menu

Thursday 11 October 2012

နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကစာသင်ကျောင်းများ မိခင်စာပေနှင့် ဘာသာစကားကို စိန်ခေါ်နေပြီလား

Photo: နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကစာသင်ကျောင်းများ မိခင်စာပေနှင့် ဘာသာစကားကို စိန်ခေါ်နေပြီလား??????

လက်ရှိမြန်မာ့ပညာရေးလောကတွင်စာပေသင်ကြားမှုစနစ်ကို နိုင်ငံတကာ
အဆင့်မီမှုမမီမှုတိုင်းတာနေသောပေတံများ အမျိုးမျိုးရှိနေသော်လည်း
မြန်မာ့ယဉ်ကျေးမှုနှင့်အဆင်ပြေမှုရှိမရှိ တိုင်းတာမှုမျိုးမှာ မတွေ့ရသေးသည်
မှာ ၀မ်းနည်းဖွယ်ရာဖြစ်ကြောင်း လေ့လာသူများကထောက်ပြလိုက်သည်။ လက်ရှိအစိုးရလက်ထက်တွင် ပညာရေးစနစ်ကို နိုင်ငံတကာအဆင့်မီစေရန် တိုက်တွန်းအားပေးမှုများရှိနေပြီး ပုဂ္ဂလိကစာသင်ကျောင်းများဖွံ့ဖြိုးစေရန် ကူညီအားပေးမှုများလည်း အစိုးရပိုင်းကလုပ်ဆောင်နေသည်။ ငွေကြေး
တတ်နိုင်သည့် မိဘအသိုင်းအ၀ိုင်းများကလည်း မိမိတို့ ကလေးများကို
နိုင်ငံတကာအဆင့်မီသည်ဟုဆိုသော နိုင်ငံခြားဘာသာဦးစားပေးသင်သည့် ကျောင်းများတွင် တက်ရောက်စေကြသည်မှာလည်း ခေတ်စားနေသော ကြွားစရာပြယုဂ်တစ်ခုဖြစ်နေပါတယ်။သို့သော် ထိုကျောင်းများကပင် မိခင်စာပေ၊ ဘာသာစကားကို ထိခိုက်အောင်စိန်ခေါ်မှုများရှိနေသည်
ကိုလည်းမငြင်းနိုင်ပေ။ နိုင်ငံတကာသင်ရိုးနှင့်အညီသင်ကြားနေသည်
ဆိုသော သံရုံးကျောင်းတစ်ကျောင်းမှ ကျောင်းသားမိဘတစ်ဦးက " ကျွန်မကလေးကို ဒီကျောင်းမှာထားရတာ တော်တော်အဆင်ပြေတယ်၊ ဒီကျောင်းက သင်ကြားမှုစနစ်လည်းကောင်းတယ်။ အင်္ဂလိပ်စာကို အသားပေးသင်တော့ ကလေးက အင်္ဂလိပ်စကားတော်တော်ကျွမ်းကျင်
လာတယ်။ တစ်ခြား ဘာသာရပ်တွေမှာလည်း မဆိုးဘူး။ ကျွန်မတော့ ကလေးအတွက် တော်တော်စိတ်ချရပြီ။ ဒီကျောင်းကပြီးလို့ ကလေးကြီး
လာရင် နိုင်ငံခြားကကျောင်းမှာထားဖို့ကျတော့လည်း အဆင်ပြေတယ်လေ " ဟုပြောကြားသွားသလို သာမန်အစိုးရကျောင်းတွင် ပညာသင်ကြားနေသည့်
ကျောင်းသာ မိဘတစ်ဦးကမူ " ကျွန်မတို့က ငွေကြေးအရမ်းကြီး
မတတ်နိုင်တော့ ရိုးရိုးကျောင်းမှာပဲထားရတာပေါ့။ ဒါတော် ကျူရှင်စရိတ်က နည်းတာမဟုတ်ဘူး။ ဒါပေမယ့် ကလေးရဲ့ ကြိုးစားအားထုတ်မှုကိုလိုက်ပြီး တတ်နိုင်သမျှဖြည့်ဆည်းပေးသွားမယ်လို့တော့ စိတ်ပိုင်းဖြတ်ထားတယ်။ ပုဂ္ဂလိကကျောင်းမှာထားဖို့ကျတော့ ကျမတို့က တတ်နိုင်သူတွေမဟုတ်
ဘူးလေ။ တော်ကြာ ဖြုန်းနိုင်သုံးနိုင်တဲ့ကလေးတွေနဲ့ ပေါင်းပြီး ကျမ
ကလေးပျက်စီးသွားမှာလဲကြောက်တယ်" ဟုပြောကြားသွားပါတယ်။ အဆိုပါနိုင်ငံခြားဘာသာဦးစားပေးသင်သောကျောင်းများနှင့်ပတ်သက်ပြီး
လေ့လာသူ ကိုမျိုးညီညီက "ကျွန်တော် တစ်နေ့က အလှူတစ်ခုမှာ မိဘတွေ
ပြောနေတဲ့စကားတစ်ခုကြားလိုက်ရတယ်။ ပြောနေတဲ့သူက သူ့ကလေးကို Private ကျောင်းတစ်ခုမှာထားတဲ့အကြောင်း၊ အဲဒီကျောင်းကတော်တော်
ကောင်းကြောင်း ကလေးတွေကိုလည်း စနစ်တကျသင်တဲ့အကြောင်း။ အဲဒီအထိကြားရတာအဆင်ပြေသေးတယ်။ နောက်သူက ဘာပြောလဲဆိုရင် ကလေးက အင်္ဂလိပ်စာကို တော်တော်ကျွမ်းကျင်နေပြီတဲ့ဘယ်လောက်
ကောင်းလဲဆိုရင် မြန်မာစာကိုတောင် အင်္ဂလိပ်စာလောက်ကောင်းကောင်း
မဖတ်နိုင်ဘူးတဲ့။ သူပြောနေတာတော့်တော့်ကို ၀မ်းပန်းတသာနဲ့ကိုပြော
နေတာ။ ဒီဟာလေးကိုကြည့်ပြီးပြောလို့ရတာတစ်ခုကတော့ မိဘတွေအနေနဲ့ ပညာရေးအားပေးတာ လမ်းကြောင်းလွဲလာပြီလို့ပြောလို့ရတယ်။ ကိုယ့်ရဲ့ မိခင်ဘာသာကို မကျွမ်းကျင်ဘဲနဲ့ တခြားဘာသာကျွမ်းကျင်တာကို မိဘတွေအနေနဲ့ ဂုဏ်ယူနေကြပြီလားလို့ ကျွန်တော်မေးချင်တယ်။ ဒါဟာ ကိုယ့်ရဲ့ မိခင်ဘာသာစကား ပျောက်သွားတော့မယ့် ရှေ့ပြေးနမိတ်ပုံပဲ။ ဒီလိုအပြောအဆိုမျိုး ရပ်ကွက်ထဲမှာ အပြောများလာပြီ။ ကိုယ့်ရဲ့ကလေး မိခင်ဘာသာစကားထက် နိုင်ငံခြားဘာသာစကားကို ပိုကျွမ်းကျင်တယ်ဆိုတဲ့ ကြွားစရာမဟုတ်တဲ့ အကြွားမျိုးတွေ ခေတ်စားလာတယ်။ ဘယ်နိုင်ငံမှာမဆို မိမိတို့ရဲ့ မိခင်ဘာသာစကားကို ပထမဦးစားပေးစာပေအနေနဲ့ သင်ကြား
ရတာပါ။ မြန်မာဖြစ်ပြီး မြန်မာစာ၊စကားမကျွမ်းကျင်ရင် ကိုယ့်ယဉ်ကျေးမှုကို ဘယ်လိုထိန်းသိမ်းမလဲ။ မိဘတွေစဉ်းစားဥာဏ်ရှိရင် စဉ်းစားကြဖို့ကောင်း
တယ်။ အခုဥပမာအနေနဲ့ပြရင် ကိုရီးယားတို့ တရုတ်တို့ ဂျပန်တို့ပေါ့။ သူတို့ရဲ့မိခင်ဘာသာစကားကို နိုင်င်္ငတကာက အသိအမှတ်ပြုအောင် လက်ခံ
သုံးစွဲလာအောင် ကြိုးစားနေတာ။ ကျွန်တော်တို့နိုင်ငံက မိခင်စာပေ၊ ဘာသာ
စကားမရှိတဲ့နိုင်ငံမဟုတ်ပါဘူး။ ခိုင်မာတဲ့ ယဉ်ကျေးမှုနဲ့အတူ ရှေးရိုးစဉ်ဆက် စာပေ၊ဘာသာစကားထွန်းကားတဲ့နိုင်ငံပါ။ ကျွန်တော်က ခေတ်လူငယ်ပါ။
နိုင်ငံခြားဘာသာရဲ့အသုံးဝင်ပုံကို အများကြီးသိတယ်။ ဒါပေမယ့် သုံးသင့်တဲ့
နေရာမှာ သင့်တော်သလိုသုံးတာပဲကောင်းတယ်။ 

ဥပမာဒေါ်အောင်ဆန်းစုကြည်လိုပေါ့။ အရမ်းလေးစားဖို့ကောင်းတယ်။ အင်္ဂလိပ်စကားကို အထေ့အငေါ့မရှိ လိုတိုရှင်းပြောနိုင်တယ်။ အင်္ဂလိပ်လို
မေးမြန်းသမျှကိုလည်း အဆိုင်းအတွမရှိ ကျွမ်းကျင်လိမ်မာစွာပြောနိုင်တယ်။ ဒါပေမယ့် အမေစုက ဘယ်တော့မှ ကိုယ့်မြန်မာလူမျိုးအချင်ချင်းစကားပြော
ရာမှာ အင်္ဂလိပ်လိုပြောတာ အားမပေးဘူး။ အထူးသဖြင့် နိုင်ငံရပ်ခြားမှာ
ရောက်နေတဲ့ မြန်မာလူမျိုးတွေနဲ့ တွေ့တဲ့အခါ မြန်မာလိုကြိုးစားပြောခိုင်းတာ
အားလုံးအသိပါ။ အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း ဒါတွေကို ကြပ်ကြပ်မတ်မတ် စောင့်ကြည့်သင့်ပါတယ်။ 

တစ်ချို့ကျောင်းတွေဆို မြန်မာစာကို ပြီးပြီးရောသင်တယ်။ ၄တန်းလောက်
ထိပဲ မြန်မာစာသင်တယ်၊ အဲဒီကျောင်းကလေးကို မြန်မာဆေးအညွှန်းကို ဖတ်ခိုင်းတာ မဖတ်တတ်တော့ဘူး။ မြန်မာစာ ပါဍ်ဆင့်တွေကိုမဖတ်တတ်
တော့ဘူး။ ဘုရားစာဖတ်ခိုင်းလိုက်တာ ဂုဏ်တော်ကိုးပါးကိုတောင်ဖတ်ခိုင်းလို
့မရတော့ဘူး။ ဒီလိုမဖတ်တတ်တာကိုပဲ မိဘတွေက ဂုဏ်ယူနေမယ်ဆိုရင် တစ်ချိန်ချိန်မှာ မြန်မာလိုမ၀တ်စားတတ်တာကို ဂုဏ်ယူနေမယ့် မိဘတွေ
ပေါ်ထွက်များပြားလာတော့မယ်ဆိုတာ မြေကြီးလက်ခက်မလွဲဘူး"လို့ ဝေဖန်
ပြောဆိုသွားပါတယ်။

News from : People Development For Knowledge
Post By : Aye Chan Mon
လက်ရှိမြန်မာ့ပညာရေးလောကတွင်စာပေသင်ကြားမှုစနစ်ကို နိုင်ငံတကာ
အဆင့်မီမှုမမီမှုတိုင်းတာနေသောပေတံများ အမျိုးမျိုးရှိနေသော်လည်း
မြန်မာ့ယဉ်ကျေးမှုနှင့်အဆင်ြေ
ပမှုရှိမရှိ တိုင်းတာမှုမျိုးမှာ မတွေ့ရသေးသည်

People Development For Knowledge

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis