menu

Saturday 29 September 2012

Apple စီအီးအို Tim Cook မှ မြေပုံ app အတွက် တောင်းပန်စကားဆို

Photo: Apple စီအီးအို Tim Cook မှ မြေပုံ app အတွက် တောင်းပန်စကားဆို 

စက်တင်ဘာ ၂၈။ ။ Apple ကုမ္မဏီ၏ စီအီးအို Tim Cook သည် စက်တင်ဘာ ၁၉ ရက်မှ စတင် ဖြန့်ချိခဲ့သည့် Apple new Maps –application အတွက် တရားဝင် တောင်းပန်းစကား ပြောကြားခဲ့သည်။ 

“ဒီလိုဖြစ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ Apple က user များအတွက် အကောင်းဆုံး ဖန်တီးနေတာပါ။ သို့တည်တိုင် အားနည်းချက်ဆို တာမျိုးကတော့ ရှိနေခဲ့ပါတယ်။ Apple ရဲ့  မြေပုံ Maps app ဟာလည်း မပြီးပြည့်စုံခဲ့ပါ ဘူး။ ဆော့ဖ်ဝဲမှာ မှားယွင်းမှုတွေ ရှိနေပါတယ်။ ဒီဟာတွေကို လည်း ပြင်ဆင် ဖို့ ကြိုးစားနေပါတယ်။ ပြန်ပြီးတော့ Upgrade လုပ်ပေးပါ တယ်။ အခုလို user များရဲ့ ယုံကြည်မှုကို ပျက်ယွင်းစေတဲ့အတွက် အနူးညွတ် တောင်းပန် ပါတယ်။ ဒီအတွက် Apple မှအကောင်းဆုံး ပြန်လည်ဖန်တီးပေးပါ့မယ်” ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။ 

Apple သည် ပထမဆုံး iPhone ထုတ်သည့် ၂၀၀၇၊ ဇွန်လ ၂၉ ကတည်း ကပင် မြေပုံဝန်ဆောင်မှု (Mapping Service) ကို Google နှင့် ပူးပေါင်းလုပ် ကိုင်ခဲ့သည်။ Google Maps ၏အထောက်အပံ့ဖြစ်သာ ရပ်တည် လာခြင်း ဖြစ်ရာ Android နှင့် iOS ကြား တိုက်ပွဲများကြောင့် Apple ၏ ခံယူချက်ကို ပြောင်းလဲစေသည်။ ထို့ကြောင့် Google အပေါ်မှီခိုနေရသည့် Maps ကိုအသုံးမပြုတော့ပဲ ကိုယ်ပိုင် မြေပုံ ဝန်ဆောင်မှုပေးရန် ဆုံးဖြတ်ခဲ့ သည်။ 

ထို့ကြောင့် ဇွန်လ ၁၁က Apple ကမ္ဘာလုံးဆိုင်ရာ ဒီပလိုပါ ကွန်းဖရင့်တွင် Maps ၏ ဗားရှင်းအသစ်နှင့် ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ သို့သော် အမှန်တကယ်ထွက်ရှိချိန်တွင် မျော်လင့်ထားသလို မဟုတ်ပဲ အားနည်းချက်ပေါင်းများစွာ ပေါ်ပေါက်လာခဲ့သည်။ ဥပမာ- သြစတေးလျ၊ ဆစ်ဒနီမှ Apple စတိုးကို မှားယွင်းစွာ ဖော်ပြခြင်း၊ မြို့ တစ်ခုလုံး ကို ဆေးရုံတစ်ခုဖြင့် အမှတ်အသားပြုလုပ်ထားခြင်း၊ သူနာပြုကျောင်း ကို လေဆိပ်အဖြစ် ပြသခြင်း၊ မူရင်း ဓာတ်ဆီဆိုင်ကို ၇၅ မိုင်အကွာအထိ လွဲမှားစွာ ဖော်ပြခြင်း၊ သုံးဖက်မြင် ရုပ်လုံး ရုပ်ကြွစနစ်တွင် အပျက်ပျက် အယွင်းယွင်း ဖြစ်နေခြင်း , Street view, transit direction စသည်တို့တွင် အားနည်းချက်များ ရှိနေခြင်း အစရှိသဖြင့် အဆိုးဆုံးအခြေအနေအထိ အဝေ ဖန်ခံခဲ့ရသည်။ 

ကမ္ဘာ့နည်းပညာ အသိုင်းအဝိုင်းမှလည်း Apple ၏မြေပုံကို ဝေဖန်မှုပေါင်း များစွာပေးသည်။ ထို့ကြောင့် Apple မှ စီအီးအို Tim Cook သည် Apple ဝဘ်ဆိုဒ်တွင် တောင်းပန်စာ တင်လိုက်ပြီး iOS6 အသုံးပြုသူများကို Apple Map ပြန်လည် အဆင့်မြင့်တင်ပေးမည့်အချိန်ကာလအတွင်း အခြား third party map app နှင့် ဝဘ်ဆိုဒ်များအား ယာယီ အသုံးပြုရန် တိုက်တွန်းထားကြောင်း သိရသည်။
---
Ref:USA today
Aung Kham (TSJ team)
News from : TechSpace Journal
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
စက်တင်ဘာ ၂၈။ ။ Apple ကုမ္မဏီ၏ စီအီးအို Tim Cook သည် စက်တင်ဘာ ၁၉ ရက်မှ စတင် ဖြန့်ချိခဲ့သည့် Apple new Maps –application အတွက် တရားဝင် တောင်းပန်းစကား ပြောကြားခဲ့သည်။

“ဒီလိုဖြစ်ဖိ
ု့ မရည်ရွယ်ခဲ့ပါဘူး။ Apple က user များအတွက် အကောင်းဆုံး ဖန်တီးနေတာပါ။ သို့တည်တိုင် အားနည်းချက်ဆို တာမျိုးကတော့ ရှိနေခဲ့ပါတယ်။ Apple ရဲ့  မြေပုံ Maps app ဟာလည်း မပြီးပြည့်စုံခဲ့ပါ ဘူး။ ဆော့ဖ်ဝဲမှာ မှားယွင်းမှုတွေ ရှိနေပါတယ်။ ဒီဟာတွေကို လည်း ပြင်ဆင် ဖို့ ကြိုးစားနေပါတယ်။ ပြန်ပြီးတော့ Upgrade လုပ်ပေးပါ တယ်။ အခုလို user များရဲ့ ယုံကြည်မှုကို ပျက်ယွင်းစေတဲ့အတွက် အနူးညွတ် တောင်းပန် ပါတယ်။ ဒီအတွက် Apple မှအကောင်းဆုံး ပြန်လည်ဖန်တီးပေးပါ့မယ်” ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

Apple သည် ပထမဆုံး iPhone ထုတ်သည့် ၂၀၀၇၊ ဇွန်လ ၂၉ ကတည်း ကပင် မြေပုံဝန်ဆောင်မှု (Mapping Service) ကို Google နှင့် ပူးပေါင်းလုပ် ကိုင်ခဲ့သည်။ Google Maps ၏အထောက်အပံ့ဖြစ်သာ ရပ်တည် လာခြင်း ဖြစ်ရာ Android နှင့် iOS ကြား တိုက်ပွဲများကြောင့် Apple ၏ ခံယူချက်ကို ပြောင်းလဲစေသည်။ ထို့ကြောင့် Google အပေါ်မှီခိုနေရသည့် Maps ကိုအသုံးမပြုတော့ပဲ ကိုယ်ပိုင် မြေပုံ ဝန်ဆောင်မှုပေးရန် ဆုံးဖြတ်ခဲ့ သည်။

ထို့ကြောင့် ဇွန်လ ၁၁က Apple ကမ္ဘာလုံးဆိုင်ရာ ဒီပလိုပါ ကွန်းဖရင့်တွင် Maps ၏ ဗားရှင်းအသစ်နှင့် ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ သို့သော် အမှန်တကယ်ထွက်ရှိချိန်တွင် မျော်လင့်ထားသလို မဟုတ်ပဲ အားနည်းချက်ပေါင်းများစွာ ပေါ်ပေါက်လာခဲ့သည်။ ဥပမာ- သြစတေးလျ၊ ဆစ်ဒနီမှ Apple စတိုးကို မှားယွင်းစွာ ဖော်ပြခြင်း၊ မြို့ တစ်ခုလုံး ကို ဆေးရုံတစ်ခုဖြင့် အမှတ်အသားပြုလုပ်ထားခြင်း၊ သူနာပြုကျောင်း ကို လေဆိပ်အဖြစ် ပြသခြင်း၊ မူရင်း ဓာတ်ဆီဆိုင်ကို ၇၅ မိုင်အကွာအထိ လွဲမှားစွာ ဖော်ပြခြင်း၊ သုံးဖက်မြင် ရုပ်လုံး ရုပ်ကြွစနစ်တွင် အပျက်ပျက် အယွင်းယွင်း ဖြစ်နေခြင်း , Street view, transit direction စသည်တို့တွင် အားနည်းချက်များ ရှိနေခြင်း အစရှိသဖြင့် အဆိုးဆုံးအခြေအနေအထိ အဝေ ဖန်ခံခဲ့ရသည်။

ကမ္ဘာ့နည်းပညာ အသိုင်းအဝိုင်းမှလည်း Apple ၏မြေပုံကို ဝေဖန်မှုပေါင်း များစွာပေးသည်။ ထို့ကြောင့် Apple မှ စီအီးအို Tim Cook သည် Apple ဝဘ်ဆိုဒ်တွင် တောင်းပန်စာ တင်လိုက်ပြီး iOS6 အသုံးပြုသူများကို Apple Map ပြန်လည် အဆင့်မြင့်တင်ပေးမည့်အချိန်ကာလအတွင်း အခြား third party map app နှင့် ဝဘ်ဆိုဒ်များအား ယာယီ အသုံးပြုရန် တိုက်တွန်းထားကြောင်း သိရသည်။
---
Ref:USA today
Aung Kham (TSJ team)
TechSpace Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis