menu

Monday 6 August 2012

မြန်မာကျန်းမာရေးဌာနနှင့်မယ်တော်ဆေးခန်း မကြာမီကျန်းမာရေးဝန်ဆောင်မှု ပူးတွဲလုပ်ဆောင်မည်

Photo

ယနေ့ မွန်လွဲပိုင်း အစိုးရပြည်ထောင်စုဝန်ကြီးနှင့် မြန်မာဆရာဝန်များ မယ်တော်ဆေးခန်းတွင်လာရောက်ဆွေးနွေး ခဲ့ကြသည်။ ဆွေးနွေးညှိနှိုင်းချက်များ
အရ မယ်တော်ဆေးခန်းမှလူနာအချို့ကို မြ၀တီရှိဆေးရုံတွင်လွှဲပြောင်းကုသပေး မည့်အစီအစဉ်ပါရှိပြီး မကြာမီလုပ်ငန်းအကောင်အထည်ဖော်မည်ဟုသိရသည်။ မြန်မာဆရာဝန်အဖွဲ့မှဆရာဝန်ကြီတစ်ဦးက”ဒီကလူနာတွေကိုမဲဆောက်ဆေးရုံကြီးပို့ရင် ကုန်ကျမဲ့စားရိတ် ထက်မြန်မာဘက်ကဆေးရုံကိုပို့ရင် သုံးပုံတပုံဘဲကုန်ကျမယ်ဖြစ်တယ် ဒီကအခြေအနေတွေကို ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုပြန်တင်ပြသွားမယ်”ဆွေးနွေးပွဲတွင်ပြောသည်။
အစိုးရဘက်ကလည်းလိုအပ်ချက်များကို ထောက်ပံ့ကူညီမှုများပေးသွားမည်ဟု တက်ရောက်လာသည့်ပြည်ထောင်စုဝန်ကြီးများကပြောကြားပြီး။မြန်မာဆရာဝန်အဖွဲ့က မယ်တော်ဆေးခန်း အတွက် ထိုင်းဘတ်ငွေ ၁ သိန်းလှူဒါန်းခဲ့သည်။ ယနေ့ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ဦခင်ရီ၊ဦးစိုးသိန်းနှင့်ကရင်ပြည်နယ်ဝန် ကြီးချုပ်ဦးဇော်မင်းတို့တက်ရောက်ခဲ့ကြပြီး ညနေပိုင်းတွင်မဲဆောက်မှတဆင့် မော်တော်ယာဉ်များဖြင့်မြ၀တီ သို့ပြန်လည်ထွက်ခွာသွားကြသည်။

သတင်း၊ ဓါတ်ပုံ - ရဲရင့်မောင်
Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis