menu

Sunday 30 September 2012

အမဲလိုက်စဉ် သားကောင်နှင့်လူ မှားယွင်း ပစ်ခတ်မိ၍ သေဆုံး

မုံရွာ စက်တင်ဘာ ၂၉

အင်းတော်မြို့နယ် ခိုချယ်ကျေးရွာ မြောက်ဘက်ရှိ ရွှေချောင်းတောင် ချောက်တောအတွင်း စက်တင်ဘာ ၂၅ ရက် ညနေ ၆ နာရီက အမဲလိုက် သွားစဉ် သားကောင်နှင့်လူ မှားယွင်းပစ်ခတ် မှုကြောင့် ကျည်ဆန်ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အင်းတော်မြို့နယ် ခိုချယ်ကျေးရွာနေ ညွန့်ဌေး ၃၉ နှစ် (ဘ)ဦးအောင်စွဲသည် တာဖလား ကျေးရွာနေ မျိုးလွင် ၁၈ နှစ်(ဘ)ဦး
မောင်ကံ၊ ထွန်းရီ ၂၇ နှစ်(ဘ)ဦးညွန့်မောင်နှင့် နေလင်းအောင်(ခ)နေလင်း ၂၄ နှစ် (ဘ) ဦးမြမောင်တို့နှင့် အတူ တူမီးလုပ် သေနတ်ကိုယ်စီဖြင့် တောပစ်ထွက်ခဲ့ရာ နေလင်းအောင်သည် အရှည် လေးပေခွဲ ခန့်ရှိ တူမီးသေနတ်ဖြင့် တောဝက် အား ပစ်ခတ်စဉ် လွဲချော်၍ ညွန့်ဌေးကို ထိမှန်ပြီး နေရာတွင် သေဆုံးခဲ့သည်။ ထို့ကြောင့် အင်းတော်မြို့ ရဲစခန်းမှ နေလင်းအောင်ကို (ပ)အမှတ် ၂၁၃/ ၂ဝ၁၂၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-(က) အရလည်းကောင်း၊ ထွန်းရီနှင့် မျိုးလွင်တို့ နှစ်ဦးအား (ပ)အမှတ် ၂၁၄/ ၂ဝ၁၂၊ နေလင်းအောင်အား (ပ)အမှတ် ၂၁၅/၂ဝ၁၂၊ လက်နက် အက်ဥပဒေ ပုဒ်မ ၁၉(စ)အရ အမှုဖွင့် အရေးယူထား ကြောင်း သတင်းရရှိသည်။

Royal Hero Media

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis