menu

Saturday 29 September 2012

မိမိသည် ပြယုဂ်တစ်ခု မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

အမေရိကန်ပြည်ထောင်စုသို့ ၁၇ ရက်ကြာအလည်အပတ်ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ဆောင်ဒေါ်အောင်ဆန်းစုကြည်သည် နာမည်ကျော် ဟားဗတ်တက္ကသိုလ်ရှိ Kennedy School of Government ကျောင်းသို့သွားရောက်၍ တက္ကသိုလ်ကျောင်းသားများအားမိန့်ခွန်းပြောကြားရာတွင် မိမိသည် ပြယုဂ်တစ်ခုမဟုတ်ဟု ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတွင်ဖော်ပြထားသည်။

”ကျွန်မကို ပြယုဂ် အနေနဲ့ရည်ညွှန်းပြောဆိုတာကို ကျွန်မမနှစ်သက်ပါဘူး၊ဘာလို့လဲဆိ
ုတော့ ကျွန်မအမြင်အရ ပြယုဂ်ဆိုရင် ဘာမှမလုပ်ဘဲ ထိုင်ရုံပဲထိုင်နေမှာပေါ့” ဟု ၎င်း၏ဟောပြောပွဲကိုတက်ရောက်လာကြသော တက်ကြွများပြားသည့်ပရိသတ်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ခြင်းဖြစ်သည်။

”ကျွန်မကို အလုပ်လုပ်သူအဖြစ်သာမြင်စေချင်ပါ
တယ်၊အလုပ်ကြိုးစားမှုကို ကျွန်မအလွန်ယုံကြည်ပါတယ်၊ကျွန်မအကျယ်ချုပ်နဲ့အဖမ်းခံနေရတုန်းမှာတောင်မှ စည်းစနစ်ရှိတဲ့ဘဝအဖြစ်နဲ့နေထိုင်နိုင်ဖို့ ကြိုးကြိုးစားစားအလုပ်လုပ်ခဲ့ပါတယ်၊ကျွန်မကို အလုပ်ကြိုးစားလုပ်သူအဖြစ်ပဲမြင်စေချင်ပါတယ်”ဟု ၎င်းကပြောကြားသည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဒေ
ါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုသို့ ၁၇ ရက်ကြာအလည်အပတ်ခရီးသွားရောက်ရာ၌ အမေရိကန်သမ္မတအိုဘားမားနှင့်တွေ့ဆုံခဲ့သည်။

ထို့ပြင် သူမ၏ ဒီမိုကရေစီနှင့်လွတ်လပ်မှုမြှင့်
တင်ရေးအတွက် ကြိုးပမ်းမှုကိုအသိအမှတ်ပြုသည့်အနေဖြင့် အမေရိကန်ကွန်ဂရက်လွှတ်တော်က ချီးမြင့်သော Congressional Gold Medal ဆုကိုလည်း လက်ခံရယူခဲ့သည်။

အဆိုပါတက္ကသိုလ်၌ဟောပြောရာတွင် အရှေ့တောင်အာရှနိုင်ငံများသည် လွတ်လပ်သောလူ့အဖွဲ့အစည်းဖြစ်ရန်
ခရီးရှည်ကြီးကိုလျောက်လှမ်းရဦးမည်ဖြစ်သည်ဟုလည်း နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။

”လွတ်လပ်ပွင့်လင်းတဲ့လူ့အဖွဲ့အစ
ည်းမှာ တာဝန်ယူမှုရှိတဲ့နိုင်ငံသာတစ်ယောက်အစ်အမှန်ဖြစ်လာဖို့ဆိုရင်၊လွတ်လပ်တဲ့လူ့အဖွဲ့အစည်းမှာ လွတ်လပ်မှုရှိတဲ့နိုင်ငံသားတစ်ယောက်အဖြစ်ပြုမူနေထိုင်ဖို့လိုအပ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis