င် ငွေကောက်ခံနေပုံကို ယခုလို ပြောသည်။

“ ကျွန်မက ပစ္စည်းနည်းနည်း ဒီကို ယူလာပါတယ်။ ဒီကို တရောက်ပေါ့နော်၊ ကုန်ကျတာက ပစ္စည်းချခ ကျပ် ၃၀၀၊ နစက တပ်ဖွဲ့ကို ၁၀၀၀၊ လ၀ကကို ၁၀၀၀၊ နစက ဗိုလ် ဇော်ရှိန်း အတွက် ၁၀၀၀၊ မောင် တောကနေ တက်ကနက်ကို ကူးတို့ ဘုတ်ခ ၂၀၀၀၊ စုစုပေါင်း ခရီးသည်တဦးရဲ့ တရက်တာ ပတ်စ်ပို့ခရီး ကုန်ကျ စရိတ်က ကျပ် ၅၃၀၀ ပေးရတော့ အမြတ်ဆိုတာ လုံးဝမရှိဘူး” ဟုပြောသည်။

အဆိုပါ ကောက်ခံငွေများမှာ တရားဝင် ဟုတ်မဟုတ်ကိုတော့ သူမ အနေဖြင့် မသိကြောင်း၊ အဆိုပါ ငွေကောက်ခံရာတွင် ငွေလက်ခံရရှိခြင်း ပြေစာ မပေးသဖြင့် သူတို့ စားဖို့ သောက်ဖို့ အတွက် ကောက်ခံသည်ဟု ထင်ကြောင်း အဆိုပါ အမျိုးသမီး တစ်ဦးက ပြောသည်။

“ ကျွန်မတို့က သူများ ပစ္စည်းတွေကို ကယ်ရီ လုပ်ပေးတာပါ။ အများစုက တစ်နေ့လုပ် တစ်နေ့ရှာ။ အဲသလို စားကြတဲ့သူတွေများပါတယ်။ အလုပ်ကလည်း မောင်တောမှာ မီးရှို့မူ ဖြစ်ပြီးကတည်းက သိပ်မကောင်းဘူး။ ဒါပေမယ့် အလုပ်မရှိတော့ လာလုပ်နေကြရတာ ဖြစ်ပါတယ်” ဟု သူမက ဆိုသည်။

ရခိုင်ပြည်နယ် မောင်းတောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူ အပြီး နယ်စပ် ဖြတ်ကျော်သွားလာမူကို သုံးလ ကျော်နီးပါး ပိတ်ထားခဲ့ပြီး များမကြာမှီကမှ ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ အရေးအခင်း အတွင်း တာဝန်ပေါ့လျော့မူနှင့် လာဒ်ပေး လာဒ်ယူမူ စွပ်စွဲချက်ဖြင့် ယခင် နစက ကွပ်ကွဲရေးမှူးချုပ် ဦးအောင်ကြီးကို ထောင်ဒဏ် အနှစ် (၄၀) ချမှတ်ခဲ့ကြောင်း သိရသည်။

နစက အရာရှိများ၏ လာဒ်ပေး လာဒ်ယူမူကြောင့် နိုင်ငံတော် လုံခြုံရေးနှင့် တည်ငြိမ်ရေးကိုပါ ထိခိုက်ခဲ့ပြီး နစကကွပ်ကဲရေးမှူးကိုပါ ထောင်ချခဲ့ရသော်လည်း မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ်ရှိ နစက အရာရှိများမှာ ယခုအချိန်ထိ နောင်တ တစ်စုံတစ်ရာ မရရှိဘဲ အကျင့်ဟောင်းကို ပြန်လည်ကျင့်သုံးပြီး ပြည်သူလူထုထံမှ တရားမ၀င် ငွေကောက်ခံနေသဖြင့် ပြည်သူများ အနေဖြင့် နားမလည်အောင် ဖြစ်နေကြသည်ဟု ဆိုသည်။

အဆိုပါ ငွေကောက်ခံနေမူကို မောင်တောမြို့ ပီအိုပီဂိတ်ကြီးတွင် တပွင့်နှင့် နစကဗိုဘ် ဇော်ရှိန်း ဆိုသူက တာဝန်ယူ ကောက်ခံနေကြောင်း သူမက ပြောပြသည်။

ရခိုင်ကနေ တက်ကနက်သို့ တရက်တာ နိုင်ငံကူး လက်မှတ် ပတ်စ်ပို့ဖြင့် သယ်ယူလာသည့် ပစ္စည်းများမှာ လုံချည်၊ ပါတိတ် ထမီ၊ ဆပ်ပြာမှုန့်၊ ပတ္တမြားသွေးဆေး၊ ပဲငံပျာရည်၊ ငရုပ်ဆီ၊ နံ့သာတိုင်၊ ဖယောင်းတိုင်တို့ ဖြစ်သည်ဟုသိရ သည်။

Narinjara

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis