menu

Monday 6 August 2012

မိလ္လာကန်အတွင်း လူတစ်ဦးသေဆုံးနေမှု တောင်တွင်းကြီးမြို့နယ်၌ ဖြစ်ပွား


  မကွေးတိုင်းဒေသကြီးတောင် တွင်းကြီးမြို့နယ် တောင်ပြင်(၁) ရပ်ကွက်တွင် မိလ္လာကန်အတွင်း  လူတစ်ဦးသေဆုံးနေကြောင်းသ တင်းရရှိသည်။
ဖြစ်စဉ်မှာ ၅.၈.၂၀၁၂ရက်   နေ့ နေ့လည် ၁နာရီ ၁၅နာရီအချိန်  ခန့်က တောင်တွင်းကြီးမြို့မ ရဲစခန်း    ၌စခန်းမှူးရဲအုပ်လှငွေသည် ရဲ စခန်းတာဝန်ထမ်းဆောင်နေစဉ်  တောင်တွင်းကြီးဆေးရုံသို့ မိလ္လာ ကန်အတွင်းဆင်းရာမှ လူတစ်ဦး  သေဆုံး၍ ရောက်ရှိနေကြောင်း သတင်းအရသက်သေများဖြင့် သွားရောက်စစ်ဆေးရာသေဆုံး သူမှာ တောင်တွင်းကြီးမြို့ရွှေအိုး  (၁)ရပ်ကွက်နေ(ဘ)ဦးသာငွေ၏  သားဦးစံငြိမ်း ၄၉နှစ်ဖြစ်ကြောင်း  သိရပြီး ၎င်း၏နှာခေါင်းနှင့်ပါးစပ် ၀ဲဘက်ဒေါင့်မှ သွေးအနည်းငယ်  ထွက်ကာ အသားများဖြူလျော် နေကြောင်း အိမ်ပိုင်ရှင် ဦးဝင်းကို  ၅၇နှစ် (ဘ)ဦးစိန်မြင့်(အထပြ)  ဆရာတောင်ပြင်(၁)ရပ်ကွက်နေသူ မှ ခေါင်းမူး၍မောပန်းနေသည်ကို တွေ့ရကြောင်းအခင်းဖြစ်အရပ်သို့  သွားရောက်စစ်ဆေးရာ
ဘော်ဒါ  ဆောင်မှအိမ်သာ ၂လုံးတွဲနောက်ရှိ   မိလ္လာကန်မှအနက် ၈ပေ အလျား  ၈ပေ၆လက်မ အနံ ၃ပေ၁၀လက် မရှိပြီး ကျင်းအတွင်းဆင်းသည့် အပေါက်မှာ ၁ပေ၃လက်မ ပတ် လည်ရှိကြောင်း ၄.၈.၂၀၁၂ရက်  နေ့ ညအချိန် ၎င်းကန်အား မြို့ နယ်စည်ပင်မှ မိလ္လာစုပ်ကားဖြင့်  စုပ်ယူထားကြောင်း ၅.၈.၂၀၁၂  ရက်နေ့ နံနက်၁၁နာရီ ၃၀မိနစ်  အချိန်ခန့် ၎င်းကန်ရှိအဖတ်ကန် နှင့်အရည်ကန်ခြားထားသည့် နံရံ အား ဦးစံငြိမ်းမှအပေါက်ဖောက်  ရာ ထိုနေ့ နေ့လည် ၁၂နာရီအချိန်   ခန့် ၎င်းအားမတွေ့ရသဖြင့် ဦးဝင်းကိုနှင့်တစ်ရပ်ကွက်တည်းနေ  ဦးမောင်ညွှန့်တို့မှ ကန်အတွင်း  တုတ်နှင့်စမ်း၍ ရှာဖွေရာ ဦးစံငြိမ်း  အားအရည်ကန်ဘတ်၌ နစ်မြှုပ်  နေသည်ကိုတွေ့ရကြောင်း ဦးဝင်း ကိုမှ အရည်ကန်တွင်ဆင်း၍ ဆယ်ယူရာဦးစံငြိမ်းမှာ သေဆုံးနေ  သည်ကိုတွေ့ရှိရသဖြင့် ဦးမောင် ညွှန့်၏ပြောပြချက်အရသိရှိရသည်  ဆို၏။အဆိုပါ ဦစံငြိမ်းသေဆုံးခြင်း   နှင့် ပတ်သက်၍ ဓမ္မာတာအတိုင်း   သေဆုံးခြင်းဟုတ်မဟုတ်စုံစမ်း  စစ်ဆေးနိုင်ရန် တောင်တွင်းကြီး  မြို့မရဲစခန်းမှသေမှုသေခင်းအမှတ် စဉ် ၅/၂၀၁၂ရေးဖွင့်ဆောင်ရွက် ထားပြီး စခန်းမှူး ရဲအုပ်လှငွေမှ စုံစမ်းစစ်ဆေးနေကြောင်းသတင်း ရရှိသည်။

ဟင်္သာ(တောင်တွင်းကြီး)
Hot News Journal   

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis