menu

Sunday 30 September 2012

အငြင်းပွားဖွယ်ဇာတ်ကားထုတ်လုပ်သူကို ခံဝန်ချုပ်ဖြင့်နေထိုင်စဉ် စည်းမျဉ်းများချိုးဖောက်မှုဖြင့် ဖမ်းဆီး




thn-30-9-11
စက်တင်ဘာလ ၂၇ ရက်နေ့က လော့စ်အင်ဂျလိစ်တွင် အငြင်းပွားဖွယ်ဇာတ်ကားရိုက်ကူးသူကို အကျဉ်းထောင်သို့ ခေါ်ဆောင်လာသည့် ယာဉ်တန်း

အငြင်းပွားဖွယ်ဇာတ် ကား Innocence of Muslims ရိုက်ကူးထုတ်လုပ်သူဟု ထင်ရသည့် Nakoula Basseley Nakoula ကို အာမခံမပေးဘဲ ဖမ်းဆီးရန် စက် တင်ဘာလ ၂၈ ရက်တွင် ညွှန်ကြား ခံခဲ့ရကြောင်း သိရသည်။ ကာလီဖိုး နီးယားတွင်ဖမ်းခံရသော Nakoula သည် ခံဝန်ချုပ်ဖြင့်နေထိုင်စဉ် စည်းမျဉ်းများကိုချိုးဖောက်ခဲ့မှုဖြင့် ယခုကဲ့သို့ ဖမ်းခံရခြင်းဖြစ်သည်။
ယခုဖမ်းဆီးမှုမှာ ဇာတ်ကားနှင့်မသက်ဆိုင်ဘဲ ဘဏ်မှငွေလိမ်ထုတ်မှုဖြင့် ထောင်ကျပြီးနောက် ခံဝန်ဖြင့်နေထိုင်စဉ်ကာလအတွင်း ခံဝန်ချုပ်စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်းဖြင့်သာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
Nakoula သည် ခံဝန်ဖြင့် နေရသူများကို စောင့်ကြပ်သူ (Probation officers) များနှင့် တရားရုံးအား လှည့်ဖြားသည့်အပြုအမူများ ပြုလုပ်ခဲ့ဖွယ်ရှိသည်ဟု တရားသူကြီး ဆူဇန်နီဆီဂယ်က ပြောကြားခဲ့သည်။ အာမခံပေးရေး အကြိုစစ်ဆေးမှုတွင် ဆီဂယ်က Nakoula ၏အမည်မှန်ကို မေးမြန်းခဲ့ရာMark Basseley You-sseff ဟု ဖြေခဲ့ကြောင်းသိရသည်။ ယင်း မေးခွန်းကိုပင် ထပ်မေးခဲ့ရာ စာလုံးမပေါင်းပြဘဲ Mark Basseley ဟုထပ်ဖြေခဲ့သည်။

Nakuola သည် အမည်လိမ် အနည်းဆုံး ၁၇ ခုသုံးခဲ့သည်ဟုသိရပြီး သူ၏ရှေ့နေ စတီဗ်ဆိုင်ဒင်က အာမခံငွေ ဒေါ်လာ ၁၀၀၀၀ သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ဆေးဒင်က သူ၏အမှုသည် Nakuola သည်  ဘဏ်မှငွေများ လိမ်ထုတ်မှုဖြင့် အဖမ်းခံရသည့် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း Probation officer နှင့် လူချင်းဆက်သွယ်မှု၊ ဖုန်းဖြင့်ဆက် သွယ်မှုများရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
Nakuola သာ ထောင်ကျပါက ထောင်ထဲတွင် အငြင်းပွားဖွယ် ဇာတ်ကားကို မကျေနပ်သူများ ရှိနေနိုင်ကြောင်း တရားခံရှေ့နေက လျောက်လဲခဲ့သည်။ လော့စ်အိန်ဂျလိစ်ရှိ ထိန်းသိမ်းရေးစင်တာ တွင် Nakuola ကို စစ်ဆေးနေမှုမှာ အန္တရာယ်များကြောင်း၊ အဘယ်ကြောင့် ဆိုသော် ယင်းဒေသတွင် မွတ်စလင်များစွာနေထိုင်နေ၍ ဖြစ်ကြောင်းဆိုင်ဒင်က ပြောကြားခဲ့သည်။ အမေရိကန် အစိုးရရှေ့နေ Robert Dugdale က Nakoula သို့မဟုတ် Bassil  ဆိုသူသည် ခံဝန်စည်းမျဉ်းများကို ဖောက်ဖျက်ပြီး ယုံကြည်ရသူမဟုတ်ကြောင်း တရားသူကြီးထံ လျောက်ထားခဲ့သည်။ Nakuola သည် ခံဝန်ချိုးဖောက်မှုဖြစ်စဉ် ရှစ်ကြိမ်ရှိခဲ့ကြောင်းလည်း Dugdale က တင်ပြခဲ့သည်။
Ref:CNN
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis