menu

Saturday 29 September 2012

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့ရှိ Asia Society မှ အသင်းဝင် များအား တွေ့ဆုံ

Photo: နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့ရှိ Asia Society မှ အသင်းဝင် များအား တွေ့ဆုံ

မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ် ရှင်သန် ဖွံ့ဖြိုးရေး၊ နိုင်ငံခြားရေး မူဝါဒနှင့် နိုင်ငံတကာ ဆက်ဆံရေး၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေ ရေးဆွဲမှု
ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်းများ၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်နေမှုနှင့် ရခိုင်ပြည်နယ် အရေးကိစ္စများ ရှင်းလင်းဆွေးနွေး

ဒီမိုကရေစီအသွင် ကူးပြောင်းရေး ဖြစ်စဉ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ လွတ်တော်တွေ ပေါ်ပေါက်လာရုံ၊ ရွေးကောက်ပွဲတွေ လုပ်ရုံနဲ့ အောင်မြင်မှု ရမှာမဟုတ် . . .
မြန်မာ့ လူ့အဖွဲ့အစည်း အတွင်းမှာ ကာလရှည်ကြာ ပျောက်ဆုံးနေတဲ့ Democratic Culture ဆိုတဲ့ ဒီမိုကရေစီ ယဉ်ကျေးမှု တစ်ရပ်ကို ပြန်လည် အသက်သွင်း ရမှာဖြစ် . . .
မြန်မာ့ လူ့အဖွဲ့အစည်း ရှင်သန်အားကောင်း လာစေဖို့ အကြံဉာဏ်၊ ဆွေးနွေး ညှိနှိုင်းမှု၊ စွမ်းဆောင်ရည် မြှင့်တင်မှုတွေနဲ့ Asia Society က ကူညီဆောင်ရွက် သွားမှာ ဖြစ်တဲ့အတွက် ကျေးဇူးတင် . . .
ဒီမိုကရေစီ ထွန်းကားတဲ့ လူ့အဖွဲ့အစည်း တစ်ခု တည်ဆောက်နိုင်ဖို့ အတွက် ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံဟာ အမေရိကန် ပြည်ထောင်စု ကဲ့သို့ မိတ်ဆွေကောင်းများ ကို လည်းလိုအပ် . . .
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ ၂၇ ရက် ဒေသ စံတော်ချိန် ညနေ ၅ နာရီ မိနစ် ၂ဝ က အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့ရှိ Asia Society အသင်းရုံး၌ အဆိုပါ အသင်းမှ အသင်းဝင် များအား တွေ့ဆုံ အမှာစကား ပြောကြားသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် Asia Society အသင်းဝင်များအား ရင်းနှီးခင်မင်စွာ နှုတ်ဆက်ပြီး အမှာ စကားပြောကြားသည်။
အဆိုပါ နိုင်ငံတော်သမ္မတပြောကြား သည့်အမှာစကားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
ရှေးဦးစွာ တက်ရောက် လာကြတဲ့ Asia Society မှ ပုဂ္ဂိုလ်များ အားလုံးကို ကျွန်တော့် အနေနဲ့ မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။
ပထမဆုံး အနေနဲ့ ကျွန်တော်တို့ အစိုးရ သစ်ရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ အကောင် အထည်ဖော် နေချိန် အစောပိုင်း ကာလ တွေမှာ မြန်မာ နိုင်ငံကို ကိုယ်တိုင် ကိုယ်ကျ လာရောက် လေ့လာ ပြီးတော့ မြန်မာ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ ပေါ်မှာ နိုင်ငံ တကာကို ထောက်ခံ ပြောဆို ပေးခဲ့ကြတဲ့ Asia Society က တာဝန်ရှိ သူတွေကို ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြား လိုပါတယ်။
ကျွန်တော်တို့ မြန်မာ နိုင်ငံမှာပဲ ဖြစ်စေ၊ အမေရိကန် ပြည်ထောင်စု မှာပဲဖြစ်စေ ဒီမိုကရေစီ အုပ်ချုပ်မှု ပုံစံအရ အစိုးရဟာ တစ်ရပ်ပြီး တစ်ရပ် ပြောင်းလဲနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပေါ်ပေါက် လာတဲ့ အစိုးရ အရပ်ရပ် အပေါ်မှာ မူတည်ပြီးတော့ အစိုးရ အချင်းချင်း ဆက်ဆံမှု ပုံစံတွေ ဟာလည်း ပြောင်းလဲ လာမှာ ဖြစ်ပါတယ်။ အစိုးရတွေ ဘယ်လိုပဲ ပြောင်းပြောင်း နှစ်နိုင်ငံ အတွင်းမှာ မှီတင်း နေထိုင်ကြတဲ့ ပြည်သူများ အချင်းချင်း ချစ် ကြည် ရင်းနှီး ဆက်ဆံမှု ကတော့ ခိုင်မြဲစွာ တည်တံ့ ကျန်ရစ်နေဖို့ အရေးကြီး ပါတယ်။ ဒီလို ရင်းနှီး ချစ်ကြည်တဲ့ ဆက်ဆံမှု တစ်ခုကို အမေရိကန် ပြည်သူများနဲ့ မြန်မာ ပြည်သူများ အကြားမှာ ပေါက်ဖွားစေဖို့ အတွက် နှစ်နိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ စရိုက်တွေ၊ စီးပွားရေး ဆောင်ရွက်ပုံတွေ အနုပညာ တွေကို အပြန်အလှန် သိရှိ နားလည်ကြဖို့ လိုအပ်ပါတယ်။ ဒီလို အာရှတိုက် နိုင်ငံများနဲ့ အမေရိကန် ပြည်ထောင်စု အကြား အပြန်အလှန် နားလည်မှု ရှိအောင် ဖော်ဆောင် ပေးနေတဲ့ Asia Society ရဲ့ အခန်း ကဏ္ဍကို အလွန်ပဲ အရေးကြီး တယ်လို့ ပြောကြား လိုပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီအသွင် ကူးပြောင်းရေး ဖြစ်စဉ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာရုံ၊ လွှတ်တော်တွေ ပေါ်ပေါက်လာရုံ၊ နောက်တစ်ခါ ရွေးကောက် ပွဲတွေ လုပ်ရုံနဲ့ အောင်မြင်မှု ရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် မြန်မာ့ လူ့အဖွဲ့ အစည်း အတွင်းမှာ ကာလ ရှည်ကြာ ပျောက်ဆုံး နေတဲ့ Democratic Culture လို့ဆိုတဲ့ ဒီမိုကရေစီ ယဉ်ကျေးမှု တစ်ရပ်ကို ပြန်လည် အသက် သွင်းရမှာ ဖြစ်ပါတယ်။
အခု အချိန်ဟာ ဒီမိုကရေစီ စံနှုန်းတွေကို မိမိတို့ရဲ့ နိုင်ငံသား အားလုံးရဲ့ ရင်မှာ ကိန်းဝပ် ရှင်သန် လာအောင် ပြန်လည် လှုပ်နှိုး နေရတဲ့ အရေးကြီးတဲ့ အချိန် ဖြစ်ပါတယ်။
မတူ ကွဲပြားမှု တွေကို လက်ခံ နားလည်ပြီး ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ လူ့အဖွဲ့ အစည်း တစ်ရပ် ပေါ်ပေါက် လာရန် ကြိုးပမ်း ဆောင်ရွက် နေချိန်လည်း ဖြစ်ပါတယ်။
ဒီကိစ္စတွေကို ဆောင်ရွက် အကောင် အထည်ဖော်တဲ့ နေရာမှာ အစိုးရ တစ်ရပ်တည်းရဲ့ အားနဲ့ ဆောင်ရွက် တာထက် အရပ်ဘက် လူ့အဖွဲ့ အစည်းများရဲ့ ကူညီ ဆောင်ရွက်မှု ကိုလည်း ရယူရမှာ ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ဒီလိုပဲ လက်ခံ ယုံကြည် ထားပါတယ်။ မြန်မာ့ လူ့အဖွဲ့ အစည်း ရှင်သန် အားကောင်း လာစေဖို့ အတွက် အကြံ ဥာဏ်တွေ၊ ဆွေးနွေး ညှိနှိုင်းမှုတွေ၊ စွမ်းဆောင်ရည် မြှင့်တင်မှု တွေနဲ့ Asia Society က ကူညီဆောင် ရွက် သွားမှာ ဖြစ်တဲ့ အတွက်ကြောင့် မို့လို့ ကျေးဇူးတင်ကြောင်း ပြောကြား လိုပါတယ်။
ဒီမိုကရေစီ ထွန်းကားတဲ့ လူ့အဖွဲ့ အစည်းတစ်ခု တည်ဆောက်နိုင်ဖို့ အတွက် ကြိုးပမ်းနေတဲ့ မြန်မာ နိုင်ငံဟာ အမေရိကန် ပြည်ထောင်စု ကဲ့သို့ မိတ်ဆွေကောင်းများ ကိုလည်း လိုအပ်ပါတယ်။ မြန်မာ ပြည်သူများနဲ့ အမေရိကန် ပြည်သူများ အကြား ရင်းနှီး ချစ်ကြည်မှု ပိုမို မြင့်မားလာ စေဖို့အတွက် Asia Society အနေနဲ့ စိတ်ကောင်း စေတနာအမှန်နဲ့ အကူအညီများ၊ အကြံဥာဏ်များ ဖြင့်လည်းပံ့ပိုးပေး သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

News from : မြ၀တီ
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ် ရှင်သန် ဖွံ့ဖြိုးရေး၊ နိုင်ငံခြားရေး မူဝါဒနှင့် နိုင်ငံတကာ ဆက်ဆံရေး၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှ
ံမှု ဥပဒေ ရေးဆွဲမှု

  မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis