menu

Thursday 11 October 2012

နိုင်ငံကျော် ရုပ်ရှင်လောကမှ . အလွဲများ

Commando

နိုင်ငံကျော်မင်းသား Arnold  ရဲ့ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဖြစ်တဲ့ Commando ရုပ်ရှင်ကားမှာ အဓိက ဇတ်ဝင်ခန်း တစ်ခု ဖြစ်တဲ့ အ၀ါရောင် Porsche ကားကို Arnold လိုက်လံ တိုက်ခိုက်ချိန်တွင် ကားဟာ လုံးဝ ပျက်စီးနေပြီ ဖြစ်ပြီး ထိုသို့ တိုက်ခိုက်နေချိန်မှာပဲ ပြန်ကောင်းသွားတဲ့ အမှားကို သတိမထားမိခဲ့ကြပါဘူး။

Terminator 3: Rise of the Machines

Terminator 3 ရုပ်ရှင်ဟာအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး လူမသိ့တဲ့ အမှားတွေလဲ ပါဝင်ခဲ့ပါတယ်။ John နှင့် Catherine တို့ ရန်သူ စက်ရုပ်လက်ကနေပြီး လေယဉ်နှင့် ထွက်ပြေးခန်းတွင် လေယဉ်ပေါ် မတက်ခင်မှာ လေယာဉ်နံပါတ်ဟာ N3035C ဖြစ်ပြီး မောင်းနှင်နေတဲ့ အခါမှာ N3873F ကို ပြောင်းသွားတာကို ရုပ်ရှင်ကြည့် ပရိသတ်တွေ ဂရုမစိုက်မိခဲ့ကြဘူး။




Pirates of the Caribbean: The Curse of the Black Pearl


ကမ္ဘာလူအကြိုက်ဆုံး ရုပ်ရှင်ဖြစ်တဲ့ Pirates of the Caribbean: The Curse of the Black Pearl မှာ Captain Jack ရဲ့နောက်  ကောင်းဘွိုင်တစ်ယောက် ရောက်နေပြီးသဘောင်္တစ်စီလုံးမှာ ပင်လယ်ဓါးပြတွေပဲပါပါတယ်။

The Twilight Saga: Eclipse

အလွန်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး ဝေဖန်မှုတွေလဲ ခံခဲ့ရတဲ့ The Twilight Saga: Eclipse မှာ မင်းသားဖြစ်တဲ့ Edward ဟာနေထဲကို ထွက်နေချိန်တွင် မျက်နှာမှာ အစက်တွေ ဖြစ်ပေါ်နေပြီး နောက် မင်းသမီး Bella နှင့် တွေ့သော အခန်းတွင် နေထဲကိုထွက်နေသော်လည်း အစက်တွေမရှိတော့တာကို ဂရုမိခဲ့ကြပါဘူး။

X-Men 2

X-Men 2 ရုပ်ရှင်တွင် ဇာတ်လမ်းအဆုံးတွင် President ကိုသွားတွေ့ချိန်တွင် president ၏စားပွဲပေါ်မှာ ပထမပြချိန်တွင် စာရွက်တွေဟာ မည်သည့်အဖုံးမှ မပါဝင်သော်လည်း နောက်တစ်ကွက်တွင်တော့ အပြာရောင်အဖုံးနှင့် အံ့အားသင့်ဖွယ် ဖုံးအုပ်ပြီးသားဖြစ်နေတာကို တွေ့ရပါတယ်။  

အားလုံးပဲ အဆင်ပြေကြပါစေ .. လေးစားစွာဖြင့် သူရ ..
 http://www.tramyanmar.net/2012/10/blog-post.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis