menu

Thursday 11 October 2012

ပြည်သူ့ဒီမိုကရေစီပါတီနှင့် ကချင်ပြည်နယ် အစိုးရ ပဋိပက္ခသတင်းစာ ရှင်းလင်း

Photo: ပြည်သူ့ဒီမိုကရေစီပါတီနှင့် ကချင်ပြည်နယ် အစိုးရ ပဋိပက္ခသတင်းစာ ရှင်းလင်း

ရန်ကုန် အောက်တိုဘာ ( ၁၁ )

ပြည်သူ့ဒီမိုကရေစီပါတီမှ တာဝန်ရှိသူများကို ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တရားစွဲဆိုထားကြောင်းသိရသည်။အောက်တိုဘာလ ( ၁၀ )ရက်နေ့စွဲဖြင့် မြစ်ကြီးနားမြို့နယ် နှင့်တနိုင်းမြို့တရာရုံးတွင် ပုဒ်မ ၅၀၀ ၊ ၅၀၅ တို့ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်ဟု ပါတီ ဥက္ကဌ ဒေါက်တာ သန်းထိုက်ဦးကပြောသည်။
...
ပြည်သူ့ဒီမိုကရေစီပါတီမှ ထုတ်ဝေသော လုပ်သားစာစောင် တွင်ဖော်ပြပါရှိသည့် ကချင်ပြည်နယ်အတွင်းရှိမော်တော်ယာဉ်လိုင်းများစီမံ ခန့်ခွဲခြင်း တနိုင်း -မြစ်ကြီးနားပြေးဆွဲလျက်ရှိသော စက်လှေများတိုးချဲ့ခြင်း၊ အစိုးရ၀န်ထမ်းဟောင်းများအား မြေနေရာချပေးမှုတွင် ပိုင်ရှင်ပြောင်းရာ၌ ဂရံလျှောက်ထားမှုတွင်အခွန်တိမ်းရှောင်အောင် ဆောင်ရွက်ခြင်းစသည့်သတင်းများကို ပါတီအာဘော်စာဆောင်တွင်ဖော်ပြခဲ့သောကြောင့် ဟုပါတီဥက္ကဌက ပြောသည်။

ပါတီစာစောင်တွင်ဖော်ပြသည့်အကြောင်းအရာများကို ပြည်ထောင်စုေ ရွးကောက်ပွဲကော်မရှင် နိုင်ငံတော်သမ္မတရုံး၊လွှတ်တော်ရေးရာကော်မတီအဆင့်ဆင့် နှင့်ပြည်နယ်အစိုးရကိုလည်းအကြောင်းကြားထားပြီး ဖြစ်သည်ဟု ၄င်းကပြောသည်။

“သူတို့ က မဖြေရှင်းပေးပဲနဲ့ အခုလို တရားစွဲတာဟာ အာဏာရှင်ဆန်နေ ပါတယ်”ဟု၎င်းကပြောသည်။ပြည်သူ့ဒီမိုကရေစီပါတီသည် မန္တလေးမြို့အခြေစိုက် ပါတီတစ်ခုဖြစ်ပြီး မြစ်ကြီးနားမြို့ တွင်လည်း ပါတီရုံးခွဲများ ရှိသည်ဟုသိရသည်။အထက်ပါအကြောင်းအရာနှင့် ပတ်သတ်၍ သတင်းစာရှင်းလင်းခြင်းကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင် တွင် အောက်တိုဘာလ ၁၁ ရက်နေ့က ပြောသည်။

--------------------------------------------------------------------------
မူရင်းသတင်း--Popular Myanmar News Journal
အေးချမ်းမွန်မှစေတနာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
ရန်ကုန် အောက်တိုဘာ ( ၁၁ )

ပြည်သူ့ဒီမိုကရေစီပါတီမှ တာဝန်ရှိသူများကို ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တရားစွဲဆိုထားကြောင်းသိရသည်။အောက်တိုဘာလ ( ၁၀ )ရက်နေ့စွဲဖြင့် မြစ်ကြီးနာြး
မို့နယ် နှင့်တနိုင်းမြို့တရာရုံးတွင် ပုဒ်မ ၅၀၀ ၊ ၅၀၅ တို့ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်ဟု ပါတီ ဥက္ကဌ ဒေါက်တာ သန်းထိုက်ဦးကပြောသည်။
...
ပြည်သူ့ဒီမိုကရေစီပါတီမှ ထုတ်ဝေသော လုပ်သားစာစောင် တွင်ဖော်ပြပါရှိသည့် ကချင်ပြည်နယ်အတွင်းရှိမော်တော်ယာဉ်လိုင်းများစီမံ ခန့်ခွဲခြင်း တနိုင်း -မြစ်ကြီးနားပြေးဆွဲလျက်ရှိသော စက်လှေများတိုးချဲ့ခြင်း၊ အစိုးရ၀န်ထမ်းဟောင်းများအား မြေနေရာချပေးမှုတွင် ပိုင်ရှင်ပြောင်းရာ၌ ဂရံလျှောက်ထားမှုတွင်အခွန်တိမ်းရှောင်အောင် ဆောင်ရွက်ခြင်းစသည့်သတင်းများကို ပါတီအာဘော်စာဆောင်တွင်ဖော်ပြခဲ့သောကြောင့် ဟုပါတီဥက္ကဌက ပြောသည်။

ပါတီစာစောင်တွင်ဖော်ပြသည့်အကြောင်းအရာများကို ပြည်ထောင်စုေ ရွးကောက်ပွဲကော်မရှင် နိုင်ငံတော်သမ္မတရုံး၊လွှတ်တော်ရေးရာကော်မတီအဆင့်ဆင့် နှင့်ပြည်နယ်အစိုးရကိုလည်းအကြောင်းကြားထားပြီး ဖြစ်သည်ဟု ၄င်းကပြောသည်။

“သူတို့ က မဖြေရှင်းပေးပဲနဲ့ အခုလို တရားစွဲတာဟာ အာဏာရှင်ဆန်နေ ပါတယ်”ဟု၎င်းကပြောသည်။ပြည်သူ့ဒီမိုကရေစီပါတီသည် မန္တလေးမြို့အခြေစိုက် ပါတီတစ်ခုဖြစ်ပြီး မြစ်ကြီးနားမြို့ တွင်လည်း ပါတီရုံးခွဲများ ရှိသည်ဟုသိရသည်။အထက်ပါအကြောင်းအရာနှင့် ပတ်သတ်၍ သတင်းစာရှင်းလင်းခြင်းကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင် တွင် အောက်တိုဘာလ ၁၁ ရက်နေ့က ပြောသည်။

Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis