menu

Thursday 11 October 2012

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ၀န်ကြီးတစ်ဦးကိုစွပ်စွဲပြစ်တင်အဆို ရက်ရွှေ့ဆိုင်း

Photo: ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ၀န်ကြီးတစ်ဦးကိုစွပ်စွဲပြစ်တင်အဆို ရက်ရွှေ့ဆိုင်း  

THURSDAY, 11 OCTOBER 2012 03:05

ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် ၀န်ကြီးတစ်ဦးအား တိုင်းဒေသကြီးလွှတ်တော်မှ စွပ်စွဲပြစ်တင်သွားရန် လွှတ်တော်ကျင်းပသည့် တတိယနေ့အစည်းအဝေးတွင် အစီအစဉ်တွင်ပါဝင်သော်လည်း တိုင်းဒေသကြီးဝန်ကြီးချုပ် အစည်းအဝေးတက်ရောက်နိုင်ခြင်းမရှိ၍ အစီအစဉ်အား ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။         “             အောက်တိုဘာ ၁၀ ရက်နေ့က ကျင်းပသည့် ယင်းအစည်းအဝေးတွင် အစီအစဉ်စုစုပေါင်း ၂၄ ရပ်ပါရှိပြီး ၀န် ကြီးချုပ်နှင့် ၀န်ကြီးတစ်ဦးအား စွပ်စွဲပြစ်တင်မည့်အစီအစဉ်သည် အစီအစဉ်နံပါတ် ၂၁နှင့် ၂၂ ဖြစ်သည်။ယင်းနေ့နံနက်ပိုင်းက ၀န်ကြီးချုပ်သည် ဧည့်သည်နှင့်တွေ့ဆုံရန်ရှိ၍ လွှတ်တော်သို့ နေ့တစ်ဝက်ခွင့် တိုင်ကြားခဲ့သော်လည်း၊ ညနေပိုင်းတွင်လည်း တက်ရောက်နိုင်ခြင်းမရှိခဲ့၍ ယခုကဲ့သို့ ရက်ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။
တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးအား အောက်တိုဘာ ၈ ရက်နေ့က စတင်ကျင်းပကာ သုံးရက်တာကျင်းပပြီးနောက် အစည်းအဝေးအား ခေတ္တ ရပ်နား၍ အောက်တိုဘာ ၁၉ ရက်နေ့တွင် ပြန်လည်ကျင်းပသွားမည်ဟု လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခဲ့သော်လည်း မည်သည့်ရက်တွင် ယင်းအဆိုအား ပြန်လည်ထည့်သွင်းမည်ကို ပြောကြားခြင်းမရှိကြောင်းသိရသည်။ 

News from : Eleven Media Group
Photo from : Google
Post By : Aye Chan Mon
ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် ၀န်ကြီးတစ်ဦးအား တိုင်းဒေသကြီးလွှတ်တော်မှ စွပ်စွဲပြစ်တင်သွားရန် လွှတ်တော်ကျင်းပသည့်
တတိယနေ့အစည်းအဝေးတွင် အစီအစဉ်တွင်ပါဝင်သော်လည်း တိုင်းဒေသကြီးဝန်ကြီးချုပ် အစည်းအဝေးတက်ရောက်နိုင်ခြင်းမရှိ၍ အစီအစဉ်အား ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။ “ အောက်တိုဘာ ၁၀ ရက်နေ့က ကျင်းပသည့် ယင်းအစည်းအဝေးတွင် အစီအစဉ်စုစုပေါင်း ၂၄ ရပ်ပါရှိပြီး ၀န် ကြီးချုပ်နှင့် ၀န်ကြီးတစ်ဦးအား စွပ်စွဲပြစ်တင်မည့်အစီအစဉ်သည် အစီအစဉ်နံပါတ် ၂၁နှင့် ၂၂ ဖြစ်သည်။ယင်းနေ့နံနက်ပိုင်းက ၀န်ကြီးချုပ်သည် ဧည့်သည်နှင့်တွေ့ဆုံရန်ရှိ၍ လွှတ်တော်သို့ နေ့တစ်ဝက်ခွင့် တိုင်ကြားခဲ့သော်လည်း၊ ညနေပိုင်းတွင်လည်း တက်ရောက်နိုင်ခြင်းမရှိခဲ့၍ ယခုကဲ့သို့ ရက်ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။
တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးအား အောက်တိုဘာ ၈ ရက်နေ့က စတင်ကျင်းပကာ သုံးရက်တာကျင်းပပြီးနောက် အစည်းအဝေးအား ခေတ္တ ရပ်နား၍ အောက်တိုဘာ ၁၉ ရက်နေ့တွင် ပြန်လည်ကျင်းပသွားမည်ဟု လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခဲ့သော်လည်း မည်သည့်ရက်တွင် ယင်းအဆိုအား ပြန်လည်ထည့်သွင်းမည်ကို ပြောကြားခြင်းမရှိကြောင်းသိရသည်။

  Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis