menu

Thursday 11 October 2012

ကမ္ဘာတစ်ဝှမ်းမှ ကားပေါင်း ၇ သန်းကျော် ပြန်ခေါ် ပြုပြင်ပေးမည့် Toyota

Photo: ကမ္ဘာတစ်ဝှမ်းမှ ကားပေါင်း ၇ သန်းကျော် ပြန်ခေါ် ပြုပြင်ပေးမည့် Toyota

Written by မီးမောင်
Wednesday, 10 October 2012 12:08
  
Toyota ကားကုမ္ပဏီသည် ကားမော်ဒယ် ၁၂ မျိုးတွင် မှန်တင် မှန်ချ ခလုတ်များပြဿနာရှိကြောင်း တွေ့ရှိရပြီးနောက် ၁၉၉၆ ခုနှစ် မှစ၍ အကြီးကျယ်ဆုံး ကားများပြန်ခေါ် ပြုပြင်ပေးရမှု ဖြစ်စဉ်အဖြစ် ကမ္ဘာအဝှမ်းမှ ကားစီးရေ ၇.၄ သန်းကို ပြန်ခေါ်ပြုပြင်ပေးမည် ဖြစ်ကြောင်း သိရသည်။
  
အဆိုပါ ဂျပန်ကားကုမ္ပဏီ၏ အဆိုအရ ယခုတွေ့ရှိရသည့် ပြဿနာကြောင့် မတော်တဆမှုနှင့်ထိခိုက်ဒဏ်ရာ ရရှိမှုများ မရှိသေးသော်လည်း ကားမှန် အတင်အချ ခလုတ်များအနေဖြင့်မညီမညာ ဖြစ်နေခြင်း သို့မဟုတ် ထစ်နေခြင်းကို ခံစားရနိုင်ပြီး မကြာခဏလည်းခလုတ်ကပ်နိုင်ကြောင်း သိရသည်။ Toyota ၏ အဆိုအရ စမ်းသပ်မှုပေါင်း များစွာ
ပြုလုပ်ပြီးချိန်တွင် မီးလောင်နိုင်မည့် အန္တရာယ် မတွေ့ရကြောင်းလည်း သိရသည်။
  
ယခုဖြစ်စဉ်သည် ၁၉၉၆ ခုနှစ်တွင် အင်ဂျင်မီးလောင်နိုင်ချေ ရှိသဖြင့် Ford မှ
 1 / 3ကမ္ဘာတစ်ဝှမ်းမှ ကားပေါင်း ၇ သန်းကျော် ပြန်ခေါ် ပြုပြင်ပေးမည့် 
ကားအစီးရေ ၈ သန်းကို ပြန်ခေါ်၍ စက်နှိုး ခလုတ်များ လဲလှယ် တပ်ဆင်ပေးခဲ့ရမှုပြီးလျှင်အကြီးကျယ်ဆုံး မော်တော်ကား ပြန်ခေါ် ပြုပြင်ပေးရမှု ဖြစ်သည်။
  
မော်တော်ကားလောကတွင် ပြန်ခေါ် ပြုပြင်ပေးရမှုသည် ရှားပါးဖြစ်စဉ် မဟုတ်သော်လည်းယခုတစ်ကြိမ် ပြန်ခေါ်ရသည့် စီးရေ ပမာဏသည် ရှားပါးဖြစ်စဉ် ဖြစ်ကြောင်း၊ Toyotaအနေဖြင့် ၂၀၀၉-၂၀၁၀ ခုနှစ်အတွင်းကလည်း ကားများ ပြန်ခေါ် ပြုပြင်ပေးမှုကို
ကိုင်တွယ်ဖြေရှင်းပုံအား အများပြည်သူ၏ အပြင်းအထန် ဝေဖန်ပြောဆိုမှု ခံခဲ့ရပြီးအမေရိကန်နိုင်ငံ ပို့ဆောင်ရေး ဌာနမှ ဒေါ်လာ ၁၆.၄ သန်း ဒဏ်ရိုက်ခြင်းကိုလည်းခံခဲ့ရကြောင်း၊ ယခုတစ်ကြိမ်တွင် Toyota အနေဖြင့် အထူး ကြပ်မတ် ဆောင်ရွက်ရဖွယ်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ ဥပဒေ အကျိုးဆောင်အဖွဲ့ Eversheds မှ ထုတ်ကုန်များတာဝန်ခံမှုဆိုင်ရာ ဌာန ဌာနမှူး Richards Matthews က ပြောကြားခဲ့သည်။
  
Toyota အနေဖြင့် ၂၀၀၉ နှင့် ၂၀၁၁ ခုနှစ်များတွင်လည်း ပြဿနာ အမျိုးမျိုးကြောင့်ကားစီးရေ ၁၀ သန်းကျော်ကို ပြန်ခေါ် ပြုပြင်ပေးခဲ့ ရသည်။ ယခုအကြိမ်တွင် Toyota သည်ဥရောပမှ စီးရေ ၁.၃၉ သန်း၊ အမေရိကန်မှ ၂.၄၇ သန်း၊ တရုတ်မှ ၁.၄ သန်းနှင့်ဂျပန်နိုင်ငံမှ စီးရေ ၄၅၉၀၀၀ နှင့် သြစတြေးလျနှင့် အာရှမှ စီးရေ ၆ သိန်းခွဲနှင့်အရှေ့အလယ်ပိုင်း ဒေသမှ စီးရေ ၄၉၀၀၀၀ ကို ပြန်ခေါ် ပြုပြင် ပေးရမည် ဖြစ်သည်။
  
ပြန်ခေါ် ပြုပြင်ပေးမည့် ကားအမျိုးအစားများမှာ ၂၀၀၅ ခုနှစ်နှင့် ၂၀၁၀
ပြည့်နှစ်အကြား ထုတ်လုပ်ထားခဲ့သည့် Yaris၊Vios၊ Corolla၊ Matrix၊ Auris၊ Camry၊ RAV4၊Highlander၊ Tundra၊ Sequoia၊ xB နှင့် xD မော်ဒယ်များ ဖြစ်ကြသည်။Toyota ၏အဆိုအရ မှန်တင်မှန်ချ ခလုတ် ပြုပြင်ရန် အချိန် ၁ နာရီခန့်သာ ကြာမြင့်မည်ဖြစ်ပြီး ကားပိုင်ရှင်များအနေဖြင့် လာမည့် သီတင်း ၆ ပတ်အတွင်း နီးစပ်ရာ Toyotaအရောင်းစင်တာများသို့ ကားများကို ယူဆောင်လာကြရမည် ဖြစ်သည်။ အရောင်းစင်တာကကားများ၏ မှန်တင်မှန်ချ ခလုတ်များကို စစ်ဆေးပြီး ကောင်းစွာ အလုပ်လုပ်သေးလျှင်
အထူးပြုလုပ် ထားသည့် ချောဆီတစ်မျိုးကို ထည့်ပေးမည် ဖြစ်ပြီး အလုပ် မလုပ်တော့ပါကခလုတ်အသစ်ဖြင့် လဲလှယ် ပေးမည် ဖြစ်သည်။
  
---
Ref: Guardian
News from :Shwelone.com (ရွှေလုံး)
Post By : Aye Chan Mon
Toyota ကားကုမ္ပဏီသည် ကားမော်ဒယ် ၁၂ မျိုးတွင် မှန်တင် မှန်ချ ခလုတ်များပြဿနာရှိကြောင်း တွေ့ရှိရပြီးနောက် ၁၉၉၆ ခုနှစ် မှ
စ၍ အကြီးကျယ်ဆုံး ကားများပြန်ခေါ် ပြုပြင်ပေးရမှု ဖြစ်စဉ်အဖြစ် ကမ္ဘာအဝှမ်းမှ ကားစီးရေ ၇.၄ သန်းကို ပြန်ခေါ်ပြုပြင်ပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂျပန်ကားကုမ္ပဏီ၏ အဆိုအရ ယခုတွေ့ရှိရသည့် ပြဿနာကြောင့် မတော်တဆမှုနှင့်ထိခိုက်ဒဏ်ရာ ရရှိမှုများ မရှိသေးသော်လည်း ကားမှန် အတင်အချ ခလုတ်များအနေဖြင့်မညီမညာ ဖြစ်နေခြင်း သို့မဟုတ် ထစ်နေခြင်းကို ခံစားရနိုင်ပြီး မကြာခဏလည်းခလုတ်ကပ်နိုင်ကြောင်း သိရသည်။ Toyota ၏ အဆိုအရ စမ်းသပ်မှုပေါင်း များစွာ
ပြုလုပ်ပြီးချိန်တွင် မီးလောင်နိုင်မည့် အန္တရာယ် မတွေ့ရကြောင်းလည်း သိရသည်။

ယခုဖြစ်စဉ်သည် ၁၉၉၆ ခုနှစ်တွင် အင်ဂျင်မီးလောင်နိုင်ချေ ရှိသဖြင့် Ford မှ
1 / 3ကမ္ဘာတစ်ဝှမ်းမှ ကားပေါင်း ၇ သန်းကျော် ပြန်ခေါ် ပြုပြင်ပေးမည့်
ကားအစီးရေ ၈ သန်းကို ပြန်ခေါ်၍ စက်နှိုး ခလုတ်များ လဲလှယ် တပ်ဆင်ပေးခဲ့ရမှုပြီးလျှင်အကြီးကျယ်ဆုံး မော်တော်ကား ပြန်ခေါ် ပြုပြင်ပေးရမှု ဖြစ်သည်။

မော်တော်ကားလောကတွင် ပြန်ခေါ် ပြုပြင်ပေးရမှုသည် ရှားပါးဖြစ်စဉ် မဟုတ်သော်လည်းယခုတစ်ကြိမ် ပြန်ခေါ်ရသည့် စီးရေ ပမာဏသည် ရှားပါးဖြစ်စဉ် ဖြစ်ကြောင်း၊ Toyotaအနေဖြင့် ၂၀၀၉-၂၀၁၀ ခုနှစ်အတွင်းကလည်း ကားများ ပြန်ခေါ် ပြုပြင်ပေးမှုကို
ကိုင်တွယ်ဖြေရှင်းပုံအား အများပြည်သူ၏ အပြင်းအထန် ဝေဖန်ပြောဆိုမှု ခံခဲ့ရပြီးအမေရိကန်နိုင်ငံ ပို့ဆောင်ရေး ဌာနမှ ဒေါ်လာ ၁၆.၄ သန်း ဒဏ်ရိုက်ခြင်းကိုလည်းခံခဲ့ရကြောင်း၊ ယခုတစ်ကြိမ်တွင် Toyota အနေဖြင့် အထူး ကြပ်မတ် ဆောင်ရွက်ရဖွယ်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ ဥပဒေ အကျိုးဆောင်အဖွဲ့ Eversheds မှ ထုတ်ကုန်များတာဝန်ခံမှုဆိုင်ရာ ဌာန ဌာနမှူး Richards Matthews က ပြောကြားခဲ့သည်။

Toyota အနေဖြင့် ၂၀၀၉ နှင့် ၂၀၁၁ ခုနှစ်များတွင်လည်း ပြဿနာ အမျိုးမျိုးကြောင့်ကားစီးရေ ၁၀ သန်းကျော်ကို ပြန်ခေါ် ပြုပြင်ပေးခဲ့ ရသည်။ ယခုအကြိမ်တွင် Toyota သည်ဥရောပမှ စီးရေ ၁.၃၉ သန်း၊ အမေရိကန်မှ ၂.၄၇ သန်း၊ တရုတ်မှ ၁.၄ သန်းနှင့်ဂျပန်နိုင်ငံမှ စီးရေ ၄၅၉၀၀၀ နှင့် သြစတြေးလျနှင့် အာရှမှ စီးရေ ၆ သိန်းခွဲနှင့်အရှေ့အလယ်ပိုင်း ဒေသမှ စီးရေ ၄၉၀၀၀၀ ကို ပြန်ခေါ် ပြုပြင် ပေးရမည် ဖြစ်သည်။

ပြန်ခေါ် ပြုပြင်ပေးမည့် ကားအမျိုးအစားများမှာ ၂၀၀၅ ခုနှစ်နှင့် ၂၀၁၀
ပြည့်နှစ်အကြား ထုတ်လုပ်ထားခဲ့သည့် Yaris၊Vios၊ Corolla၊ Matrix၊ Auris၊ Camry၊ RAV4၊Highlander၊ Tundra၊ Sequoia၊ xB နှင့် xD မော်ဒယ်များ ဖြစ်ကြသည်။Toyota ၏အဆိုအရ မှန်တင်မှန်ချ ခလုတ် ပြုပြင်ရန် အချိန် ၁ နာရီခန့်သာ ကြာမြင့်မည်ဖြစ်ပြီး ကားပိုင်ရှင်များအနေဖြင့် လာမည့် သီတင်း ၆ ပတ်အတွင်း နီးစပ်ရာ Toyotaအရောင်းစင်တာများသို့ ကားများကို ယူဆောင်လာကြရမည် ဖြစ်သည်။ အရောင်းစင်တာကကားများ၏ မှန်တင်မှန်ချ ခလုတ်များကို စစ်ဆေးပြီး ကောင်းစွာ အလုပ်လုပ်သေးလျှင်
အထူးပြုလုပ် ထားသည့် ချောဆီတစ်မျိုးကို ထည့်ပေးမည် ဖြစ်ပြီး အလုပ် မလုပ်တော့ပါကခလုတ်အသစ်ဖြင့် လဲလှယ် ပေးမည် ဖြစ်သည်။

Ref: Guardian
Shwelone.com (ရွှေလုံး)


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis