menu

Monday 6 August 2012

ရခိုင် အရေးအခင်း စုံစမ်းစစ်ဆေးရေး အဖွဲ့ အမှန်တကယ် လွတ်လပ်ရန် ၈၈ တိုက်တွန်း

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနား၏ ခရီးစဉ်အတွင်း တောင်းဆိုသွားခဲ့သော ရခိုင် အရေးအခင်းအတွက် ဖွဲ့စည်းမည့် စုံစမ်းရေး ကော်မရှင် အနေနှင့် အမှန်တကယ် လွတ်လပ်ရန် လိုကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားသည်။

ယနေ့ ညနေပိုင်းတွင် ပြုလုပ်သော ၈၈ မျိုးဆက် ကျော
င်းသားခေါင်းဆောင်များ၏ ရခိုင်ခရီးစဉ် သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင် ဖွဲ့တာ ငြင်းစရာမရှိပါဘူး။ အမှန်တကယ် လွတ်လပ်ဖို့။ အလုပ်လုပ်ဖို့ပဲ လိုပါတယ်”ဟု ဦးမင်းကိုနိုင် က ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ အပြီး နားလည်မှု တည်ဆောက်ရန် လူသားချင်း စာနာ ထောက်ထားမှု၊ တိုင်းရင်းသား အခွင့်အရေး၊ တန်းတူ အခွင့်အရေး၊ နိုင်ငံအကျိုးစီးပွား၊ အဂတိလိုက်စားမှု၊ ပြည်ပ ချိတ်ဆက် ပါဝင်မှု စသည့် ရှုထောင့် ပေါင်းစုံမှ စဉ်းစားသင့်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များက တိုက်တွန်းသည်။

ကျောင်းသား ခေါင်းဆောင်များ အနေနှင့် အဖြစ်မှန် သိရှိနိုင်ရန်၊ ကြီးသည့်အမှု ငယ်၊ ငယ်သည့်အမှု ပပျောက်ရန်၊ တိုင်းရင်းသားများနှင့် နားလည်မှု တည်ဆောက်ရေး နည်းလမ်းရှာရန် သွားရောက်ခဲ့ကြောင်း ဦးကိုကိုကြီးက ရှင်းလင်းပြောဆိုသည်။

သုံးကြိမ် သွားရောက်ခဲ့သည့် ယင်းတို့၏ ခရီးစဉ်အတွင်း အလှူရှင်များ လှူဒါန်းသော သိန်း သုံးရာကျော် တန်ဖိုးရှိ အ၀တ်အထည်၊ ဆေးဝါး၊ ငွေသား စသည့် တို့ကို ပေးအပ်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှသိရသည်။
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis