menu

Thursday 11 October 2012

ဖားကန့်ဒုက္ခသည်စခန်းများ ပိတ်သိမ်းကြပြီ

Photo: ဖားကန့်ဒုက္ခသည်စခန်းများ ပိတ်သိမ်းကြပြီ

ဖားကန့်မြို့နယ်အတွင်းရှိဒုက္ခသည်စခန်းများအားလုံးကို အောက်တိုဘာလ
(၁၀)ရက်နေ့မှ စတင်ပိတ်လိုက်ပြီ ဖြစ်ကြောင်း ဖားကန့်မြို့နယ်လူမှုကူညီရေး
...အသင်းများက သိရှိရသည်။ 

ဖားကန့်မြို့နယ်ရှိ ဒုက္ခသည်စခန်းများတွင်ရှိသောစစ်ဘေးရှောင်ဒုက္ခသည်
များအားလုံးကို ပြန်လွှတ်လိုက်ပြီ ဖြစ်ကြောင်း၊ အ၀င်လုံးဝ လက်မခံတော့
ကြောင်းနှင့် ဖားကန့်နှစ်ခြင်းအသင်းတော်တွင်သာ ဒုက္ခသည်များ ကျန်ရှိ
တော့ခြင်းဖြစ်သည်။ 

ဖားကန့်မြို့နယ်တွင် နယ်မြေပြန်လည်တည်ငြိမ်လာမှုနှင့်အတူ တောင်သူ
လယ်သမားများအတွက် လုပ်ကိုင် စားသောက်စရာများ ပြန်လည်ရှိလာ
သောကြောင့် ဒုက္ခသည်စခန်းများ ပိတ်သိမ်းရခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ဆန်းကြွယ်ကယ်ဆယ်ရေးဘုန်းကြီကျောင်းမှ ဒုက္ခသည်(၅)ရာကျော်အား
အောက်တိုဘာ(၈)ရက်နေ့တွင် ၄င်းတို့၏နေရပ်များ သို့ ပြန်လည်ခွင့်ပြုခဲ့ပြီး၊ မြို့ဦးစေတီကယ်ဆယ်ရေးကျောင်းမှ ဒုက္ခသည်(၇)ရာကျော်အား
အောက်တိုဘာ(၁၀)ရက်နေ့တွင် အပြီးပြန်လွှတ်ခဲ့ကြောင်း NLD ပါတီမှ ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်နေသူတို့က ဆိုသည်။ 

“နယ်မြေကလည်း ပြန်ငြိမ်သွားပြီ၊ သူတို့ကိုခေါ်ထားတာလည်း တစ်လကျော်
သွားပြီ၊၊ နေ့လည်ပိုင်းအပြင်မှာ အလုပ်ထွက်လုပ် ၊ ညနေကြတော့စခန်းပြန်
လာပြီး ထမင်းလာစားဆိုမဟုတ်သေးဘူးလေ၊ နောက်လုပ်ကိုင် စားစရာတွေ
လည်း ရှိလာပြီလေ ဒါကြောင့်မို့ သူတို့ကို ပြန်လွှတ်တာပါ” ဟုဖားကန့်မြို့နယ် 
NLD ပါတီ ညီလာခံကျင်းပရေးကော်မရှင်ဥက္ကဌ ကိုမြင့်အောင်က ပြောသည်။

ထိုကဲ့သို့ ပြန်လွှတ်ရာတွင် ဒုက္ခသည်များအား ငွေကျပ်(၅)ထောင်နှင့်ဆန်
(၂)ပြည်စီထည့် ပေးလိုက်ပြီိး နယ်ဝေး ဒုက္ခသည်များကို ဒုက္ခသည်စခန်း
များ၌ မထားပဲ ဖားကန့်မြို့နယ်ရှိ လူမနေသော အိမ်များတွင် ယာယီထား
ရှိ ကြောင်းသိရသည်။ 

“ဒုက္ခသည်တွေကို အကုန်ပြန်လွတ်တာပါ၊ အနီးအနားကသူတွေတော့ ပိုက်ဆံငါးထောင်နဲ့ ဆန်နှစ်ပြည်စီ ထည့်ပေးလိုက်ပါတယ်၊ နယ်ဝေးတွေ
ကတော့ လူမနေတဲ့ အိမ်တွေမှာခဏထားတယ်’’ဟု ဖားကန့်NLDပါတီက ဦးဟန်မြင့်ကပြောသည်။ 

ဖားကန့်မြို့နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည် လူဦးရေ(၄)သောင်းကျော်
ရှိသော်လည်း ဒုက္ခသည်စခန်းသို့ လာရောက်သောလူဦးရေမှာ(၁)သောင်း
ကျော်သာရောက်ရှိသည်ဟု သိရှိရသည်။ 

ဒုက္ခသည်စခန်းများကို အများဆုံးလာရောက် ကူညီပေးသောလူမှုရေး
အသင်းများမှာ ပါရမီလူမှုကူညီရေးအသင်း၊ ဂရုဏာလူမှုကူညီရေး
အသင်း၊ မေတ္တာရှင်လူမှုကူညီရေးအသင်းနှင့်တာမခံ၊ဟောင်းပါး၊ ဆယ်ဇင်းရွာများက အဓိက လာရောက်ကူညီပေးကြောင်း ဒေသခံတို့က ဆိုသည်။ 

ယခုလက်ရှိ၌ ဖားကန့်မြို့နယ်တွင် ဒုက္ခသည်စခန်း(၃၀)ကျော်ရှိပြီး၊ လူဦးရေ (၁)သောင်းကျော် ရှိသည်။

--------------------------------------------------------------------------
မူရင်းသတင်း-Myit Makha Mediagroup
အေးချမ်းမွန်မှစေတနာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

Myit Makha Mediagroup

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis