menu

Wednesday 10 October 2012

တရုတ်နိုင်ငံသား တစ်ဦး အိပ်ခန်း အတွင်း ဒဏ်ရာများဖြင့် သေဆုံးနေ

ရန်ကုန်၊ အောက်တိုဘာ ၁ဝ၊ ၂ဝ၁၂

တရုတ်နိုင်ငံသားတစ်ဦး လှိုင်သာမြို့နယ်၊ ၆ ရပ်ကွက်၊ နဝဒေး ဥယျာဉ်အိမ်ယာတွင် သေဆုံးလျက် ရှိကြောင်း သတင်း ရရှိသဖြင့် အောက်တိုဘာ ၁ဝ ရက်တွင် သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် အတူ ရဲအုပ်မျိုးမြင့် (စခန်းမှူး) - လှိုင်သာယာ ရဲစခန်း တို့မှ သွားရောက် စစ်ဆေးခဲ့ရာ အထက်ပါအိမ်ယာ ၁၄ လမ်း၊ ဘလောက် ၅၇ ၊ အမှတ် ၁၅ ရှိ နေအိမ်
အပေါ်ထပ် အိပ်ခန်း အတွင်း ကုတင်ဘေးအောက်တွင် ပက်လက်အနေအထားဖြင့် မျက်နှာ၊ လည်ပင်းတို့တွင် ညိုမဲဒဏ်ရာ၊ ယာဘက်ဒူးဂေါင်းတွင် ပွန်းပဲ့ဒဏ် ရာ၊ ဝဲဘက်လက်တွင် ကြိုးချည် ထားကာ ပါးစပ်တွင် အဝတ်ဆို့ထားလျက် မစ္စတာ လောင်ရှဲမေစိမ်း ၅ဝ နှစ်ခန့် (ဘ)စိစစ်ဆဲ၊ ပတ်စ်ပို့ စိစစ်ဆဲ သေဆုံးနေသည်ကို တွေ့ရှိရ၍ တရားခံအား အရေးယူနိုင်ရန် စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ဝဝ၂၊ ဝဝ၎

Myanmar Independent News journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis