menu

Thursday 11 October 2012

ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ဦးဆောင်သည့် သတင်းစာရှင်းလင်းပွဲ မြ၀တီတွင် ပြုလုပ်မည်

Photo: ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ဦးဆောင်သည့် သတင်းစာရှင်းလင်းပွဲ မြ၀တီတွင် ပြုလုပ်မည်

ကြာသပတေးနေ့၊ အောက်တိုဘာလ 11 ရက် 2012 ခုနှစ်  

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဗဟိုဌာနချုပ်၏ ဆုံးဖြတ်ချက်ဖြင့် တာဝန်မှ ရပ်စဲခံထားရသည့် ထိပ်ပိုင်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ KNU ဆက်ဆံရေးရုံး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။

တာဝန်မှ ရပ်စဲခံထားရသည့် ခေါင်းဆောင်များအပါအ၀င် ကေအဲန်ယူ ခရိုင်နှင့် တပ်မဟာခေါင်းဆောင် အချို့က အဖွဲ့အတွင်း ညီညွှတ်ရေး ပြန်လည်ရရှိရန် ရည်ရွယ်၍ ထိုင်း-မြန်မာနယ်စပ်တွင် ယမန်နေ့က တွေ့ဆုံဆွေးနွေးကြပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ကေအဲန်ယူ ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက “အဓိက ဒီသတင်းစာရှင်းလင်းပွဲမှာ ဖူးမူတူးစေးဖိုး (ကေ အဲန်ယူ စစ်ဦးစီးချုပ်)က လက်ရှိ ကေအဲန်ယူအတွင်း သဘောထားကွဲလွဲတယ်လို့ သတင်းထွက်တာနဲ့ ပတ်သက်ပြီး အခြေအနေ ဆိုးဆိုးဝါးဝါးမဖြစ်အောင် ညီညွှတ်မှုကို ဆက်ထိန်းထားဖို့ ရှင်းပြသွားမှာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကေအဲန်ယူအတွင်း ခေါင်းဆောင်များအချင်းချင်းကြား အစည်းအဝေးများ ဆက်လက် ကျင်းပပြီး တဆင့်ပြီး တဆင့် ဆွေးနွေးညှိနှိုင်းကာ ညီညွှတ်မှုကို ရှေးရှု၍ မကြာမီ ပြုလုပ်ကျင်းပတော့မည့် ကေအဲန်ယူ၏ ၁၅ ကြိမ်မြောက် ညီလာခံကြီးသို့ အားလုံး တက်ရောက်သွားရန် ရှိသည်ဟု သူက ဆက်ပြောသည်။

ယခု ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲကို တာဝန်မှ ရပ်စဲခံရသူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -ကေအဲန်အယ်လ်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒို စောရောဂျာခင်တို့ တက်ရောက်မည်ဖြစ်သော်လည်း ဗဟိုတရားရေးဌာနတာဝန်ခံ ပဒိုစောဒေးဗစ်ထော တက်ရောက် နိုင်ခြင်း ရှိမရှိကိုမူ မသိရသေးပါ။

သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် ကေအဲန်ယူ အရံ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင် တို့က တာဝန်ယူ ဖြေကြားမည်ဟု သိရပြီး ထိုင်း-မြန်မာနယ်စပ်အခြေစိုက် သတင်းထောက်များ၊ မြန်မာပြည် တွင်းရှိ သတင်းထောက်များ အပါအ၀င် တက်ရောက်သတင်း ယူသူအားလုံးကို လက်ခံကြိုဆိုသည်ဟု ပဒိုစောအောင်မော်အေးက ပြောသည်။

စက်တင်ဘာလ ၂၇ ရက်နေ့က ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးဦးစီးကာ ကေအဲန်ယူ ခရိုင်၊ တပ်မဟာ ခေါင်းဆောင်အချို့ ပါဝင်သည့် ၃၁ ဦးပါအဖွဲ့သည် ကရင်ပြည်နယ်၊ ဖားအံမြို့သို့ KNLA ဆက်ဆံရေးဖွင့်ရန် ထွက်ခွာသွားသည့် ခရီးစဉ် နှင့် ပတ်သက်၍ KNU ဗဟိုဌာနချုပ်မှ တစုံတရာ မသိရှိကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့နောက် KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၁ ဦးအနက် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ပဒိုစောရော ဂျာခင်နှင့် ပဒို စောဒေးဗစ်ထော ၃ ဦးတို့ကို စက်တင်ဘာလ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ပြုလုပ်ခဲ့သော ကေအဲန်ယူ ဗဟိုအလုပ်အမှု ဆောင် အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ တာဝန်မှ ရပ်စဲခြင်း ခံခဲ့ရသည်။

ဓာတ်ပုံ-ကေအိုင်စီ (မြ၀တီမြို့ရှိ KNU ဆက်ဆံရေးရုံး)

News from :  - ကေအိုင်စီ
Post By : Aye Chan Mon
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဗဟိုဌာနချုပ်၏ ဆုံးဖြတ်ချက်ဖြင့် တာဝန်မှ ရပ်စဲခံထားရသည့် ထိပ်ပိုင်း ခေါင်းဆောင်
ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ KNU ဆက်ဆံရေးရုံး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။

တာဝန်မှ ရပ်စဲခံထားရသည့် ခေါင်းဆောင်များအပါအ၀င် ကေအဲန်ယူ ခရိုင်နှင့် တပ်မဟာခေါင်းဆောင် အချို့က အဖွဲ့အတွင်း ညီညွှတ်ရေး ပြန်လည်ရရှိရန် ရည်ရွယ်၍ ထိုင်း-မြန်မာနယ်စပ်တွင် ယမန်နေ့က တွေ့ဆုံဆွေးနွေးကြပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ကေအဲန်ယူ ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက “အဓိက ဒီသတင်းစာရှင်းလင်းပွဲမှာ ဖူးမူတူးစေးဖိုး (ကေ အဲန်ယူ စစ်ဦးစီးချုပ်)က လက်ရှိ ကေအဲန်ယူအတွင်း သဘောထားကွဲလွဲတယ်လို့ သတင်းထွက်တာနဲ့ ပတ်သက်ပြီး အခြေအနေ ဆိုးဆိုးဝါးဝါးမဖြစ်အောင် ညီညွှတ်မှုကို ဆက်ထိန်းထားဖို့ ရှင်းပြသွားမှာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကေအဲန်ယူအတွင်း ခေါင်းဆောင်များအချင်းချင်းကြား အစည်းအဝေးများ ဆက်လက် ကျင်းပပြီး တဆင့်ပြီး တဆင့် ဆွေးနွေးညှိနှိုင်းကာ ညီညွှတ်မှုကို ရှေးရှု၍ မကြာမီ ပြုလုပ်ကျင်းပတော့မည့် ကေအဲန်ယူ၏ ၁၅ ကြိမ်မြောက် ညီလာခံကြီးသို့ အားလုံး တက်ရောက်သွားရန် ရှိသည်ဟု သူက ဆက်ပြောသည်။

ယခု ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲကို တာဝန်မှ ရပ်စဲခံရသူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -ကေအဲန်အယ်လ်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒို စောရောဂျာခင်တို့ တက်ရောက်မည်ဖြစ်သော်လည်း ဗဟိုတရားရေးဌာနတာဝန်ခံ ပဒိုစောဒေးဗစ်ထော တက်ရောက် နိုင်ခြင်း ရှိမရှိကိုမူ မသိရသေးပါ။

သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် ကေအဲန်ယူ အရံ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင် တို့က တာဝန်ယူ ဖြေကြားမည်ဟု သိရပြီး ထိုင်း-မြန်မာနယ်စပ်အခြေစိုက် သတင်းထောက်များ၊ မြန်မာပြည် တွင်းရှိ သတင်းထောက်များ အပါအ၀င် တက်ရောက်သတင်း ယူသူအားလုံးကို လက်ခံကြိုဆိုသည်ဟု ပဒိုစောအောင်မော်အေးက ပြောသည်။

စက်တင်ဘာလ ၂၇ ရက်နေ့က ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးဦးစီးကာ ကေအဲန်ယူ ခရိုင်၊ တပ်မဟာ ခေါင်းဆောင်အချို့ ပါဝင်သည့် ၃၁ ဦးပါအဖွဲ့သည် ကရင်ပြည်နယ်၊ ဖားအံမြို့သို့ KNLA ဆက်ဆံရေးဖွင့်ရန် ထွက်ခွာသွားသည့် ခရီးစဉ် နှင့် ပတ်သက်၍ KNU ဗဟိုဌာနချုပ်မှ တစုံတရာ မသိရှိကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့နောက် KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၁ ဦးအနက် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ပဒိုစောရော ဂျာခင်နှင့် ပဒို စောဒေးဗစ်ထော ၃ ဦးတို့ကို စက်တင်ဘာလ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ပြုလုပ်ခဲ့သော ကေအဲန်ယူ ဗဟိုအလုပ်အမှု ဆောင် အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ တာဝန်မှ ရပ်စဲခြင်း ခံခဲ့ရသည်။

KIC News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis