menu

Monday 6 August 2012

The VoiceWeekly နှင့် Envoy တို့အပိတ်ခံရပြီး ၂ ပတ်အကြာ ပြန်လည် ထုတ်ဝေခွင့်ရမည်ဟုဆို

ထုတ်ဝေခွင့်ရပ်ဆိုင်းခံထား ရသော The VoiceWeekly နှင့် Envoy သတင်းဂျာနယ်များ ကိုထုတ်ဝေခွင့်(၂) ပတ်ပိတ်အပြီး တွင်ပြန်လည် ထုတ်ဝေ ခွင့်ပြုတော့မည်ဖြစ်ကြောင်းအစိုးရအဖွဲ့ထံမှ သိရှိရသည်။
ယင်းသတင်း

ဂျာနယ်နှစ် စောင်အားသတင်းများကိုစာပေစီစစ် ရေးသို့မတင်ပြပဲပုံနှိပ်ဖေါ်ပြခဲ့သည်ဟု ဆိုကာ ဇူလိုင် (၃၁)ရက့်တွင်ထုတ်ဝေခွင့် ပိတ်ခဲ့ခြင်းဖြစ်သည်။
''ဂျာနယ်(၂)စောင်စလုံး ကို(၂)ပတ်ပိတ် အပြီးမှာ ပုံမှန်ပြန်လည် ထုတ်ဝေခွင့်ပြုတာ့မှာဖြစ်ပါတယ်'' ဟု အမည်မဖေါ်လိုသူ အစိုးရ အရာရှိကြီး တစ်ဦးကရန်ကုန်တိုင်းမ်သို့ ထုတ်ဖေါ် ပြောကြားသည်။

အထက်ပါကဲ့သို့သတင်း ဂျာနယ်(၂)စောင်အားပြန်လည်ထုတ် he Voice မှ အယ်ဒီတာချုပ်ဦးကျော်မင်း ဆွေအား မေးမြန်းရာတွင်'' အခုကတော့ သတင်းတွေကြားနေရပါတယ်။ Voice က တာဝန်ရှိသူတွေ ကတော့ အခု စာပေစိစစ်ရေးကခေါ်လို့သွား နေပါတယ်'' ဟုပြောကြား သည်။

ယင်းက ဆက်လက်ပြီးသ တင်းဂျာနယ်များထုတ်ဝေခွင့်အပိတ် ခံရခြင်းသည်အပြောင်းအလဲကာလ အတွင်း အစိုးရ၊ ဝန်ကြီးဌာနများနှင့်သတင်းမီဒီယာများ အကြားယုံကြည်မှု တည် ဆောက်ရေးကို ထိခိုက် စေကြောင်း သုံး သပ်ပြောကြားသည်။

ယင်းက''ဒီလိုမျိုးပိတ် တဲ့အပေါ်ကျွန်တော့်အမြင်ကတော့ ဝန်ကြီးဌာနတွေနဲ့မီဒီယာကြားမှာ ရှိရမယ့် Public Relation ကိုနား လည်ပြီးဖြစ်ရမဲ့ပြန်ကြားရေးဝန်ကြီး ဌာနအနေနဲ့ မီဒီယာကို နားလည်မှုလွဲ ရင်၊ အဓိပ္ပါယ်ကောက်လွဲတာ ဖြစ်ရင်ယုံ ကြည်မှုတည်ဆောက်ဖို့ခက်ခဲသွား ပါမယ်။ ဒီလိုအဓိပ္ပါယ်ကောက်လွဲ တာနားလည်မှု လွဲတာမျိုးတွေဖြစ် တော့ သမ္မတအစိုးရနဲ့ မီဒီယာဘက်ကော ဝန်ကြီးဌာန ကြားမှာပါ ယုံကြည် မှုတည်ဆောက်ရာမှာအခက်အခဲဖြစ်ပါတယ်၊ နှစ်ဖက်စလုံး မှာတာဝန်ရှိ ပါတယ်'' ဟုပြောကြား သည်။
ရန်ကုန်မီဒီယာဂရုပ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis