menu

Monday 6 August 2012

iPhone 5 အတွက် ဖန်သားပြင်များ ထုတ်လုပ်ပေးပို့နေပြီဟု Sharp ကုမ္ပဏီဥက္ကဋ္ဌ ကြေညာ




အက်ပဲလ်၏ စမတ်ဖုန်း မျိုးဆက်သစ် iPhone 5 အတွက် ဖန်သား ပြင်များယခုလအတွင်း စတင်ထုတ်လုပ် ပေးပို့သွားမည်ဖြစ်ကြောင်း Sharp ကုမ္ပဏီဥက္ကဋ္ဌက ထုတ်ဖော်ဝန်ခံသွားခဲ့သည်။
တိုကျိုတွင်ပြုလုပ်သော Sharp ကုမ္ပဏီ၏ လေးလပတ် ၀င်ငွေထုတ်ပြန်မှုတွင် ကုမ္ပဏီဥက္ကဋ္ဌသစ် တာကာရှီအိုကူဒါက တရားဝင်ပြောသွားခဲ့ခြင်းဖြစ်ပြီး အသေးစိတ်ကိုမူ မဖြေကြားခဲ့ပေ။ Sharp သည် အက်ပဲလ်ပစ္စည်းသစ် များအတွက် ဖန်သားပြင် ထုတ်လုပ်ပေးရန် အော်ဒါလက်ခံထားသော ကုမ္ပဏီသုံးခုအနက်မှ တစ်ခု ဖြစ်သည်။ ကျန်နှစ်ခုမှာ LG Display နှင့် Japan Display တို့ဖြစ်သည်။
အက်ပဲလ်၏ နည်းပညာသစ်အရ ယခင်အိုင်ဖုန်းများကဲ့သို့ ထိတွေ့မျက်နှာပြင်အလွှာ သီးခြားမပါတော့ဘဲ အယ်လ်စီဒီဖန်သားပြင်တွင် တစ်ပါတည်းထည့်သွင်းပြီးဖြစ်သည့် စနစ်ကို သုံးသွားမည်ဖြစ်ကာ ပိုပါးလာမည်ဖြစ်ကာ ဖန်သားပြင်အကျယ်မှာမူ လက်မ၀က် ပိုကြီးလာဖွယ် ရှိနေသည်။

မျိုးဆက်သစ် iPhone ကို စက်တင်ဘာလ ၁၂ ရက်နေ့တွင် စတင်ပြသဖွယ်ရှိပြီး အောက်တိုဘာလအတွင်း ရောင်းချသွားမည်ဟုလည်း သတင်းများကဖော်ပြသည်။
သင်ပုန်းကွန်ပျူတာ တတိယမျိုးဆက်ကို iPad 3 ဟုမခေါ်ဘဲ New iPad ဟုသာ ခေါ်ဆိုသကဲ့သို့ iPhone အသစ်ကိုလည်း iPhone 5 ဟု မခေါ်ဘဲ New iPhone ဟုသာ ခေါ်ဝေါ်မည်ဟုလည်း သတင်းထွက်ပေါ်နေသည်။
Ref: Daily Mail
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis