menu

Sunday 30 September 2012

ပြည်ပကုမ္ပဏီများ လာရောက်ပြသမည့် နိုင်ငံတကာအိုင်စီတီပြပွဲ ရန်ကုန်မြို့တွင် ကျင်းပမည်




ယမန်နှစ်က ကျင်းပခဲ့သော နိုင်ငံတကာ အိုင်စီတီပြပွဲမြင်ကွင်း ဓာတ်ပုံ - နေမျိုးထွန်း
နိုင်ငံတကာ မြန်မာအိုင်စီတီ ပြပွဲ ၂၀၁၂ ကို အောက်တိုဘာ ၁၂ ရက်မှ ၁၄ ရက်နေ့ထိ ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ကျင်းပသွားမည်ဖြစ်ပြီး ပစ္စည်းရောင်းချခြင်းထက် နည်းပညာများ ကိုအဓိကထား ပြသသွားမည်ဟု သိရသည်။
ပြည်တွင်း၌နိုင်ငံတကာ အိုင်စီတီပြပွဲ ကျင်းပခြင်းကို ၂၀၁၁၊ အောက်တိုဘာလတွင် စတင်ကျင်းပခဲ့ပြီး ယခုကျင်းပခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီပေါင်း ၃၆ ခုမှ ပြခန်းပေါင်း ၁၂၁ ခန်း ခင်းကျင်းပြသမည်ဖြစ်ပြီး ဂျပန်၊ တရုတ်၊ စင်ကာပူ၊ မလေး ရှား၊ အစ္စရေး၊ ဘရာဇီး၊ တရုတ် (တိုင်ပေ)၊ အမေရိကန် စသည့်နိုင်ငံတို့မှ ကုမ္ပဏီများပါဝင်ကြောင်း သိရသည်။
"ဒီနှစ်လုပ်မယ့်ပွဲမှာ ပြည်ပကုမ္ပဏီ တော်တော်များများ စိတ်ဝင်စားပြီး လာကြတာတွေ့ရတယ်။ မနှစ်တုန်းကလုပ်တဲ့ပွဲမှာ နိုင်ငံတကာကနေ တိုက်ရိုက်လာပြတဲ့ ကုမ္ပဏီကခြောက်ခုလောက်ပဲ ရှိပေမယ့်
ဒီနှစ်မှာတော့ ၀င်ရောက်ပြသတာရဲ့ ထက်ဝက်လောက်ကနိုင်ငံတကာကနေ တိုက်ရိုက်လာပြကြတာပါ။ ပြည်တွင်းကနေ၀င် ရောက်ပြသတဲ့ ကိုယ်စားလှယ်ကုမ္ပဏီတွေကလည်း ပင်ရင်းကုမ္ပဏီရဲ့ ပံ့ပိုးမှုနဲ့ ၀င်ပြကြတာပါ။ ဈေးရောင်းပွဲမ ဟုတ်ဘဲ နည်းပညာတွေကိုအဓိက ထားပြသမှာဖြစ်ပါတယ်။ အိုင်စီတီ ပြင်ပကဏ္ဍအနေနဲ့လည်း ဘဏ်လုပ် ငန်းဆိုင်ရာကုမ္ပဏီတွေပါဝင်ပါမယ်"ဟု မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားခဲ့သည်။
နိုင်ငံတကာ အိုင်စီတီပြပွဲတွင် Singapore Infocomm Technology Federation(SITF), PIKOM, AMR, Barons Tele Link Services, KHI, ZTE, Infocus, IEM, Esperant System, Tranet Pte Ltd, The Analytics, Artwork Trading စသည့် ကုမ္ပဏီများ ၀င်ရောက်ပြသကြမည်ဟု သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis