menu

Sunday 30 September 2012

အလိုအလျောက်မောင်းနှင်သည့် မော်တော်ယာဉ်များ ကယ်လီဖိုးနီးယား ပြည်နယ်တွင် မောင်းနှင်ခွင့် ပေးတော့မည်

Photo: အလိုအလျောက်မောင်းနှင်သည့် မော်တော်ယာဉ်များ ကယ်လီဖိုးနီးယား ပြည်နယ်တွင် မောင်းနှင်ခွင့် ပေးတော့မည်

Google ကုမ္ပဏီမှ ထုတ်လုပ်သော အလိုအလျောက် မောင်းနှင်နိုင်သည့် မော်တော်ကားများအား အမေ ရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်တွင် မောင်းနှင်ခွင့်ပေးတော့ မည်ဖြစ်ကြောင်း သိရသည်။
၎င်းကားများကို ပြည်နယ်လမ်းများနှင့် အဝေးပြေးလမ်းမ များပေါ်တွင် မောင်းနှင်စမ်းသပ်မှုများ ပြုလုပ်လျက်ရှိပြီး ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ စည်းမျဉ်းတစ်ရပ်နှင့် စပ်လျဉ်း၍ ဒီမိုကရက်တစ်အထက် လွှတ်တော်အမတ် တစ်ဦးဖြစ်သူ အဲလက်ဇ်ပါဒီလ်လာက ဥပဒေမူကြမ်း တစ်ရပ်ကို ထုတ်ပြန်သွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စည်းမျဉ်းစည်းကမ်းများ အရ ကားများကို မောင်းနှင်ခွင့်ရရန် ခွင့်ပြုသွားမည်ဖြစ်သော်လည်း အရေး ပေါ်ကိစ္စတစ်ခုခု ပေါ်ပေါက်ခဲ့ပါက အထောက်အကူဖြစ်ရန် မောင်းနှင်သူ တွင် လိုင်စင်ရှိရမည်ဖြစ်ကြောင်း ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေး မှူး ဂျယ်ရီဘရောင်းက ပြောကြားသည်။

အဆိုပါကားများတွင် ကွန်ပျူတာများ၊ အာရုံခံကိရိယာများနှင့် အခြား နည်းပညာများကို အသုံးပြုထားသော် လည်း ယာဉ်မောင်းသူအနေဖြင့် အချိန် မရွေး ပြန်လည် ထိန်းချုပ်မောင်းနှင်နိုင် မည်ဖြစ်သည်။

အဆိုပါကားသည် ယာဉ်ကြော ပိတ်ဆို့မှုကို လျှော့ချနိုင်မည်ဖြစ်ပြီး အရက်သေစာသောက်စားထားသူများ၊ အသက်အရွယ်ကြီးရင့်သူများ၊ မသန် စွမ်းသူများ၊ ကားကို ကိုယ်တိုင်မမောင်း နိုင်သူများအတွက် အထောက်အကူ ဖြစ်စေကြောင်း Google ကုမ္ပဏီ ပူးတွဲတည်ထောင်သူ ဆာဂျီဘရင်က ပြောကြားသည်။


News from : မြဝတီ
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
Google ကုမ္ပဏီမှ ထုတ်လုပ်သော အလိုအလျောက် မောင်းနှင်နိုင်သည့် မော်တော်ကားများအား အမေ ရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်တွင် မောင်းနှင်ခွင
့်ပေးတော့ မည်ဖြစ်ကြောင်း သိရသည်။
၎င်းကားများကို ပြည်နယ်လမ်းများနှင့် အဝေးပြေးလမ်းမ များပေါ်တွင် မောင်းနှင်စမ်းသပ်မှုများ ပြုလုပ်လျက်ရှိပြီး ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ စည်းမျဉ်းတစ်ရပ်နှင့် စပ်လျဉ်း၍ ဒီမိုကရက်တစ်အထက် လွှတ်တော်အမတ် တစ်ဦးဖြစ်သူ အဲလက်ဇ်ပါဒီလ်လာက ဥပဒေမူကြမ်း တစ်ရပ်ကို ထုတ်ပြန်သွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စည်းမျဉ်းစည်းကမ်းများ အရ ကားများကို မောင်းနှင်ခွင့်ရရန် ခွင့်ပြုသွားမည်ဖြစ်သော်လည်း အရေး ပေါ်ကိစ္စတစ်ခုခု ပေါ်ပေါက်ခဲ့ပါက အထောက်အကူဖြစ်ရန် မောင်းနှင်သူ တွင် လိုင်စင်ရှိရမည်ဖြစ်ကြောင်း ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေး မှူး ဂျယ်ရီဘရောင်းက ပြောကြားသည်။

အဆိုပါကားများတွင် ကွန်ပျူတာများ၊ အာရုံခံကိရိယာများနှင့် အခြား နည်းပညာများကို အသုံးပြုထားသော် လည်း ယာဉ်မောင်းသူအနေဖြင့် အချိန် မရွေး ပြန်လည် ထိန်းချုပ်မောင်းနှင်နိုင် မည်ဖြစ်သည်။

အဆိုပါကားသည် ယာဉ်ကြော ပိတ်ဆို့မှုကို လျှော့ချနိုင်မည်ဖြစ်ပြီး အရက်သေစာသောက်စားထားသူများ၊ အသက်အရွယ်ကြီးရင့်သူများ၊ မသန် စွမ်းသူများ၊ ကားကို ကိုယ်တိုင်မမောင်း နိုင်သူများအတွက် အထောက်အကူ ဖြစ်စေကြောင်း Google ကုမ္ပဏီ ပူးတွဲတည်ထောင်သူ ဆာဂျီဘရင်က ပြောကြားသည်။


  မြဝတီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis