menu

Thursday 11 October 2012

T-50 အမျိုးအစား ကိုယ်ပျောက် တိုက်လေယာဉ်များ ထုတ်လုပ်

Photo: T-50 အမျိုးအစား ကိုယ်ပျောက် တိုက်လေယာဉ်များ ထုတ်လုပ်

အိန္ဒိယ နိုင်ငံသည် ၂ဝ၂ဝ ပြည့်နှစ်မှ စတင်၍ ရုရှား နိုင်ငံလုပ် T-50 အမျိုးအစား ကိုယ်ပျောက် တိုက်လေယာဉ်များကို ထုတ်လုပ်သွား မည် ဖြစ်ကြောင်း ဒေလီမြို့သို့ အလည် အပတ် ရောက်ရှိနေသော ရုရှား ကာကွယ်ရေး ဝန်ကြီး Anatoly Serdyukov က အောက်တို ဘာလ ၁ဝ ရက်နေ့တွင်ပြောကြား ခဲ့ပါသည်။ ရုရှားနှင့် အိန္ဒိယ နှစ်နိုင်ငံ တပ်မတော်များ အနေဖြင့် နည်းပညာပိုင်း ဆိုင်ရာ အချက် အလက်များကို အတည်ပြု ထားပြီး ဖြစ်ကြောင်းနှင့် အဆိုပါ ကိုယ်ပျောက် လေယာဉ်များ ထုတ်လုပ်မှုကို ၂ဝ၂ဝ ပြည့်နှစ်တွင် စတင်သွား မည်ဖြစ် ကြောင်း ဒေလီမြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် အိန္ဒိယ-ရုရှား အစိုးရ အဆင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ ပါသည်။ T-50 ကိုယ်ပျောက် တိုက်လေယာဉ်သည် ဘက်စုံသုံး ဂျက် တိုက်လေယာဉ် အမျိုး အစားဖြစ်ပြီး ယခု လက်ရှိတွင် ရုရှား လေတပ်၌ စမ်းသပ် ပျံသန်းလျက် ရှိပါသည်။ အဆိုပါ တိုက်လေယာဉ် ထုတ်လုပ်သည့် ဆူခွိုင်း (Sukhoi) ကုမ္ပဏီက ပြောကြားရာတွင် T-50 အနေဖြင့် အမေရိကန်လုပ် Lockheed F-22 Raptor တိုက်လေယာဉ် ထက် စွမ်းဆောင်နိုင်မှု ပိုမို သာလွန်ကြောင်း ပြောကြား ခဲ့ ပါသည်။

--------------------------------------------------------------------------
မူရင်းသတင်း--မြ၀တီ
အေးချမ်းမွန်မှစေတနာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
အိန္ဒိယ နိုင်ငံသည် ၂ဝ၂ဝ ပြည့်နှစ်မှ စတင်၍ ရုရှား နိုင်ငံလုပ် T-50 အမျိုးအစား ကိုယ်ပျောက် တိုက်လေယာဉ်များကို ထုတ်လုပ်သွား မည် ဖြစ်ကြောင်း ဒေလီမြို့သို့ အလည် အပတ် ရောက်ရှိနေသော ရုရှား ကာကွယ
်ရေး ဝန်ကြီး Anatoly Serdyukov က အောက်တို ဘာလ ၁ဝ ရက်နေ့တွင်ပြောကြား ခဲ့ပါသည်။ ရုရှားနှင့် အိန္ဒိယ နှစ်နိုင်ငံ တပ်မတော်များ အနေဖြင့် နည်းပညာပိုင်း ဆိုင်ရာ အချက် အလက်များကို အတည်ပြု ထားပြီး ဖြစ်ကြောင်းနှင့် အဆိုပါ ကိုယ်ပျောက် လေယာဉ်များ ထုတ်လုပ်မှုကို ၂ဝ၂ဝ ပြည့်နှစ်တွင် စတင်သွား မည်ဖြစ် ကြောင်း ဒေလီမြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် အိန္ဒိယ-ရုရှား အစိုးရ အဆင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ ပါသည်။ T-50 ကိုယ်ပျောက် တိုက်လေယာဉ်သည် ဘက်စုံသုံး ဂျက် တိုက်လေယာဉ် အမျိုး အစားဖြစ်ပြီး ယခု လက်ရှိတွင် ရုရှား လေတပ်၌ စမ်းသပ် ပျံသန်းလျက် ရှိပါသည်။ အဆိုပါ တိုက်လေယာဉ် ထုတ်လုပ်သည့် ဆူခွိုင်း (Sukhoi) ကုမ္ပဏီက ပြောကြားရာတွင် T-50 အနေဖြင့် အမေရိကန်လုပ် Lockheed F-22 Raptor တိုက်လေယာဉ် ထက် စွမ်းဆောင်နိုင်မှု ပိုမို သာလွန်ကြောင်း ပြောကြား ခဲ့ ပါသည်။

-မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis